လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, July 4, 2013

ဆေးဘက်ဝင် နနွင်း၏ ရောဂါကာကွယ် နိုင်သောအစွမ်း

နနွင်းရဲ့အရောင်ကျ အာနိသင်ဟာ ကင်ဆာ၊ အယ်လ်ဇိုင်းမားနဲ့ တခြားရောဂါတွေ မဖြစ်အောင် ကာကွယ် ပေးနိုင်ကြောင်း သိရပါတယ်။
ဘယ်နေရာမှာ ရေပန်းစားတာလဲ
အိန္ဒိယနိုင်ငံမှာ အသုံးများ ပါတယ်။ ဟင်းချက်ပြုတ် ပြင်ဆင်ရာမှာ အဓိက သုံးတဲ့ နနွင်းမှုန့်ကို နှာရည်ယိုခြင်း ပြဿနာမှ ရင်ဘတ်အောင့် တဲ့ပြဿနာ အထိ အရာရာတိုင်းမှာ ရိုးရာအာရှ ဆေးတစ်လက်အဖြစ် သုံးလေ့ ရှိပါတယ်။
ဘာကြောင့်သုံးသင့်တာလဲ

လေ့လာမှု တွေအရ နနွင်းမှုန့်ထဲမှာ အဓိကပါဝင်တဲ့ Curcumin ဟာ ကိုလက်စထရော ပမာဏလျော့ကျ စေနိုင်ကြောင်း သိရပါတယ်။ တိရစ္ဆာန်တွေကို လေ့လာမှုအရ နနွင်းဟာအကျိတ်ဖြစ်ပေါ်ခြင်းကို တားဆီးပေးနိုင်ကြောင်း သိရပါတယ်။အခု လက်တလောလေ့လာမှု အရ နနွင်းမှုန့်ဟာ ကင်ဆာရောဂါ၊အယ်လ်ဇိုင်းမားရောဂါနဲ့တခြား ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ကြောင်းသိရပါတယ်။
ဘယ်လိုသုံးသင့်တာလဲ
ဒယ်အိုးထဲမှာ ဆီအနည်းငယ်ထည့် အပူပေးပြီး နနွင်းမှုန့်ထမင်း စားဇွန်း တစ်ဇွန်း၊ ဆားအနည်းငယ်နဲ့ ငရုတ်ကောင်းမှုန့် အနည်းငယ် ထည့်ကာ တစ်မိနစ်ခန့် မွှေပါ။ (ငရုတ်ကောင်းမှုန့်ဟာ နနွင်းမှုန့် ထဲက Curcumin ဂုဏ်သတ္တိကို ၂၀ဝ၀ ရာခိုင်နှုန်းနဲ့ အထက် မြင့်တက်စေ နိုင်ပါတယ်)မွှေပြီးမှ ဟင်းသီးဟင်းရွက်၊ အသားငါး ထည့်ကာ ကြော်စား ပေးပါ။
SHADE Journal

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..