လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, May 2, 2014

2.5.2014 to 8.5.2014 အထိ ၇ ရက်သားသမီးဟောစာတမ်း

Photo: 2.5.2014 to 8.5.2014 အထိ ၇ ရက်သားသမီးဟောစာတမ်း
Friday, May 2, 2014

တနင်္ဂနွေ

ကံဇာတာ ကောင်းလိုက် မကောင်းလိုက် ဖြစ်နေတယ်။လူပေါင်းမှားတတ်၍ လူယုံမထားရ။ သူများ အရှုပ်ကိုယ့်အရှုပ် ဖြစ်တတ်လို့ သတိထားပါ။ ဆုံးဖြတ်ချက် တွေ မမြန်သင့်ပါ။ ခရီးယာယီ တွေ သွားဖြစ်မယ်။ မည်သည့် အန္တရာယ် မှ မရှိပါ။ လုပ်ငန်းသစ် တစ်ခု လုပ်ဖြစ်မည်။ လုပ်လျှင် ကောင်းတယ်။ ငွေကြေးကိစ္စ ဂရုစိုက်ပါ။ အတိုက်အခံ တစ်ခု ကျော်လွှားဖြစ်မည်။ ချစ်သူ နှင့် အဆင်ပြေမည်။ လက်ထပ်ဖြစ်မည်။

အကျိုးပေးဂဏန်း - ၂၊၆၊၄။

အထူးဟော - ၂ ၊ ၄ ၊ ၆ ၊ ၈ ရက်တွေ ဂရုစိုက်ပါ။ ၃ ၊ ၅ ၊၇ ရက်တွေ သင့်အပေါ် ကောင်းကျိုးပေးမယ်။

ယတြာ - မွေးနေ့မှာ ဘုရားကို ရေလှူပါ။

 တနင်္လာ

အပြော နှင့် အလုပ် ကိုက်ညီမှု မဖြစ်တတ်သလို ဖြစ်နေမယ်။ ထို့ကြောင့် ဤ တပတ်အတွင်း သူတပါး ကို ကတိတစ်ခု လွယ်လွယ် မပေးနှင့် သင့် ပညာရေး အခြေအနေ ကောင်းမည်။ သင့်အချစ်ရေးများ ဆိုင်းငံ့မှုတွေ ဖြစ်နေမည်။ သင့်သူငယ်ချင်းတွေ နှင့် အလည်အပတ် ခရီး တွေ ထွက်ဖြစ်မည်။ သင့်အတွက် လက်ဆောင် လှလှ လေးတွေ ရမည်။ ခြေ ၊ လက် ခိုက်မိနိုင်၍ ဂရုစိုက်ပါ။ အလုပ်အကိုင်တွေ အဆင်ပြေနေမည်။ ဝင်ငွေလေးတွေ စိုပြေနေမည်။ ကျန်းမာရေးကတော့ Good ပါဘဲ။  

  အကျိုးပေးဂဏန်း - ၁၊ ၅၊၇။

အထူးဟော - သင်ကံကောင်းနေပြီ။

ယတြာ - မွေးနေ့ မှာ ကလေးတွေကို ချိုသော မုန့်ဝယ်ကျွေးလိုက်ပါ။

အင်္ဂါ

သူတပါး အပေါ် စိုးမိုးချင်သော သင့်စိတ်ဓာတ်ကြောင့် ဆရာ လုပ်ချင်သူ သင့်သူငယ်ချင်း နှင့် ပြဿနာတက်လိမ့်မည်။ သင့်လုပ်ငန်းမှာ ရာထူးတက် လစာတိုး ပါလိမ့်မည်။နေရာပြောင်းရွှေ့ မှု့ ၊ တာဝန် ပြောင်းလဲမှု တွေဖြစ်မည်။ သင့်ရဲ့ စီးပွားရေး လုပ်ငန်းတွေ အဆင်မပြေရာ မှ ပြန်ကောင်းလာလိမ့်မည်။ ကိုယ်ရံတော် ချစ်သူတွေ ပိုများလာလိမ့်မည်။ အခက်အခဲ တစ်ခု ကျော်ဖြတ်နိုင်မယ်။ သင့်ရည်ရွယ်ချက် တစ်ခု အောင်မြင်မည်။ မြေ၊ စက် ၊ ကား တို့ဝင်လည်း ဝင်မည်။ ထွက်လည်းထွက်မည်။ လုပ်ငန်းတိုးချဲ့ လုပ်ပါ။ အောင်မြင်မည်။

အကျိုးပေးဂဏန်း - ၃၊၉၊၆။

အထူးဟော - အောင်မြင်သူ ဖြစ်လာမည်။

ယတြာ - မွေးနေ့ မှာ ဘုရားကို အောင်သပြေ (၁၉) ညွန့် ကပ်လှူပါ။  

ဗုဒ္ဓဟူး

          ရည်ရွယ်ချက် များနေမည်။ စိတ်တွေ လေနေမည်။ ဆုံးဖြတ်ချက် များ မြန်နေသည်။ ငယ်ချစ်ဦး နှင့် ပြန်ဆုံမည်။ ကြာရှည်ခွဲခွာခဲ့ရ သူ နှင့် ပြန်တွေ့မည်။ ရှေ့ဆက်ရမည့် အနာဂတ်ခရီးအတွက်  ပြင်ဆင်မှု့များ ၊  ကြိုးစားမှု့များ ပြုလုပ်ဖြစ်မည်။ ယခု လက်ရှိအခြေအနေ တိုးတက်အောင်မြင်မည်။ ဖြေဆိုထားသော စာမေးပွဲမုချအောင်မြင်မည်။ ဝမ်းလျှော ၊ ဝမ်းကိုက် နိုင်၍ မသန့်ရှင်းသော အစားအစာကိုရှောင်ပါ။ ဘုမ္မိကျသော အနောက်မြောက် ထောင့်အရပ်ကို ညခရီးမသွားနှင့်။ ကား ၊ ဆိုင်ကယ် အမြန်မောင်းလျှင် မှောက်နိုင် ၊ တိုက်နိုင် တယ်။ ဂရုစိုက်ပါ။ စီးပွားရေး လုပ်ဆောင်မှု့များ ဒီတပတ် အခြေအနေ Good မယ်။

အကျိုးပေးဂဏန်း - ၄၊၉၊၆။

အထူးဟော - သင်ကံကောင်းနေပြီ။  

ယတြာ -  မွေးနေ့မှာ ဘုရားကို ရေသက်စေ့ ရေအေးရေသပ္ပါယ်ပါ (သို့မဟုတ်) ဘုရားကို ရွှေသင်္ကန်းကပ်ပါ။

ကြာသပတေး

သင့်ရဲ့လျို့ဝှက်ချက် တွေ အကောင်အထည် ဖော်ဖြစ်မည်။ မရည်ရွယ်ဘဲ ရုတ်တရက် ခရီးထွက်ရလိမ့်မည်။ စပ်တူရှယ်ယာ အလုပ်တွေ Good တယ်။ အချစ်ရေးမှာ ရွေးကြိုက်တတ်သော သူ ဖြစ်လို့ ချစ်သောသူ ၁ယောက်ရဲ့ အပြစ်တင် ဝေဖန် ခြင်းခံရလိမ့်မည်။  မိဘ ပေးစားတာထက် ကိုယ်ချစ်တဲ့ သူကို ယူဖြစ်ပါလိမ့်မည်။ စီးပွားရေး လုပ်ငန်းများ အောင်မြင်မည်။ ပညာရေး ဖြေဆိုမှု့များ အောင်မြင်မည်။

အကျိုးပေးဂဏန်း - ၅ ၊ ၄ ၊ ၁။

အထူးဟော - အောင်မြင်သူ ဖြစ်နေမယ်။

ယတြာ - မွေးနေ့မှာ မိဘတွေကို မုန့်အဝ ကျွေးလိုက်ပါ။

သောကြာ

အစက ရိုးရိုး နောက်တော့ ၁ မျိုးတိုး လို့ ချစ်ပြန်ဆိုဘဲ ဟု ဆိုတာလို ၊ နောက်၁ယောက်ထပ်တွေ့ပြန်ပြီ။ ဒီတစ်ယောက်ကတော့ ကောင်းပါပြီ။ ပညာ ၊ ဥစ္စာ ၊ စိတ်ရင်း စိတ်ဓာတ် လွတ်လပ်သူ ဆိုတော့ ကောင်းပြီပေါ့။ ရာသက်ပန် လက်တွဲရသူ ဖြစ်သင့်ပါတယ်။ ကဲ ထွက်ပြေးဖို့ မစဉ်းစားနှင့်။မိဘတွေက ပေးစားမှာပါ။ ဒါပေမဲ့ သင်ခရီးတစ်ခု ထွက်ရလိမ့်ဦးမယ်။ ပြန်လာမှ ဖွင့်ပြောလိုက်ပေါ့။ သင့်လုပ်ငန်း လည်း အဆင်ပြေပါတယ်။ သင်ဖြေသော စာမေးပွဲလည်း အောင်ပါတယ်။ စိတ်တွေ မလေနှင့်တော့။

အကျိုးပေးဂဏန်း - ၆၊၉၊၁။

အထူးဟော - အားလုံး OK ပါပဲ။

ယတြာ - မွေးနေ့မှာ သင့်သူငယ်ချင်းတွေကို လ္ဘက်ရည် ဝယ်တိုက်ပါ။

စနေ

သင့်ရည်ရွယ်ချက်တွေ များနေမည်။ ရည်ရွယ်ချက် တွေကို တစ်ခုပြီး တစ်ခု အကောင်အထည်ဖော်လျှင် မုချအောင်မြင်မည်။ ဤ တပတ် သင်ကံကောင်းပြီ။ သင့်အလုပ်အောင်မြင်မယ်။ အပေါင်းအသင်းတွေ ရဲ့ အကူအညီရမည်။ ကိုယ်ပိုင် (သို့) ရှယ်ယာ လုပ်ငန်းအောင်မြင်မည်။ စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်လျှင် အောင်မြင်မည်။ ဖြေဆိုသော စာမေးပွဲ မုချအောင်မြင်မည်။ အတိုက်အခံ တွေ ကျော်လွှားနိုင်မည်။ ကုမ္ပဏီသော်လည်းကောင်း ၊ အဖွဲ့အစည်း တစ်ခုခု သော်လည်းကောင်း ၊ စီးပွားရေး အသင်းအဖွဲ့ သော်လည်းကောင်း သင့်ကို ခေါင်းဆောင်ခန့် လိမ့်မည်။ မရည်ရွယ်သောခရီး တစ်ခု သွားဖြစ်မည်။ သွားလျှင် ကောင်းသည်။ အချစ်ရေး ၊ အိမ်ထောင်ရေး ကောင်းနေသည်။ မိသားစု အတွက် လုပ်ဆောင်ပေးမှု့ ဖြစ်မည်။    

အကျိုးပေးဂဏန်း - ၃၊၆၊၉။

အထူးဟော - အောင်မြင်မှု့ရမည်။

ယတြာ - မွေးနေ့ တွင် ငှက်ကလေး တွေကို အစာကျွေးပါ (သို့မဟုတ်) သူငယ်ချင်းတွေကို အအေးဝယ်တိုက်ပါ။

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..