လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, September 25, 2012

"စင်္ကာပူသွားမည့်သူများ သတိထားပါ""

ရန်ကုန်လေဆိပ်မှာ လူကြုံထည့်ပေးလိုက် ပါရစေဆိုပြီး လာအကူအညီတောင်းတဲ့ လူတွေနဲ့ တွေ့ရင် အားနာမနေဘဲ ငြင်းလိုက် တာ ကိုယ့်အတွက် အန္တရာယ်အကင်းဆုံး ဖြစ်ပါလိမ့်မယ်။ ကျွန်တော့် အသိတစ်ယောက် အားနာပြီး လမ်းကြုံ သယ်သွားပေးမိတာ ထည့်ပေးလိုက်တဲ့သူက လက်ဖက်တွေ၊
ငပိကြော်တွေလို့ ပြောပြီး ထည့်ပေး လိုက်ပေမယ့် စင်္ကာပူလေဆိပ်ရောက်လို့ စစ်တော့မှ ဆေးရွက်ကြီးတွေ ၀ှက်ပြီး ထည့်ပေးလိုက်တာ သွားမိပါတယ်။ မြန်မာဘက်က ဆေးရွက်ကြီးသယ်သွားတာ ဘာပြဿနာမှ မရှိပေမယ့် စင်ကာပူ မှာကျတော့ ဆေးရွက်ကြီး သယ်လာတာဟာ သေလောက်အောင် ပြဿနာကြီးပါတယ်။ ကျွန်တော့အသိလည်း လေဆိပ်မှာတင် ဘုမသိ ဘမသိနဲ့ ချက်ချင်း လက်ထိပ် ခတ်ခံရပြီး ရဲစခန်းရောက်သွားပါတယ်။ သူက ဟိုမှာ ၁၅ နှစ်လောက် အနေကြာလာပြီး၊ ဟိုမှာလည်း ပတ်ပတ်နပ်နပ် လိုက်လုပ်ပေးနိုင်တဲ့ မြန်မာတွေရယ်၊ သူ့ကုမ္ပဏီရယ် ရှိနေလို့သာ ဂျေးထဲ မရောက်ခင်လေး လက်မတင်လေး ပြန်ထွက် လာနိုင်တာပါ။ စင်ကာပူအထာလည်း မသိ၊ စင်ကာပူနဲ့လည်း စိမ်းသေးတဲ့ လူသစ်လေးတွေ အဲ့လိုများ ခံလိုက်ရရင် ဘ၀ပါ ပျက်သွားပါလိမ့်မယ်။ လူကြုံထည့်ပေးလိုက်ပါရစေဆိုလို့ ကိုယ်က စေတနာနဲ့ သယ်သွားပေးတာ ဆိုပေမယ့် အထဲမှာ ဆေးရွက်ကြီးလိုဟာတွေ ၀ှက်ပြီးထည့်ပေးလိုက်တာနဲ့ တိုးရင် ကိုယ်က စင်ကာပူကို ဆေးရွက်ကြီး တရားမ၀င် တင်သွင်းမှုနဲ့ သေလောက်အောင် ပြဿနာတက်မယ်၊ ထောင်ပါ ကျနိုင်တယ်ဆိုတာ သတိထားကြပါ။ ရန်ကုန်လေဆိပ်မှာ အဲ့လို လူကြုံထည့်ပေးလိုက်ပါရစေဆိုပြီး လုပ်စားနေတဲ့ ရုပ်ရည်သန့်သန့်ပြန့်ပြန့် သားသားနားနား အမျိုးသမီးတစ်ယောက်ရှိတယ်လို့လည်း ကျွန်တော့ အသိက ပြောပါတယ်။ ရန်ကုန်လေဆိပ်က သန့်ရှင်းရေးဝန်ထမ်း များအဆုံး ထိုအမျိုးသမီးကို သိကြတယ်လို့လည်း ကျွန်တော့အသိက ဆိုပါတယ်။ သူ့ကိုလည်းအဲ့အမျိုးသမီးကပဲ အကူအညီတောင်းပြီး ထည့်ပေးလိုက်ရာက ပြဿနာဖြစ်ရတယ်လို့ သိရပါတယ်။ ခုထိလည်း အဲ့လို လုပ်နေ တုန်းပါပဲ။ ထိုအမျိုးသမီးကို ရဲစခန်းမှာ တိုင်ပေမယ့် မြန်မာနိုင်ငံ ဥပဒေအရ ဆေးရွက်ကြီး ထည့်ပေးလိုက်တာကို တရားမ၀င်လုပ်ရပ်အဖြစ် အရေးယူလို့ မရနိုင်ဘူးလို့လည်း သိရပါတယ်။ ဒါကြောင့် စင်ကာပူသွားမယ့်လူများကသာ ကိုယ့်အန္တရာယ်ကိုယ်ကြည့်ပြီး ရှောင်ရှားကြရမှာ ဖြစ်ပါတယ်။ ရန်ကုန်ဘက်မှာက ဆေးရွက်ကြီးဟာ တရားမ၀င်ပစ္စည်းမဟုတ်တဲ့အတွက် သူ့ကို ဘယ်လိုမှ အရေးယူလို့ မရနိုင်ဘူးလို့လည်း သိရပါတယ်။ သူ ခိုးထည့်ပေးလိုက် တဲ့ ဆေးရွက်ကြီးက လွတ်သွားပြီး ဟိုဘက်မှာ သူနဲ့ ချိတ်ဆက် လာစောင့်တဲ့လူ လက်ထဲ ရောက်သွားရင် စင်ကာပူမှာ ဆေးရွက်ကြီးဟာ မှောင်ခိုဈေး အတော် ကောင်းကောင်းနဲ့ ရောင်းနိုင်ပါတယ်။ စင်ကာပူ သွားမယ့် လူဟောင်းတွေရော၊ လူသစ်တွေရော သတိထားပါ။ ကျွန်တော့ အသိအပါအ၀င် အခြားသော မြန်မာတွေလည်း အဲ့လို လူကြုံထည့်ပေးပါရစေဆို တာတွေထဲမှာ ဆေးရွက်ကြီးတွေပါလာလို့ စင်ကာပူလေဆိပ်မှာ ဒုက္ခရောက် ကုန်တာ မနည်းဘူးလို့ သိရပါတယ်။ ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ၏ မိတ်ဆွေက ရေးသားထားပါတယ်။ Myanmar Online News

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..