Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Tuesday, September 25, 2012
မန္တလေးတွင် ထိုင်းအော်တိုဆိုင်ကယ်များ အရောင်းသွက်
မန္တလေးမြို့ ဒုတိယအကြိမ် ဆိုင်ကယ် ပြပွဲတွင် အမျိုးအစားသုံးမျိုးကို ဝယ်သူများ ပိုမိုစိတ်ဝင်စားခဲ့ကြောင်း သိရသည်။ "ဒီပြပွဲမှာ Harley Davidson ဆိုင်ကယ်တွေကို လူကြိုက်များတယ်။ နောက်ပြီး Thai Motor Bike ဆိုင် ကယ်နဲ့ Classic Old Bike ဆိုင်ကယ် တွေကို ပိုစိတ်ဝင်စားကြတယ်။ Harley Davidson ကတော့ အစီး ၄ဝ လောက် မှန်းထားတာ။ ဒီပွဲမှာ အစီး ၃၀ လောက် ပြသနိုင်ခဲ့တယ်"ဟု ဆိုင်ကယ် ပြပွဲ ကျင်းပသော Oakley
ကိုအောင်အောင်က ပြောသည်။ "ဒီလို စိတ်ဝင်တစားနဲ့ တစ်နေရာတည်းမှာ ကြည့်ဖို့ဆိုတာမလွယ်ပါဘူး။ ဒါကြောင့် ကျွန်တော့ သူငယ်ချင်းတွေ ကော၊ နယ်ကလူတွေပါ စုခေါ်ပြီး ကိုယ့် လူတွေပဲ စုပေါင်းပြီး ပြပွဲလုပ်လိုက်တာ ပါ။ နိုင်ငံခြားသားတွေပါ လာကြည့်ကြ တယ်။ တော်တော်လည်း စိတ်ဝင်စား ကြတယ်။ သူတို့က တော့ စစ်ကျန် ဆိုင်ကယ်တွေကို ပိုပြီး စိတ်ဝင်စားကြပါတယ်"ဟု ၎င်းက ပြောသည်။ အဆိုပါ ဆိုင်ကယ်ပြပွဲတွင် Harley Davidson (Made in USA),Classic Old Bike 400cc and above, Japan Motor Bike 125CC Decoration, Japan & Thai Motor Bike Decoration, China Motor Bike Decoration ဆိုင်ကယ် များ၊ ဂျပန် ခေတ်နှင့် အင်္ဂလိပ် ခေတ် စစ်ကျန် စက်ဘီး ဆိုင်ကယ်များနှင့် ဆိုင်ကယ် များကို ပြသခဲ့သည်။ "ကျွန်တော် ငယ်ငယ်ကတည်း၊ ဒီ စက်ဘီးက ရှိနေတာပါ။ အဖေ့ လက် ထက် ကတည်းက စုဆောင်းထားတာ။ ကျွန်တော်တို့က ဒီလို စုဆောင်းရတာ ကို ၀ါသနာပါနေပြီ။ အခု စက်ဘီး ဆိုင်ကယ်ဆိုရင် ဟာကလီ ဆိုင်ကယ်ထုတ်လုပ်တဲ့ ကုမ္ပဏီထက် နှစ် ၂၀ လောက် စောတယ်။ ဈေးကွက် အနေအထားက အရောင်းအ၀ယ်ကတော့ ပုံမှန်ပါပဲ။ ၀ယ်လက်ရှိပေမယ့် ကျွန်တော်တို့ကမရောင်းပါဘူး။ ကိုယ် က ၀ါသနာပါလို့ စုဆောင်းထားတာဆိုတော့လေ။ ဈေးလည်းဘယ်လောက်ရှိမှန်းမသိပါဘူး"ဟု စစ်ကျန်ဆိုင်ကယ်များစုဆောင်းတတ် သူ ကိုအောင်မင်းသူက ပြောသည်။ စစ်ကျန်ဆိုင်ကယ်များမှာ ယင်းပြပွဲ တွင် အစီး ၂၀ ကျော်ပြသထားပြီး BSA အင်္ဂလန်ဆိုင်ကယ်၊ Triumph တံဆိပ် အင်္ဂလန်ဆိုင်ကယ်၊ ဂျာမနီ ထုတ် MZ နှင့် ပြင်သစ်ထုတ် Solex ဆိုင်ကယ်များ ပြသထားသည်။ "ဒီဘီးတွေက ၂၀၀၃ ခုနှစ်ဆိုရင်ထုတ်လုပ်တဲ့နှစ် ၁၂၀ ပြည့်ပြီ။ မြန်မာ နိုင်ငံမှာ အစီးများခဲ့တာ။ လွတ်လပ်ရေးနောက်ပိုင်းမှာ တွင်တွင် ကျယ်ကျယ် စီးခဲ့ကြပါတယ်"ဟု ၀ါသနာရှင် ဦးမြင့်သိန်းက ပြောသည်။ လက်ရှိ မန္တလေးဈေးကွက်တွင် Thai Motor Bike များ အရောင်းသွက်လျက် ရှိသည်။ ယင်းမော်တော် ဆိုင်ကယ် များမှာ အမျိုးအစား ခြောက်မျိုးရှိပြီး သုံးမျိုးမှာ လူကြိုက်များ၍ ဈေးကွက် နေရာရလျက်ရှိသည်။ အဆိုပါဆိုင်ကယ်များမှာ PCX အမျိုးအစား၊ Click အမျိုးအစား၊ Scoopy-i အမျိုးအစား၊ Airblade i အမျိုးအစား၊ Fino အမျိုးအစားနှင့် Nouvo အမျိုးအစား များ ဖြစ်သည်။ လက်ရှိ ဈေးကွက်တွင် Fino ဆိုင်ကယ် နှင့် Click ဆိုင်ကယ်များ အရောင်း သွက်လျက် ရှိကြောင်း သိရသည်။ ယင်း ဆိုင်ကယ်အပြင် Scoopy-i ဆိုင်ကယ် များ ဈေးကွက် ၀ယ်လိုအားလိုက်သည်။ "ဈေးကွက်မှာတော့ ဒီလို အနေ အထားတွေအထိတော့ မရှိပါဘူး။ ဒီလို မျိုးဒီဇိုင်းတွေက ကျွန်တော် ဒီပြပွဲ အတွက် လုပ်ထားတာပါ။ ဒီဇိုင်း လုပ်တာတင် ရှစ်သိန်းကျော် လောက် ရှိတယ်။ သူ့အတိုင်း ဆိုရင်တော့ အပြင် ကိုရောင်းရင် ၁၇ သိန်းလောက် ရှိပါ တယ်"ဟု ယိုးဒယားဆိုင်ကယ်အရောင်း ဆိုင်မှ ကိုအားဝေက ပြောသည်။ မန္တလေးဈေးကွက်တွင် Fino ဆိုင်ကယ်မှာ အလယ်အလတ် တန်းစား ကျပ် ၁၆ သိန်း ရှိသည်။ှScoopyi မှာ ကျပ် ၁၇ သိန်းနှင့် Click ဆိုင်ကယ်မှာ ကျပ် ၁၈ သိန်းအထိ ရှိသည်။
ကနောင်သားလေးဇင်အောင်
Subscribe to:
Post Comments (Atom)
 


 
No comments:
Post a Comment