လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, April 3, 2014

ဒုက္ခသည်ရွာသားတွေ တင်ဆောင်လာတဲ့ DKBA ကား တားဆီးခံရ

Photo: ဒုက္ခသည်ရွာသားတွေ တင်ဆောင်လာတဲ့ DKBA ကား တားဆီးခံရ

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်က သမီးကလေးကျေးရွာ၊ အင်းမတီးနဲ့ ဒေါ်ကာလီကျေးရွာက ဒုက္ခသည်တွေကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့က ကရင်ပြည်နယ်၊ သောင်ရင်းမြစ်နားက ကျောက်ခက်ကျေးရွာမှာ နေရာချထားပေးဖို့အတွက် ဒီနေ့မနက်ပိုင်းက ခေါ်ယူလာတဲ့ကားကို ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်က ဒုံသမိတံတား နားမှာ ကရင်ပြည်နယ်အစိုးရအဖွဲ့က ဆက်မသွားဖို့ တားဆီးခဲ့တယ်လို့ သိရပါတယ်။

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့နဲ့ ကရင်ပြည်နယ် အစိုးရ အဖွဲ့တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပေးထားတဲ့ကတိကို DKBA အဖွဲ့က ချိုးဖောက်တဲ့အတွက် အခုလို တားဆီးတာဖြစ်ကြောင်း ပြည်နယ်အစိုးရ အဖွဲ့က ပြောတယ်လို့ ဒုက္ခသည်တွေနဲ့အတူ လိုက်ပါသွားတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ဦးဇော်ဝင်းက ပြောပါတယ်။

"ဗိုလ်မှူးကြီး စောဆန်းအောင်ကို တစ်ယောက်နဲ့ တစ်ယောက် ငြိမ်းချမ်းရေး လုပ်ထားတာ တခြားအဖွဲ့အစည်းတွေနဲ့ မပတ်သက်ရဘူးဆိုပြီးပါတယ်တဲ့၊ အဲဒီအတွက်ကြောင့်မို့ ဗိုလ်မှူးကြီး စောဆန်းအောင်မှာ အပြစ်ရှိတယ်တဲ့၊ အဲဒါကြောင့်မို့ ဒီကနေ လုံးဝသွားခွင့်မပြုဘူးဆိုပြီး အမိန့်ထုတ်လိုက်တယ်"

သူတို့တွေဟာ မနက် ၅ နာရီလောက်မှာ လှည်းကူးမြို့နယ်၊ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းကနေ စတင်ထွက်ခွာခဲ့တာဖြစ်ပြီး လမ်းခရီးတစ်လျှောက် ဖြတ်သန်းခဲ့ရတဲ့ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်တွေမှာ အတားဆီးမခံခဲ့ရဘဲ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်က ဒုံသမိတံတားနားရောက်မှ တားဆီး ခံရတာ ဖြစ်ပါတယ်။

RFA Burmese

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..