လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, September 25, 2012

""မကူးစက်သောရောဂါကြောင့် သေဆုံးသူ ပိုများလာ ""

မြန်မာနိုင်ငံ၌ အရွယ်မတိုင်ခင် မကူးစက် တတ်သော ရောဂါကြောင့် သေဆုံးသူ အရေအတွက်မှာ ကူးစက်စေတတ်သော ရောဂါကြောင့် သေဆုံးသူ အရေ အတွက် ထက် ပိုမိုများပြားလာကြောင်း ရန်ကုန်ဆေးရုံကြီး၊ သေမှုသေခင်း ရောဂါရှာဖွေရေးနှင့် ရင်ခွဲစစ်ဆေးရေးဌာနမှ လက်ထောက်မှုခင်း ဆရာဝန်ကြီး တစ်ဦးက ပြော သည်။ ၄င်းက ရန်ကုန်ဆေးရုံကြီးရှိ
ရင်ခွဲရုံသို့ သေဆုံးရောက်ရှိလာသူများအား စစ်ဆေးချက် အရ ကူးစက်စေတတ်သော ရောဂါကြောင့် သေဆုံးသူ အရေအတွက်နှင့် မတော်တဆ အက်ဆီးဒင့်ဖြစ်၍ သေဆုံးသူ အရေအတွက်မှာ ယခင်ကာလက အများဆုံးဖြစ်ခဲ့သော် လည်းလွန်ခဲ့သော တစ်နှစ်ကျော် ခန့်မှစ၍ မကူးစက်တတ်သောရော ဂါ ကြောင့် သေဆုံးသူအရေအတွက်မှာ မတော်တဆ အက်ဆီးဒင့်ဖြစ်၍ သေဆုံးသူအရေအတွက် ပြီးလျှင် ဒုတိယအများဆုံးဖြစ်လာခဲ့ကြောင်း ပြောသည်။ ထို့အပြင် လက်ရှိသုတေ သနပြုချက်များအရ သေဆုံးသူများ၏ သေဆုံးရသော အကြောင်း အရင်းများအနက် ကူးစက်စေတတ်သော တီဘီ၊ အေအိုင်ဒီအက်စ်နှင့် ငှက်ဖျားရောဂါ များကြောင့် သေဆုံးသူမှာ ရာခိုင်နှုန်းအားဖြင့် ၁၁ ရာခိုင်နှုန်း သာရှိပြီး မကူးစက်စေ တတ်သော ရောဂါများဖြစ်သည့်နှလုံး၊ သွေးတိုး၊ ဆီးချို၊ သွေးချို၊ အစာအိမ်၊ အသည်း နှင့် ကင်ဆာရောဂါများကြောင့် သေဆုံးရသူအရေအတွက်မှာ ၄ဝ ရာခိုင်နှုန်းရှိကြောင်း ပြောသည်။ ”မကူးစက်တတ်တဲ့ ရောဂါတွေဖြစ်ရတယ်ဆိုတာက ပြည်သူတွေရဲ့ စားသောက်နေထိုင်မှုပုံစံတွေ မမှန်ကန်မှုအပြင် အချိုနဲ့ အဆီ အအိမ့်တွေ၊ အရက်၊ ဆေးလိပ်နဲ့ ဆေး ရွက်ကြီးပါတဲ့ဟာတွေကို အလွန်အကျွံစားသုံးရာကနေ ဖြစ်လာတာ။ နောက်တစ်ချက်က နယ်စပ်တွေကတစ်ဆင့် ပြည်ပက ဝင်လာတဲ့ ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့ စားသောက်ကုန်တွေ စားသုံးမှုကြောင့်လည်း ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ တွေကို အသိပညာပေးမှုတွေ လုပ်နေပေမယ့် လိုက်နာမှု အားနည်းတဲ့ အခါကျတော့ ဒီလိုရောဂါတွေ ဖြစ် လာရ တာပဲ”ဟု ၄င်းက ဆိုသည်။ ထို့အပြင် ရန်ကုန်ဆေးရုံကြီးရှိ ရောဂါရှာဖွေရေးနှင့် ဓာတ်ခွဲဌာနမှ ဓာတ်ခွဲကျွမ်းကျင် သူတစ်ဦးက ရန် ကုန်ဆေးရုံကြီး ကင်ဆာဌာနတွင် လာရောက်ပြသကုသသော လူနာ အရေအတွက်မှာ ယခင်က အနည်းအပါးသာရှိသော်လည်း ယခုနှစ်အတွင်း ကင်ဆာရော ဂါဖြစ်ပွား၍ လာရောက်ကုသသည့် အရေအတွက်မှာ ကင်ဆာဌာနနှင့် မဆံ့အောင်ပင် နေ့စဉ်နှင့်အမျှ များပြား လာကြောင်း၊ ၄င်းလူနာများအား ရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းအား မေးမြန်းစုံစမ်းချက် အရ ကင်ဆာရောဂါဖြစ်ပွားသူ အများစုမှာ ပြည်ပမှ တင်သွင်းလာသော စားသုံးရန် မသင့်သည့် စားသောက်ကုန်များအား နှစ်ကာလကြာမြင့်စွာ စားသုံးခဲ့ရာမှတစ်ဆင့် ကင်ဆာ ရောဂါများဖြစ်ပွား လာရခြင်း ဖြစ်သည်ဟု သိရကြောင်း၊ အလားတူ ပြည်ပမှ တရားမဝင် တင်သွင်းလာသည့် စားသုံးရန်မသင့်သော ဓာတုပစ္စည်းပါ စားသောက်ကုန်များအား ရေရှည်စားသုံး မှုကြောင့် နှလုံး၊ သွေးတိုး၊ ဆီးချို၊ သွေးချို၊ အစာအိမ်နှင့် အသည်းရောဂါများဖြစ်ပွား၍ ဆေးရုံ တက်ရောက်ကုသသည့် အရေ အတွက်မှာလည်း ယခင်ကထက် ပိုမိုလာ သည်ကို ဆေးရုံတက် ရောက်ကုသမှု မှတ်တမ်းများအရ သိရကြောင်း ပြောသည်။ ”ကလေးဆေးရုံမှာ လာတက် နေတဲ့ ကလေးလူနာတွေထဲမှာ လည်း တရုတ်နဲ့ ယိုး ဒယားကဝင် လာတဲ့ မုန့်တွေကို စားမိပြီး ငယ် ငယ်ရွယ်ရွယ် နဲ့ သွေးတိုး၊ နှလုံးရော ဂါဖြစ်ပွားတဲ့ ကလေးလူနာအရေအ တွက်က များလာတယ်။ အဓိက က ကလေးတွေကိုမသမာတဲ့ ဝိသမ စီးပွားရေးသမားတွေက အဓိကပစ် မှတ်ထားပြီး ဓာတုပစ္စည်း ပါတဲ့စားသောက်ကုန်တွေကို မဝယ် ဝယ်အောင် နည်းမျိုး စုံသုံးပြီးရောင်း ချမှုတွေ လုပ်နေတဲ့အတွက် အခုလို ဖြစ်လာရတာ”ဟု ၄င်းက ထပ်မံ ပြောသည်။ ပြည်ပမှ ဝင်ရောက်လာသော စားသောက်ကုန်အများစုမှာ ပြည်တွင်းထုတ် စားသောက်ကုန် များနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းသက်သာ၍ စားသုံးရန် လွယ် ကူမှုရှိသည့် အပြင် ဈေးကွက်ထိုးဖောက်မှု အားမှာလည်း ကောင်းမွန်သည့် အတွက် လူလတ်တန်းစားနှင့် ဆင်းရဲနွမ်းပါးသူ အများစုက အဓိကဝယ်ယူစား သုံးနေခြင်းဖြစ်ကြောင်း၊ ၄င်းတို့အနက် အချို့မှာ ကျန်းမာရေးဆိုင်ရာ အသိပညာအသင့်အတင့် သိရှိသော် လည်း ငွေကြေးအခြေအနေအရ ဝယ်ယူသုံးစွဲနေကြရခြင်း ဖြစ် ကြောင်းထပ်မံသိရသည်။
 Popular News

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..