လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, July 9, 2013

သီရိလင်္ကာ နိုင်ငံမှ အမျိုးသား တစ်ဦး ငါးနှစ်ကြာ မစားမသောက်ဘဲ အသက်ရှင်ခဲ့

Photo: သီရိလင်္ကာ နိုင်ငံမှ အမျိုးသား တစ်ဦး ငါးနှစ်ကြာ မစားမသောက်ဘဲ အသက်ရှင်ခဲ့

သီရိလင်္ကာနိုင်ငံမှ ကာဘီဒီလာနီရလိုနီ ဟူသော အမျိုးသားတစ်ဦးသည် လွန်ခဲ့သည့် ငါးနှစ်အတွင်း မည်သည့် အစားအသောက်ကိုမျှ မစားဘဲ အသက်ရှုခြင်း ကျင့်စဉ်ကို လေ့ကျင့်၍ အသက်ရှင် နေထိုင်ခဲ့ကြောင်း ဗြိတိန်ထုတ် သတင်းစာ တစ်စောင်တွင် ဇွန်၂၈ ရက်က ဖော်ပြခဲ့သည်။ မိမိအနေဖြင့် ငါးနှစ်ကြာ အစားအသောက်မစားဘဲ နေထိုင် ခဲ့သော်လည်း လေနှင့် နေတို့မှ ရရှိသည့် ကယ်လိုရီများကို စုပ်ယူခြင်းဖြင့် ကျန်းမာစွာ နေထိုင်နိုင်ခဲ့ကြောင်း ရုပ်သံ အစီအစဉ်တစ်ခုတွင် ကာဘီက ပြောကြားခဲ့သည်။ ၁၉၄ဝ ပြည့်လွန်နှစ်နောက်ပိုင်းကအိန္ဒိယ လွတ်လပ်ရေးခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီသည် ၂၁ ရက်ကြာ အစာမစားဘဲ ရေသောက်၍ အသက်ရှင် နေထိုင်နိုင်ခဲ့ကြောင်း၊ အေဗစ်ဘလိန်း ဆိုသူသည် ၄၄ ရက်ကြာ အစာမစား ဘဲ ရေသောက်၍သာ အသက်ရှင် နေထိုင်နိုင်သည့် သာဓကများစွာ ရှိသည်။ ကယ်လိုရီသည် လေ၊ အလင်းရောင်၊ တုံ့ပြန်ခံစားမှုနှင့် ဖိုတွန်များမှရရှိကြောင်း၊ စွမ်းအင်နေရာကို ဖွင့်မထားပါက မည်သို့မှ ခံစားရမည် မဟုတ်ကြောင်း၊ သို့သော် လွန်ခဲ့သည့် ၁ဝ လက ကာဘီသည် ကျန်းမာရေး မကောင်းသည့်အတွက် ထမင်းခုနစ်နပ် စားသောက်ခဲ့ရကြောင်း၊ ၎င်းထမင်း ခုနစ်နပ်တွင် ကယ်လိုရီ ၅ဝဝ နီးပါးပါဝင်ကြောင်း

Read More >> http://www.myawady.com.mm/knowledge/incredibleworld/other-case/item/18155-2013-07-01-09-33-36

သီရိလင်္ကာနိုင်ငံမှ ကာဘီဒီလာနီရလိုနီ ဟူသော အမျိုးသားတစ်ဦးသည် လွန်ခဲ့သည့် ငါးနှစ်အတွင်း မည်သည့် အစားအသောက်ကိုမျှ မစားဘဲ အသက်ရှုခြင်း ကျင့်စဉ်ကို လေ့ကျင့်၍ အသက်ရှင် နေထိုင်ခဲ့ကြောင်း ဗြိတိန်ထုတ် သတင်းစာ တစ်စောင်တွင် ဇွန်၂၈ ရက်က ဖော်ပြခဲ့သည်။ မိမိအနေဖြင့် ငါးနှစ်ကြာ အစားအသောက်မစားဘဲ နေထိုင် ခဲ့သော်လည်း လေနှင့် နေတို့မှ ရရှိသည့် ကယ်လိုရီများကို စုပ်ယူခြင်းဖြင့် ကျန်းမာစွာ နေထိုင်နိုင်ခဲ့ကြောင်း ရုပ်သံ အစီအစဉ်တစ်ခုတွင် ကာဘီက ပြောကြားခဲ့သည်။ ၁၉၄ဝ ပြည့်လွန်နှစ်နောက်ပိုင်းကအိန္ဒိယ လွတ်လပ်ရေးခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီသည် ၂၁ ရက်ကြာ အစာမစားဘဲ ရေသောက်၍ အသက်ရှင် နေထိုင်နိုင်ခဲ့ကြောင်း၊ အေဗစ်ဘလိန်း ဆိုသူသည် ၄၄ ရက်ကြာ အစာမစား ဘဲ ရေသောက်၍သာ အသက်ရှင် နေထိုင်နိုင်သည့် သာဓကများစွာ ရှိသည်။ ကယ်လိုရီသည် လေ၊ အလင်းရောင်၊ တုံ့ပြန်ခံစားမှုနှင့် ဖိုတွန်များမှရရှိကြောင်း၊ စွမ်းအင်နေရာကို ဖွင့်မထားပါက မည်သို့မှ ခံစားရမည် မဟုတ်ကြောင်း၊ သို့သော် လွန်ခဲ့သည့် ၁ဝ လက ကာဘီသည် ကျန်းမာရေး မကောင်းသည့်အတွက် ထမင်းခုနစ်နပ် စားသောက်ခဲ့ရကြောင်း၊ ၎င်းထမင်း ခုနစ်နပ်တွင် ကယ်လိုရီ ၅ဝဝ နီးပါးပါဝင်ကြောင်းဝန်ခံ ပြောကြားခဲ့သည်ဟု Newssnip.com က ဖော်ပြခဲ့သည်။
လူတစ်ဦးသည် တစ်နေ့လျှင် ထမင်း သုံးနပ်စားမည် ဆိုပါက တစ်လလျှင် ထမင်းနပ်ပေါင်း ၉ဝ ရှိမည်ဖြစ်ကြောင်း၊ ၁ဝ လကျော်လျှင် ထမင်းနပ်ပေါင်း ၉ဝဝ ရှိရမည် ဖြစ်ကြောင်း ကာဘီက ထပ်လောင်း ပြောကြားခဲ့သည်။

MWD

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..