လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, April 10, 2014

ဘီဘီစီ မြန်မာပိုင်း ရုပ်/သံကို မြန်မာပြည်မှာ ထုတ်လွှင့်ပြီ

Photo: ဘီဘီစီ မြန်မာပိုင်း ရုပ်/သံကို မြန်မာပြည်မှာ ထုတ်လွှင့်ပြီ
Wednesday, April 9, 2014

ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် ဘီဘီစီ မြန်မာပိုင်း အစီအစဉ်က သတင်းနဲ့ ရုပ်မြင်သံကြားထုတ်လွှင့် မှုတွေကို မြန်မာနိုင်ငံ မှာ ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့ကစတင်ပြီး ထုတ်လွှင့်နေပါပြီ။ 

ဘီဘီစီ မြန်မာပိုင်း ရုပ်/သံမှာ ဒေသတွင်းနဲ့ နိုင်ငံတကာ သတင်းတွေကို ပြည်တွင်း ပုဂ္ဂလိက ရုပ်သံလိုင်း တခုဖြစ်တဲ့ SKY Net ရဲ့ MNTV ရုပ်သံလိုင်းကနေ ထုတ်လွှင့် ပြသပေးတာပါ။ 

တနင်္လာနေ့ကနေ သောကြာနေ့ထိ နေ့စဉ် ညနေ ၈ နာရီ ၄၅ မိနစ်မှာ စတင်ကြည့်ရှုနိုင်ပြီလို့ ဘီဘီစီ မြန်မာပိုင်း အစီအစဉ် က ရေးသားဖော်ပြထားပါတယ်။ 

အခုလို ရုပ်သံ ထုတ်လွှင့်မှု စတင်ခြင်း အခမ်းအနားကို ရန်ကုန်မြို့က ချက်ထရီယမ် ဟိုတယ်မှာ တနင်္လာနေ့ ညနေပိုင်းက ကျင်းပခဲ့ပါတယ်။ 

အဲဒီအခမ်းအနားကို ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်လည်း တက်ရောက်ခဲ့သလို ဘီဘီစီ ညွှန်ကြားရေးမှူးချုပ် Tony Hall နဲ့ ဘီဘီစီ မြန်မာပိုင်း ဌာနမှူး ဒေါ်တင်ထားဆွေ တို့လည်း တက်ရောက်ကာ အမှာစကား ပြောကြားခဲ့ကြပါတယ်။ 

မြန်မာနိုင်ငံမှာ ပြန်ကြားရေး ဝန်ကြီးဌာနက ဆင်ဆာ ဘုတ်အဖွဲ့ ရုပ်သိမ်းပြီးနောက် သတင်းမီဒီယာ ထုတ်လွှင့်မှု ပြုပြင် ပြောင်းလဲရေးအတွက် ဘီဘီစီနဲ့ ရုပ်သံ ထုတ်လွှင့်မှုနီးနီးကပ်ကပ် ပူးပေါင်းလုပ်ဆောင် သွားကြမှာလည်း ဖြစ်တယ်လို့ နိုင်ငံ ပိုင်သတင်းစာက ဆိုပါတယ်။ 

၂ဝ၁၁ ခုနှစ်က အရပ်သားအစိုးရလို့ ခေါ်ကြတဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း 
နိုင်ငံခြား သတင်း အေဂျင်စီတွေဖြစ်တဲ့ အမေရိကန် ပြည်ထောင်စု အခြေစိုက်တဲ့ အေပီသတင်းဋ္ဌာန (Associated Press ) ၊ ဂျပန်နိုင်ငံက NHK နဲ့ ကျိုဒို ( Kyodo) တို့ဟာ ရန်ကုန်ရုံးခွဲတွေ ဖွင့်လှစ်ခဲ့ကြပါ တယ်။ 

တချို့ သတင်းဋ္ဌာနတွေလည်း အစောပိုင်းကတည်း က ရုံးခွဲတွေ ဖွင့်လှစ်ခဲ့တာလည်း ရှိပါတယ်။ 

 ဘီဘီစီ ညွှန်ကြားရေးမှူးချုပ် Lord Tony Hall နှင့် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်တို့ ရန်ကုန်မြို့ MRTV တွင် တွေ့ဆုံကြစဉ်၊ ဓာတ်ပုံ-ဘီဘီစီ မြန်မာပိုင်း

အိမ့်သံစဉ် 
ဧရာဝတီ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..