လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, July 3, 2013

စိတ်ပုတီး၏ မူလ .....

Photo: စိတ်ပုတီး၏ မူလ .....

ပုတီးဟာ မူလက ထေရဝါဒရဲ့ အသုံးမဟုတ်ဘူးကွယ့် ...
ဟိန္ဒူတို့ရဲ့ အသုံးဖြစ်တယ် ...။

ဟိန္ဒူဝါဒထဲမှာလည်း တန္တရ၊ မန္တရ ဂိုဏ်းသားများရဲ့ အသုံးဖြစ်တယ် ...။

တန္တရ၊ မန္တရ ဂိုဏ်းသားများဟာ ဂါထာမန္တာန်များကို ပုတီးစိပ်ကြရတယ်...

ဒီနေရာမှာ 'စိပ်' ဆိုတာ ဇမ္ဗနပုဒ်ရင်း ... 'ဇပ်' က 'ဇိပ်'၊ 'ဇိပ်' က ' စိပ်' ဖြစ်လာ တယ် ...။

"ဇမ္ဗန"ဆိုတာ ပွားများခြင်း အနက်ကိုဟောတယ်...ပွားများတယ်ဆိုတာ အဖန်တလဲလဲ ရွတ်ဆိုခြင်းဖြစ်တယ် ...။

တန္တရ၊ မန္တရ ပုဂ္ဂိုလ်များဟာ အင်း၊ အိုင်၊ ခါးလှည့်၊ လက်ဖွဲ့၊ မန္တာန်များကို
အသုံးပြုတဲ့ အထက်ဂိုဏ်၊ အောက်ဂိုဏ်း၊ ဂိုဏ်းပုဂ္ဂိုလ်များ ဖြစ်ကြတယ် ...။

သူတို့ဟာ ဆေးကိုဖျော်ပြီးတော့လည်း ဂါထာ၊ မန္တာန်မန်းမှုတ်တတ်ကြတယ်...
ယုတ်စွအဆုံး လက်ခုပ်၌သော်လည်း ဂါထာမန္တာန် မန်းမှုတ်တတ်ကြတယ် ...။

သူတို့ မန်းမှုတ်တဲ့ ဂါထာ၊ မန္တာန်ကလည်း ခုနစ်ခေါက်မန်းရမယ် ... အကြိမ် တစ်ထောင်မန်းရမယ် စသောအားဖြင့် ဂါထာအရေအတွက်ကို ပိုင်းခြားထား တယ် ...။

ပိုင်းခြားထားတဲ့ မန္တာန်အောက် ယုတ်လျော့သော် လည်းကောင်း၊ပိုင်ခြားထား သည်ထက် ပိုလွန်သော် လည်းကောင်း ရွတ်ဆိုခဲ့လျှင် ..... 

အကျိုးမရဘူး .....

ဒါကြောင့် -

ရှေးကရွတ်ပြီးသား မန္တာန်များကို ချေဖျက်ပြီး အသစ် ထပ်မံ ရွတ်ဖတ်ရတယ် ... မန်းမှုတ်ရတယ် ...။

အဲဒါကြောင့် -

ဂါထာအရေအတွက် မတိုးမလျော့အောင် စိပ်ပုတီးနှင့် မှတ်ကြရတယ် ...။

အဲဒီလို မန်းမှုတ်ရာက စိတ်ပုတီးဟာ ဘာသာရေးအတွင်း ဝင်ရောက်လာပြီး
ရှေးဦးစွာ ဟိန္ဒူများက စိပ်ကြတယ် ...

အဲဒီနောက် ... ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မဟာမေဒင် စတဲ့ဘာသာပေါင်းစုံ အတွင်း ဝင်ရောက်လာတယ် ...။

ဒါကြောင့် .....

ပုတီးဟာ မူလက ဗုဒ္ဓဘာသာတို့ရဲ့ အဆောင်အယောင် မဟုတ်ပါဘူး ...။

နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ
(ထီးချိုင့်မြို့ - တည်တောဆရာတော်ကြီး)

~~~ ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ကြ ပါစေ ~~~

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..