လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, April 9, 2014

ကမ္ဘာ့ အဆင့်ရှိ တဲ့ Telenor နဲ့ Ooderoo တို့ကို ယှဉ်ပြိုင်နိုင်ရန် မြန်မာ့ဆက်သွယ်ရေးပြင်ဆင်နေမှု Final အဆင့်ရောက်

Photo: ကမ္ဘာ့ အဆင့်ရှိ တဲ့ Telenor နဲ့ Ooderoo တို့ကို ယှဉ်ပြိုင်နိုင်ရန် မြန်မာ့ဆက်သွယ်ရေးပြင်ဆင်နေမှု Final အဆင့်ရောက်

မြန်မာနိုင်ငံ တွင်ရှိသော ကမ္ဘာ့ အဆင့်မီ ပြည်ပ ဆက်သွယ်ရေး အော်ပရေတာ များနှင့် ယှဉ်ပြိုင် နိုင် ရန် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ နိုင်ငံခြား အဖွဲ့အစည်း တစ်ခု နှင့် ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်နေ ကြောင်း မြန်မာ့ ဆက်သွယ်ရေး၊ သတင်း အချက်အလက် နှင့် နည်းပညာ ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးမြတ်ဟိန်း က The Messenger သတင်းစာ သို့ ပြောသည်။ ပြည်တွင်းမှာ ငွေကြေး အရင်းအနှီး နည်းပညာနဲ့ လူ့စွမ်းအား အရင်း အမြစ် တွေ အားနည်း နေပါတယ်။ ကျွန်တော်တို့ ချည်းပဲ လည်း မလုပ် နိုင်သေး ပါဘူး။ Telenor နဲ့ Ooderoo ဆိုတာ တကယ့် ကမ္ဘာ့ အဆင့်ရှိ တဲ့ Operator တွေလေ။ သူတို့နဲ့ ယှဉ်ပြိုင်နိုင် ဖို့ဆိုတာ တန်းတူတဲ့ အင်အားရှိ ဖို့တော့ လို အပ် နေပါတယ်။ ကျွန်တော် တို့လည်း သူတို့ နဲ့ တန်းတူ အင်အား ရှိတဲ့ နိုင်ငံခြား အဖွဲ့အစည်း တစ်ခု နဲ့ ဆွေးနွေး နေပါတယ်။ Final အဆင့် ရောက်ပြီလို့ ပြောလို့ ရပါတယ် ဟု ၎င်း ကဆို သည်။ ယင်းသို့ ဆွေးနွေး နေသော နိုင်ငံခြား အဖွဲ့ အစည်းများ အနက် အဓိက အားဖြင့် ဂျပန် နိုင်ငံ နှင့် ဆွေးနွေး နေပြီး မကြာခင် အချိန် အတွင်း ဆွေးနွေးမှု အသေးစိတ် အချက် အလက် များအား သဘောတူညီ မှု ရရှိ လျှင် ထုတ်ပြန် သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီး က ဆိုသည်။ Telenor အနေ နဲ့ ယှဉ်ပြိုင်မှု တွေ ကို နှစ်သက် ပါတယ်။ ဒီ ယှဉ်ပြိုင်မှု တွေက မြန်မာ နိုင်ငံ မှာ သုံးစွဲ တဲ့ ပြည်သူတွေ အတွက် ပို ကောင်း တဲ့ ဆက်သွယ်ရေး စနစ်၊ သက်သာ တဲ့ နှုန်းထား တွေ ပိုရ လာနိုင် ပါတယ်။ Telenor အနေနဲ့ သုံးစွဲ တဲ့ပြည်သူတွေ အကောင်းဆုံး အနေ အထားရောက် အောင် ပြင်ဆင် သွားပါ မယ်။ မြန်မာ့ ဆက်သွယ်ရေး ပဲဖြစ်ဖြစ်၊ အောရီဒူး ပဲဖြစ်ဖြစ်၊ ရတနာပုံ တယ်လီပို့ ဖြစ်ဖြစ် ကြို ဆို ပါတယ် ဟု Telenor Myanmar မှ အမှုဆောင် အရာရှိ ချုပ် Mr.Petter Fuberg က The Messenger သတင်းစာသို့ ပြော သည်။

လက်ရှိအချိန်တွင် မြန်မာ့ဆက်သွယ် ရေး ကဏ္ဍ၌ ၀န်ဆောင်မှု များနှင့် ပတ်သက် ၍ မြန်မာ့ ဆက် သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်း၊ ရတနာပုံ တယ်လီပို့ တို့မှ ၀န်ဆောင်မှု များ ပေးနေ သည်။ ထို့ အပြင် ပြည်ပ ကုမ္ပဏီ များ ဖြစ် သော တယ်လီနော နှင့် အောရီဒူး တို့မှ ဆက်သွယ် ရေး လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိ ထားပြီး ၀န်ဆောင် မှု ပေးနိုင်ရန် ကြိုတင်ပြင်ဆင်မှု များပြုလုပ်နေကြောင်း၊ မြန်မာ့ ဆက်သွယ် ရေး သတင်း အချက်အလက်နှင့် နည်းပညာ ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

The Messenger

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..