လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, July 9, 2013

ပါးရွဲ့သွားလျှင်

Photo: ပါးရွဲ့သွားလျှင်

ပါးတစ်ခြမ်းရွဲ့တာဟာ လေဖြတ် တာကြောင့်ဖြစ်လေ့မရှိပါဘူး။ ပါးရွဲ့ ခြင်းနှင့်အတူ မျက်လုံးတစ်ဖက်မှိတ်မ ရခြင်း၊ ပါးဖောင်းကြည့်လျှင် နှစ်ဖက် စလုံးမဖောင်းနိုင်ဘဲ တစ်ဖက်၌ပိန်နေ ခြင်း၊ လေချွန်မရခြင်း၊ နဖူးကြောတွန့် ကြည့်လျှင် တစ်ဖက်၌တွန့်မရခြင်း၊ လျှာအရသာ အာရုံမကောင်းတော့ခြင်း စသည်တို့ပါ ယှဉ်တွဲဖြစ်တတ်ပါတယ်။ ဦးခေါင်းနဗ်ကြောမကြီး (၁၂)စုံရှိသည့် အနက် အမှတ် (၇) နဗ်ကြောမကြီး ( facial nerve) ချွတ်ယွင်းခြင်းကြောင့် ပါးတစ်ခြမ်းရွဲ့ရခြင်းဖြစ်ပါတယ်။ အကြောင်းရင်း မည်မည်ရရ မပြော နိုင်သေးပေမယ့် အအေးပတ်ခြင်း၊ ရေယုန် ( herpes simplex) ဗိုင်းရပ်စ်ကြောင့်ဖြစ်နိုင်ပါတယ်။

(၁) မျက်စဉ်းခတ်ပါ
မှိတ်မရသည့်မျက်လုံးဟာ လေ သလပ်ခြင်းကြောင့် ခြောက်သွေ့ပြီး နီရဲလာတတ်ပါတယ်။ မျက်လုံး အစို ဓါတ်ထိန်းနိုင်အောင် မျက်စဉ်း ခတ် ပေးပါ။ဆေးအဖြစ်သုံးရတဲ့ မျက်စဉ်း ဆေးမဟုတ်ဘဲ မျက်ကပ်မှန်သုံးသူ များအတွက် မျက်စဉ်းရည်ကို ဦးစား ပေးဝယ်ယူအသုံးပြုပါ။
(၂) ဗိုက်တာမင်ဖြည့်တင်းပါ
ဗိုက်တာမင် B1 ၊ B2 ၊ B6 ၊ B12 အစုံပါတဲ့ နဗ်ကြောအားဆေး များ ထိုးဆေးဖြစ်စေ၊ စားဆေးဖြစ်စေ မှီဝဲပါ။
(၃) နွားနို့ခေတ္တရှောင်ပါ
(၄) ပန်ကာဖွင့်ခြင်း၊ အဲကွန်းဖွင့်ခြင်း လေတိုက်သည့်ပတ်ဝန်းကျင်၌ နေထိုင် ခြင်းရှောင်ပါ။
(၅) မျက်နှာကြွက်သားများ လေ့ကျင့် ခန်းလုပ်ပါ
ပါးစပ်ဟပြီးရယ်ပါ။ မျက်ခုံးပင့် ပါ။ လေချွန်ပါ။ မျက်လုံးကိုအားနှင့် မှိတ်ပါ။
(၆) ရေနွေးကပ်ပါ
အပူချိန်သိပ်မပြင်းတဲ့ ရေနွေး အိတ်ကို အားနည်းတဲ့ဘက် (ပါးမရွဲ့ ဘဲကျန်ခဲ့တဲ့ဘက်) မှာ (၃) မိနစ်ကပ် (၃) မိနစ်နားပြီး ထပ်ကာထပ်ကာ ကပ်ပေးပါ။
(၇) ရေများများသောက်ပါ
(၈) ဆရာဝန်နှင့်တိုင်ပင်ပါ
ပါးရွဲ့တဲ့အခါ သောက်ရတတ် တဲ့ဆေးကတော့ Prednisolone ဆေး ဖြစ်ပါတယ်။ မိမိနှင့်လိုက်ဖက်တဲ့ ဆေးပမာဏကို ဆရာဝန်ကပဲ ချိန် ဆပေးနိုင်တဲ့အတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။

Health Updates Journal
Vol.2, No.26

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..