လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, September 25, 2012

တရုတ်နိုင်ငံတွင် စိတ်ရောဂါသည်များကို အတင်းအဓမ္မစေခိုင်းသည့် စက်ရုံတစ်ရုံကို တရားစွဲ

 တရုတ်နိုင်ငံ အတွင်း၌ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်း သူများကို မတရား ခိုင်းစေသော အင်္ဂတေ စက်ရုံ တစ်ရုံကို အာဏာပိုင် များက တရားစွဲဆို ခဲ့ကြောင်း သိရသည်။ အဆိုပါ စက်ရုံ၌ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူ များကို နံနက် ၆ နာရီမှ စတင်၍ အန္တရာယ် ရှိသော စက်များဖြင့် အလုပ် ခိုင်းစေလျက်
ရှိကြောင်း၊ ၎င်းတို့အား အခြား အစားအစာ မပါသော ခေါက်ဆွဲများ ကိုသာ ကျွေးမွေး လျက်ရှိကြောင်း သိရသည်။ ထို့အပြင် ၎င်းစက်ရုံရှိ အချို့ အလုပ်သမား များမှာလည်း နားလေး၊ ဆွံ့အသူများ ဖြစ်ကြပြီး ၎င်းတို့သည် သန့်ရှင်းမှု မရှိသည့် ပတ်ဝန်းကျင်တွင် အလုပ်များ လုပ်ကိုင် နေရကြောင်း စက်ရုံသို့ သွားရောက် လည်ပတ်ခဲ့ သည့် သတင်းထောက် တစ်ဦး၏ ပြောကြားချက် အရ သိရသည်။ တရုတ်နိုင်ငံ အတွင်း၌ မကြာသေးမီ ကာလများ အတွင်းကလည်း စိတ်ရောဂါကု ဆေးရုံ အချို့က စိတ်ဝေဒနာ ရှင်များကိုအလုပ် ခိုင်းစေရန် စက်ရုံများသို့ ရောင်းချမှုများ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ထိုအချိန်မှ စ၍ တရုတ် အာဏာပိုင် များသည် အဆိုပါ စက်ရုံများကို ပိတ်ပစ်ခြင်းနှင့် ထိရောက်စွာ နှိမ် နင်းခြင်း များကို စတင် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
 မြဝတီ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..