လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, April 2, 2014

သူ့ ဆံပင်ပုံစံမညှပ်ရင် One Direction အဖွဲ့ ကို မြောက်ကိုရီးယားထဲ ၀င်ခွင့်မပေးဘူးဆိုတဲ့ အာဏာရှင် ကင်ဂျုံအန်

Photo: သူ့ ဆံပင်ပုံစံမညှပ်ရင် One Direction အဖွဲ့ ကို မြောက်ကိုရီးယားထဲ ၀င်ခွင့်မပေးဘူးဆိုတဲ့ အာဏာရှင် ကင်ဂျုံအန်

မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် အာဏာရှင် ကင်ဂျုံအန်က One Direction အဖွဲ့ သားတွေသာ ဆံပင် မညှပ်ဘူးဆိုရင်သူ့ နိုင်ငံထဲကို ၀င်ခွင့် ပိတ်ပင်မှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ 

မြောက်ကိုရီးယားမှာ One Direction အဖွဲ့ လာရောက်ဖျော်ဖြေချင်
တယ်ဆိုရင် အဖွဲ့ သားငါးယောက်လုံးဟာ သူ့ ရဲ့ ဆံပင်တိုတိုပုံစံကို ညှပ်ဖို့ လိုကြောင်း ကင်ဂျုံအန်က အမိန့် ထုတ်ထားတာပါ။

ခေါင်းဆောင်ကြီးကင်ဂျုံအန်ဟာ ကမ္ဘာ့နံပါတ်တစ် အမျိုးသားအဆိုတော်အဖွဲ့ One Direction ရဲ့ ရပ်တည်မှုကို ယှဉ်ပြိုင်စိန်ခေါ်ဖို့ အတွက် အမေရိကန်အဆိုပြိုင်ပွဲ X Factor ပုံစံ ပြိုင်ပွဲ တစ်ခု ကို နိုင်ငံ တွင်းပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ကင်ဂျုံအန်ဟာ သူ့ ကိုယ်ပိုင် Un Direction လို့ နာမည်ပြောင်ပေးထားတဲ့ အဆိုတော်အဖွဲ့  အတွက် အဖွဲ့ ဝင်တွေကို ဒီအဆိုပြိုင်ပွဲကတဆင့် ရွေးချယ်သွားမှာလို့ သိရပါတယ်။

ဒီဆံပင်ကေဥပဒေဟာ လွန်ခဲ့တဲ့အပတ်ကမြောက်ကိုရီးယားကျောင်း သားအချို့ ကို အသက် ၃၁ နှစ်အရွယ် ခေါင်းဆောင်ကြီး ကင်ဂျုံအန်ရဲ့ ဆံပင်ပုံစံအတိုင်း လိုက်ညှပ်စေဖို့  အမိန့် ပေးပြီးနောက်မှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားမြို့ တော် ပြုံယမ်းရဲ့ အတွင်းသတင်းတစ်ချို့ က One Direction အဖွဲ့ သာ ဆံပင်မညှပ်ခဲ့ဘူး ဆိုရင် ဒီမှာလာဖျော်ဖြေခွင့် ရမှာ မဟုတ်ဘူးလို့ အတည်ပြုထားပါတယ်။

Trend Myanmar
မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် အာဏာရှင် ကင်ဂျုံအန်က One Direction အဖွဲ့ သားတွေသာ ဆံပင် မညှပ်ဘူးဆိုရင်သူ့ နိုင်ငံထဲကို ၀င်ခွင့် ပိတ်ပင်မှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားမှာ One Direction အဖွဲ့ လာရောက်ဖျော်ဖြေချင်
တယ်ဆိုရင် အဖွဲ့ သားငါးယောက်လုံးဟာ သူ့ ရဲ့ ဆံပင်တိုတိုပုံစံကို ညှပ်ဖို့ လိုကြောင်း ကင်ဂျုံအန်က အမိန့် ထုတ်ထားတာပါ။ခေါင်းဆောင်ကြီးကင်ဂျုံအန်ဟာ ကမ္ဘာ့နံပါတ်တစ် အမျိုးသားအဆိုတော်အဖွဲ့ One Direction ရဲ့ ရပ်တည်မှုကို ယှဉ်ပြိုင်စိန်ခေါ်ဖို့ အတွက် အမေရိကန်အဆိုပြိုင်ပွဲ X Factor ပုံစံ ပြိုင်ပွဲ တစ်ခု ကို နိုင်ငံ တွင်းပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ကင်ဂျုံအန်ဟာ သူ့ ကိုယ်ပိုင် Un Direction လို့ နာမည်ပြောင်ပေးထားတဲ့ အဆိုတော်အဖွဲ့  အတွက် အဖွဲ့ ဝင်တွေကို ဒီအဆိုပြိုင်ပွဲကတဆင့် ရွေးချယ်သွားမှာလို့ သိရပါတယ်။

ဒီဆံပင်ကေဥပဒေဟာ လွန်ခဲ့တဲ့အပတ်ကမြောက်ကိုရီးယားကျောင်း သားအချို့ ကို အသက် ၃၁ နှစ်အရွယ် ခေါင်းဆောင်ကြီး ကင်ဂျုံအန်ရဲ့ ဆံပင်ပုံစံအတိုင်း လိုက်ညှပ်စေဖို့  အမိန့် ပေးပြီးနောက်မှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားမြို့ တော် ပြုံယမ်းရဲ့ အတွင်းသတင်းတစ်ချို့ က One Direction အဖွဲ့ သာ ဆံပင်မညှပ်ခဲ့ဘူး ဆိုရင် ဒီမှာလာဖျော်ဖြေခွင့် ရမှာ မဟုတ်ဘူးလို့ အတည်ပြုထားပါတယ်။

Trend Myanmar

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..