လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, March 27, 2013

ဆီးရီးယားမှာ ဓာတုလက်နက်သုံး- မသုံး ကုလ စစ်ဆေးမည်

Photo: ဆီးရီးယားမှာ ဓာတုလက်နက်သုံး- မသုံး ကုလ စစ်ဆေးမည်

ဆီးရီးယားနိုင်ငံမှာ ဓာတုလက်နက်သုံးခဲ့တယ်ဆိုတဲ့ စွတ်စွဲချက်ကြောင့် ဒီအရေးကို လေ့လာဖို့အတွက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က စုံစမ်းရေးအဖွဲ့တဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ အဖွဲ့ခေါင်းဆောင်အဖြစ် ဆွီဒင်သိပ္ပံပညာရှင် အာကေ စဲလ်စတွမ် ကို ရွေးချယ်လိုက်ကြောင်း ဒီကနေ့ ကြေငြာပါတယ်။ 

ဆီးရီးယားအစိုးရနဲ့ သူပုန်တွေက ဓာတုလက်နက်သုံးတယ်လို့ တဘက်နဲ့ တဘက် အပြန်အလှန် စွတ်စွဲချက်တွေအပေါ် စုံစမ်းစစ်ဆေးမှာပါ။ တကယ်လို့သာ သူပုန်တွေက အသုံးပြုခဲ့တာမှန်ရင်တော့ နိုင်ငံတကာရဲ့ ပံ့ပိုးမှုတွေ လျော့ကျသွားမှာဖြစ်ပါတယ်။ အလားတူပဲ အစိုးရဘက်က သုံးတယ်ဆိုရင်လည်း လက်ရှိအစိုးရခေါင်းဆောင်က အာဏာ ဆက်ထိန်း ထားဖို့ အခက်အခဲ ဖြစ်လာနိုင်ပါတယ်။ ဒီစုံစမ်းရေးအဖွဲ့မှာ တရုတ်နဲ့ ရုရှတို့  
ပါဝင်မယ်လို့ ရုရှက မနေ့က ပြောပေမဲ့ ရုရှရဲ့ ကုလဆိုင်ရာသံအမတ် ကတော့ ရုရှပါဝင်နိုင်ဖွယ်မရှိဘူးလို့ ပြောပါတယ်။ 

အဖွဲ့ခေါင်းဆောင် စဲလ်စတွမ်ဟာ အရင် အမေရိကန်နဲ့ ဗြိတိန်တို့က အီရတ်မှာ လူအများကို သေစေနိုင်တဲ့လက်နက်မျိုးတွေ ရှိတယ်ဆိုတဲ့ စွတ်စွဲချက်ကို စုံးစမ်းစစ်ဆေးခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီတုန်းက စွတ်စွဲထားသလို လက်နက်ရှိကြောင်း သက်သေခိုင်ခိုင်မာမာ မတွေ့ခဲ့ရပါဘူး။ 

အခု ဆီးရီးယားကိစ္စမှာလည်း တရားခံရှာဖို့ သွားတာမဟုတ်သလို ဘယ်သူက သုံးတယ်ဆိုတာကို စုံစမ်းမှာမဟုတ်ဘဲ ဓာတုလက်နက် သုံး မသုံးဆိုတာကိုပဲ စစ်ဆေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ 
ဆီးရီးယားမှာ ၂ နှစ်ကြာုဖစ်ပွားနေတဲ့ ပြည်တွင်းစစ်အတွင်း အခုအချိန်အထိ လူပေါင်း  ၇ သောင်း အသက်ဆုံးရှုံးခဲ့ရပြီ ဖြစ်ပါတယ်။ MZ

ဓာတ်ပုံ- UN/ ဆီးရီးယားမြောက်ဘက် အလေပိုမြို့နားမှာ ဓာတုလက်နက်နဲ့တိုက်တယ်လို့ စွတ်စွဲထားတဲ့ နေရာအနီးတ၀ိုက်က တိရိစ္ဆာန်တွေ အတုန်းအရုံးသေနေပုံကို မတ်လ ၂၃ ရက်နေ့က ရိုက်ကူးထားတဲ့ ပုံပါ။

ကိုးကား- UNITED NATIONS /Reuters
http://www.reuters.com/article/2013/03/26/us-syria-crisis-chemical-un-idUSBRE92P0UU20130326

ဆီးရီးယားနိုင်ငံမှာ ဓာတုလက်နက်သုံးခဲ့တယ်ဆိုတဲ့ စွတ်စွဲချက်ကြောင့် ဒီအရေးကို လေ့လာဖို့အတွက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က စုံစမ်းရေးအဖွဲ့တဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ အဖွဲ့ခေါင်းဆောင်အဖြစ် ဆွီဒင်သိပ္ပံပညာရှင် အာကေ စဲလ်စတွမ် ကို ရွေးချယ်လိုက်ကြောင်း ဒီကနေ့ ကြေငြာပါတယ်။ ဆီးရီးယားအစိုးရနဲ့ သူပုန်တွေက ဓာတုလက်နက်သုံးတယ်လို့ တဘက်နဲ့ တဘက် အပြန်အလှန် စွတ်စွဲချက်တွေအပေါ် စုံစမ်းစစ်ဆေးမှာပါ။ တကယ်လို့သာ သူပုန်တွေက အသုံးပြုခဲ့တာမှန်ရင်တော့ နိုင်ငံတကာရဲ့ ပံ့ပိုးမှုတွေ လျော့ကျသွားမှာဖြစ်ပါတယ်။ အလားတူပဲ အစိုးရဘက်က သုံးတယ်ဆိုရင်လည်း လက်ရှိအစိုးရခေါင်းဆောင်က အာဏာ ဆက်ထိန်း ထားဖို့ အခက်အခဲ ဖြစ်လာနိုင်ပါတယ်။ ဒီစုံစမ်းရေးအဖွဲ့မှာ တရုတ်နဲ့ ရုရှတို့
ပါဝင်မယ်လို့ ရုရှက မနေ့က ပြောပေမဲ့ ရုရှရဲ့ ကုလဆိုင်ရာသံအမတ် ကတော့ ရုရှပါဝင်နိုင်ဖွယ်မရှိဘူးလို့ ပြောပါတယ်။

အဖွဲ့ခေါင်းဆောင် စဲလ်စတွမ်ဟာ အရင် အမေရိကန်နဲ့ ဗြိတိန်တို့က အီရတ်မှာ လူအများကို သေစေနိုင်တဲ့လက်နက်မျိုးတွေ ရှိတယ်ဆိုတဲ့ စွတ်စွဲချက်ကို စုံးစမ်းစစ်ဆေးခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီတုန်းက စွတ်စွဲထားသလို လက်နက်ရှိကြောင်း သက်သေခိုင်ခိုင်မာမာ မတွေ့ခဲ့ရပါဘူး။

အခု ဆီးရီးယားကိစ္စမှာလည်း တရားခံရှာဖို့ သွားတာမဟုတ်သလို ဘယ်သူက သုံးတယ်ဆိုတာကို စုံစမ်းမှာမဟုတ်ဘဲ ဓာတုလက်နက် သုံး မသုံးဆိုတာကိုပဲ စစ်ဆေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဆီးရီးယားမှာ ၂ နှစ်ကြာုဖစ်ပွားနေတဲ့ ပြည်တွင်းစစ်အတွင်း အခုအချိန်အထိ လူပေါင်း ၇ သောင်း အသက်ဆုံးရှုံးခဲ့ရပြီ ဖြစ်ပါတယ်။ MZ

ဓာတ်ပုံ- UN/ ဆီးရီးယားမြောက်ဘက် အလေပိုမြို့နားမှာ ဓာတုလက်နက်နဲ့တိုက်တယ်လို့ စွတ်စွဲထားတဲ့ နေရာအနီးတ၀ိုက်က တိရိစ္ဆာန်တွေ အတုန်းအရုံးသေနေပုံကို မတ်လ ၂၃ ရက်နေ့က ရိုက်ကူးထားတဲ့ ပုံပါ။

ကိုးကား- UNITED NATIONS /Reuters
http://www.reuters.com/article/2013/03/26/us-syria-crisis-chemical-un-idUSBRE92P0UU20130326

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..