လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, July 2, 2013

ထိုင်းဘုရင့် သမီးတော် သီရိဒုံ မြန်မာပြည်ကို သွားမယ်

Photo: ထိုင်းဘုရင့် သမီးတော် သီရိဒုံ မြန်မာပြည်ကို သွားမယ်
Tueday, July 02, 2013

ထိုင်းဘုရင့် သမီးတော် မဟာ ချက်ကရီ သီရိဒုံဟာ ဒီကနေ့ အင်္ဂါနေ့မှာ မြန်မာ နိုင်ငံကို တစ်ရက်ကြာခရီး သွားရောက်မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ Chulachomklao Royal Academy တော်ဝင် စစ် တက္ကသိုလ်ရဲ့ သမိုင်း ဌာန ပါမောက္ခ တစ်ယောက် ဖြစ်တဲ့ မင်းသမီး သီရိဒုံက အဲဒီ တက္ကသိုလ်က ဗိုလ်လောင်း တွေကို လေ့လာရေး ခရီး ခေါ်သွားမှာ ဖြစ်ပါတယ်။

ရန်ကုန်ကို ရောက်ခိုက်မှာ မင်းသမီးသီရိဒုံဟာ ရွှေတိဂုံ ဘုရားကို သွားရောက် ဖူးမျှော်မှာ ဖြစ်ပြီး သမိုင်းဝင် နေရာ တချို့ကိုလည်း သွားရောက် လေ့လာမယ်လို့ သိရ ပါတယ်။

အခု တကြိမ်ဟာ လက်ရှိ မြန်မာ အစိုးရ သစ် တက်လာပြီးတဲ့နောက် မင်းသမီး သီရိဒုံရဲ့ ပထမဆုံး မြန်မာ နိုင်ငံ ခရီးစဉ်လည်း ဖြစ်ပါတယ်။

BBC Burmese

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..