လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, April 9, 2014

အားကုန်နေတဲ့ စမတ်ဖုန်း ကို စက္ကန့် သုံးဆယ် အတွင်းမှာ အားအပြည့်ဖြည့်ပေးမယ့် Charge

Photo: အားကုန်နေတဲ့ စမတ်ဖုန်း ကို စက္ကန့် သုံးဆယ် အတွင်းမှာ အားအပြည့်ဖြည့်ပေးမယ့် Charge

အားကုန်နေတဲ့ စမတ်ဖုန်း ကို စက္ကန့် သုံးဆယ် အတွင်းမှာ အားအပြည့်ဖြည့်ပေးမယ့် Charger တစ်မျိုး ကို တီထွင်လိုက်ကြောင်း သိရပါတယ်။ StoreDot က တီထွင်ထားတာဖြစ်ပြီး စမတ်ဖုန်းအားလုံး ကို အားသွင်းပေးနိုင်ပါတယ်။ StoreDot ဟာ Tel Aviv University ရှိ Nanotechnology ဌာန မှ ပေါက်ဖွားလာတဲ့ တည်ထောင်ခါစ Company တစ်ခု ဖြစ်ပါတယ်။ Samsung Galaxy S4 ကို အားသွင်းပြီး သရုပ်ပြခဲ့ပါတယ်။ သရုပ်ပြမှု ကို Microsoft Think Next Conference မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

StoreDot တီထွင်နေတဲ့ နည်းပညာ ဟာ အလွန်လျှင်မြန်စွာ အားသွင်းပေးနိုင်တာ တွေ့ရပါတယ်။ Peptides လို့ ခေါ်တဲ့ သဘာဝ Organic Compounds တွေကနေ ထုတ်လုပ်ထားတဲ့ Biological Semiconductors တွေ နဲ့ Charger ကို ပြုလုပ်ထားပါတယ်။

Charger နမူနာပုံစံ ဟာ Laptop Charger နဲ့ အရွယ်တူညီတာတွေ့ရပါတယ်။ Charger ရဲ့ အရွယ်အစားကို သေးငယ်အောင် ပြုလုပ်နေတယ်လို့ StoreDot က ပြောပါတယ်။ ဈေးနှုန်း မှာ သာမာန် Charger တွေရဲ့ နှစ်ဆ ရှိမယ်လို့ သိရပြီး စတာလင်ပေါင် ၂၀ ခန့် ကျသင့်မှာ ဖြစ်ပါတယ်။ StoreDot က သူ့ရဲ့ အစွမ်းထက် Charger ကို ၂၀၁၆ ခုနှစ် မှာ ရောင်းချဖို့ ရည်ရွယ်ထားပါတယ်။

စမတ်ဖုန်း ကို စက္ကန့် သုံးဆယ် အတွင်းမှာ အားအပြည့်ဖြည့်ပေးတဲ့ သရုပ်ပြ ဗီဒီယို ကို အောက် က လင့် မှာ ကြည့်နိုင်ပါတယ်။

https://www.youtube.com/watch?v=9DhJZAhjbcI

သူရ

Ref:Myanmar Digital Life Journal
အားကုန်နေတဲ့ စမတ်ဖုန်း ကို စက္ကန့် သုံးဆယ် အတွင်းမှာ အားအပြည့်ဖြည့်ပေးမယ့် Charger တစ်မျိုး ကို တီထွင်လိုက်ကြောင်း သိရပါတယ်။ StoreDot က တီထွင်ထားတာဖြစ်ပြီး စမတ်ဖုန်းအားလုံး ကို အားသွင်းပေးနိုင်ပါတယ်။ StoreDot ဟာ Tel Aviv University ရှိ Nanotechnology ဌာန မှ ပေါက်ဖွားလာတဲ့ တည်ထောင်ခါစ Company တစ်ခု ဖြစ်ပါတယ်။ Samsung Galaxy S4 ကို အားသွင်းပြီး သရုပ်ပြခဲ့ပါတယ်။ သရုပ်ပြမှု ကို Microsoft Think Next Conference မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။StoreDot တီထွင်နေတဲ့ နည်းပညာ ဟာ အလွန်လျှင်မြန်စွာ အားသွင်းပေးနိုင်တာ တွေ့ရပါတယ်။ Peptides လို့ ခေါ်တဲ့ သဘာဝ Organic Compounds တွေကနေ ထုတ်လုပ်ထားတဲ့ Biological Semiconductors တွေ နဲ့ Charger ကို ပြုလုပ်ထားပါတယ်။

Charger နမူနာပုံစံ ဟာ Laptop Charger နဲ့ အရွယ်တူညီတာတွေ့ရပါတယ်။ Charger ရဲ့ အရွယ်အစားကို သေးငယ်အောင် ပြုလုပ်နေတယ်လို့ StoreDot က ပြောပါတယ်။ ဈေးနှုန်း မှာ သာမာန် Charger တွေရဲ့ နှစ်ဆ ရှိမယ်လို့ သိရပြီး စတာလင်ပေါင် ၂၀ ခန့် ကျသင့်မှာ ဖြစ်ပါတယ်။ StoreDot က သူ့ရဲ့ အစွမ်းထက် Charger ကို ၂၀၁၆ ခုနှစ် မှာ ရောင်းချဖို့ ရည်ရွယ်ထားပါတယ်။

စမတ်ဖုန်း ကို စက္ကန့် သုံးဆယ် အတွင်းမှာ အားအပြည့်ဖြည့်ပေးတဲ့ သရုပ်ပြ ဗီဒီယို ကို အောက် က လင့် မှာ ကြည့်နိုင်ပါတယ်။

https://www.youtube.com/watch?v=9DhJZAhjbcI

သူရ

Ref:Myanmar Digital Life Journal

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..