လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, March 27, 2013

ကိုယ်ဝန်ဆောင်များသည် ကြောင်များနှင့်နီးကပ်စွာ မနေသင့်

Photo: ကိုယ်ဝန်ဆောင်များသည် ကြောင်များနှင့်နီးကပ်စွာ မနေသင့်

တကယ်လို့သင်ဟာ ကိုယ်ဝန်ဆောင်မိခင် တစ်ဦးဖြစ်ပြီး ကြောင်တွေနဲ့နီးကပ်စွာ နေတတ်သူဖြစ်မယ်ဆိုရင် သင်ရော၊ မမွေးသေးတဲ့ သင့်ကလေးငယ်ပါ Toxoplasmosis လို့ခေါ်တဲ့ ပြင်းထန်တဲ့ကပ်ပါး စွဲကပ်နိုင်တယ်ဆိုတဲ့ အကြောင်းကို သိထားသင့်ပါတယ်။ ဒီရောဂါက ကြောင်တွေ သယ်ဆောင်လာတဲ့ ကပ်ပါးရောဂါပိုးကြောင့်ဖြစ်ပြီး လက္ခဏာတွေကတော့ Flu (တုပ်ကွေးပုံစံ)နဲ့ တူပါတယ်။ အရမ်းပြင်းထန်တဲ့ အခြေအနေမှာဆိုရင် မမွေးသေးတဲ့ ကလေးငယ်ရဲ့ ဦးနှောက်နှင့် မျက်လုံးကို ပျက်စီးစေပါတယ်။

သင့် ကြောင်ကလေးတွေရဲ့ဝမ်းကို စမ်းသပ်တဲ့နည်းက ကပ်ပါးပိုးရှိ၊ မရှိ စမ်းနိုင်တဲ့နည်းကောင်း တစ်ခုဖြစ်ပေမယ့် တွင်တွင်ကျယ်ကျယ် သုံးလို့မရသေးပါဘူး။ အကောင်းဆုံးနည်းလမ်းကတော့ ကြောင်တွေကို သန့်ရှင်းရေး နေ့စဉ်လုပ်ပေးပါ။ ဒီတာဝန်ကို တခြားသူကို လုပ်ခိုင်းလိုက်ပါ။ သင်ကိုယ်တိုင် မဖြစ်မနေ လုပ်ရတော့မယ်ဆိုရင်လည်း နှာခေါင်းစည်း၊ လက်အိတ် တို့ကို သုံးစွဲပါ။ အိမ်မှာမွေးထားတဲ့ ကြောင်တွေဟာ Toxoplasmosis ကို ရဖို့အခွင့်အရေး နည်းတဲ့အတွက် သင်ရဲ့ကြောင်ကို အိမ်ထဲမှာပဲ ထားပါ။ ဒီကူးစက်ရောဂါ ဖြစ်နိုင်တဲ့ ကပ်ပါးပိုးတွေက ပန်းဖူးတွေထဲမှာလည်း နေနိုင်လို့ ခြံထဲဆင်းတော့မယ်ဆိုရင် လက်အိတ်စွပ်ဖို့ သတိရပါ။
Ref - Good Health

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..