ကျင်ငယ်ရေကို သုံးပြီး လျှပ်စစ်ဓာတ်အား ထုတ်ဖို့ဆိုတာ စဉ်းစားမိသူ များ ရှိပါတယ်။ သို့ပေမယ့် ယင်း စိတ်ကူးကို အာဖရိက မှ ဆယ်ကျော်သက်
ကျောင်းသူများက ယခုလို ဖန်တီးခဲ့ပါတယ်။သူတို့ထဲမှာ အသက်အကြီးဆုံးက ၁၅ နှစ်သာ ရှိပါသေးတယ်။ Urine ( ကျင်ငယ်ရည်) ၁ လီတာကို ၆ နာရီကြာ လျှပ်စစ်မီး ထွန်းလင်းစေတယ်
ဆိုတာ့ သူတို့ဖန်တီးလိုက်တဲ့ မီးစက်လေးက စိတ်ဝင်စားစရာ ကောင်းပါတယ်။Urine မှာ ဟိုက်ဒရိုဂျင်၊ နိုက်ထရိုဂျင် နဲ့ ရေတို့ ပါရှိပါတယ်။ အကြမ်းအားဖြင့် ကတော့ ဟိုက်ဒရိုဂျင်ကို မရရအောင် စစ်ထုတ် သုံးစွဲခြင်း ဖြစ်ပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် Filter ခံပြီး နောက်ဆုံးမှာ ရေလုံးဝ မပါတဲ့ ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ကို ထုတ်လုပ်ပါတယ်။ ပြီးတော့ ယင်း ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ကို
လောင်စာအဖြစ် အသုံးပြုပြီး မီးစက်ကို အလုပ်လုပ်စေပါတယ်။
Maker Faire Africa မှာ ၀င်ရောက်ပြသသွားတဲ့ ယင်းကျောင်းသူလေးများ ရဲ့  rine-powered generator ကတော့ လူသိများခဲ့ရပါတယ်။
--
Ref: masefact
YoYarLay

No comments:
Post a Comment