လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, April 8, 2014

သင်္ကြန် အထူးရထား ပြေးဆွဲမည့် အစီအစဉ် ကြိုတင် အသိပေးကြေညာ

Photo: သင်္ကြန် အထူးရထား ပြေးဆွဲမည့် အစီအစဉ် ကြိုတင် အသိပေးကြေညာ
Tuesday, April 8, 2014

မြန်မာ့မီးရထားက သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာ နိုင်ရေးအတွက် နေပြည်တော်-ရန်ကုန်လမ်းပိုင်းနှင့် ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် သင်္ကြန်အထူးရထား နှစ်စင်းစီ ပြေးဆွဲပေးမည်ဖြစ်သည်။

သင်္ကြန်ကာလအတွင်း နေပြည်တော်မှဝန်ထမ်း များနှင့် မိသားစုများအပါအဝင် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် လက်ရှိ နေပြည်တော်-ရန်ကုန်ပြေးဆွဲနေသော အမှတ်(၃၂)အစုန်၊ အမှတ်(၈)အစုန် အမြန်ရထား နှစ်စင်းအပြင် အထူးရထားနှစ်စင်းအား ဧပြီ ၁၁ ရက်တွင် နေပြည်တော်-ရန်ကုန်ခရီးစဉ်အဖြစ် တိုးချဲ့ ပြေးဆွဲပေးမည်ဖြစ်ရာ အစုန်အထူးရထား(၁)သည် နေပြည်တော်မှ ည ၇ နာရီခွဲတွင် ထွက်ခွာ၍ ရန်ကုန် သို့ နောက်တစ်နေ့ နံနက် ၃ နာရီ မိနစ် ၅၀ တွင် ရောက်ရှိမည်ဖြစ်ပြီး အစုန်အထူးရထား(၂)သည် နေပြည်တော်မှ ည ၉ နာရီတွင် ထွက်ခွာ၍ ရန်ကုန်သို့ နောက်တစ်နေ့ နံနက် ၅ နာရီ မိနစ် ၂၀ တွင် ရောက်ရှိမည်ဖြစ်သည်။

ဧပြီ ၁၂ ရက်တွင် သင်္ကြန်အထူးရထား(၁)သည် ရန်ကုန်ဘူတာမှ ညနေ ၄ နာရီတွင် စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ နောက်တစ်နေ့ နံနက် ၆ နာရီတွင်လည်းကောင်း၊ သင်္ကြန် အထူးရထား (၂) သည် ဧပြီ ၁၃ ရက်တွင် ရန်ကုန်ဘူတာမှ ညနေ ၄ နာရီ စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ နောက်တစ်နေ့ နံနက် ၆ နာရီ တွင် လည်းကောင်း ရောက်ရှိမည်ဖြစ်သည်။

သင်္ကြန်အလွန်ကာလအတွက် အဆိုပါ အထူးရထားနှစ်စင်းသည် မန္တလေးမှ ဧပြီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် မန္တလေး-ရန်ကုန် အစုန်ရထားများအဖြစ် ပြန်လည်ပြေးဆွဲသွားမည်ဖြစ်သည်။ မန္တလေးဘူတာမှ ညနေ ၄ နာရီတွင် ရန်ကုန် ဘူတာသို့ နောက်တစ်နေ့ နံနက် ၆ နာရီခွဲ တွင် ရောက်ရှိမည်ဖြစ်သည်။

အလားတူ နေပြည်တော်မှ ဝန်ထမ်းများနှင့် မိသားစုများအပါအဝင် ခရီးသွားပြည်သူများအတွက် ရန်ကုန်မှ နေပြည်တော်ခရီးစဉ်အဖြစ် လက်ရှိ အမှတ်(၃၁)အဆန်၊ အမှတ်(၇)အဆန် အမြန်ရထားနှစ်စင်းအပြင် နောက် ထပ်အထူးရထားနှစ်စင်းကို ဧပြီ ၂၁ ရက်တွင် ပြေးဆွဲပေးမည်ဖြစ်ရာ အဆန်အထူးရထား (၁)သည် ရန်ကုန်မှ ည ၇ နာရီခွဲတွင်ထွက်ခွာ၍ နေပြည်တော်သို့ နောက်တစ်နေ့ နံနက် ၃ နာရီ မိနစ် ၅၀ တွင် ရောက်ရှိမည်ဖြစ်ပြီး အဆန်အထူးရထား(၂)သည် ရန်ကုန်မှ ည ၈ နာရီတွင် ထွက်ခွာ၍ နေပြည်တော်သို့ နောက်တစ်နေ့နံနက် ၄ နာရီ ခွဲတွင် ရောက်ရှိမည်ဖြစ်သည်။

အဆိုပါ ရန်ကုန်-မန္တလေးသင်္ကြန်အထူး(အစုန်^အဆန်)ရထားများကို လမ်းခရီး၌ တိုးကြောင်ကလေး၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ သာစည်ဘူတာများတွင် ရပ်တန့်ပေးမည်ဖြစ်ပြီး နေပြည်တော်-ရန်ကုန် အထူး (အစုန်/အဆန်)ရထားများကိုလမ်းခရီး၌ ပျဉ်းမနား၊ တောင်ငူ၊ ပဲခူး၊ တိုးကြောင်ကလေးဘူတာများတွင် ရပ်တန့် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

MOI Webportal Myanmar

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..