လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, April 26, 2014

မြန်မာ့နန်းပြားသုပ် ဗီယက်နမ်၌ကျင်းပသည့်အစားအစာပွဲတော်တွင် အကောင်းဆုံးဆုရရှိ

Photo: မြန်မာ့နန်းပြားသုပ် ဗီယက်နမ်၌ကျင်းပသည့်အစားအစာပွဲတော်တွင် အကောင်းဆုံးဆုရရှိ

မြန်မာတို့ နိုင်ငံတကာဆု ရရှိ ခဲ့ပြန်ပြီ၊ ဗီယက်နမ်နိုင်ငံ ဟွေးမြို့ တွင် ဧပြီ ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့သည့် ဗီယက်နမ်နိုင်ငံတကာ အစားအစာပွဲတော်တွင် မြန်မာအဖွဲ့ သွားရောက်ဆင်နွှဲခဲ့ရာ မြန်မာ အစားအစာဖြစ်သည့် နန်းပြားသုပ် အပါအဝင် အစားအစာအချို့၌ အစားအသောက် အကောင်းဆုံး ရရှိ ခဲ့သည်။

ရွေးချယ်ချီးမြှင့်

''ဒီပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုပြီး မြန်မာနိုင်ငံစားသောက် ဆိုင်လုပ်ငန်းရှင်အသင်းမှ ကိုယ်စား လှယ် အဖွဲ့တစ်ဖွဲ့ သွားရောက်ဆင်နွှဲ တာပါ။ ဒီပွဲတော်မှာ နိုင်ငံပေါင်းရှစ် နိုင်ငံက လာရောက်ဆင်နွှဲခဲ့ကြပြီး မြန်မာ့အစားအစာဖြစ်တဲ့ နန်းပြား သုပ်ကို အကဲဖြတ်ဒိုင်လူကြီးတွေက စနစ်တကျစစ်ဆေးပြီး အကောင်းဆုံး အစားအစာအဖြစ် ရွေးချယ်ပြီး ချီးမြှင့်ခဲ့ခြင်းဖြစ်ပါတယ်'' ဟု ဗီယက် နမ်နိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ ၂၄ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂ဝ က လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာသော မြန်မာ နိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင် အသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးပြည့်ဝေဖြိုးက ခရီးရောက်မဆိုက် ပြောပြသည်။

နှစ်နှစ်တစ်ကြိမ် ကျင်းပသည့် အဆိုပါ အစားအစာပွဲတော်တွင် မြန်မာနိုင်ငံမှ အကောင်းဆုံးအစား အစာဆု (Winning Price of Special Dish in the International Gastronomy Festival) ဆုကို ရရှိ ခဲ့ခြင်းဖြစ်သည်။

ယင်းပွဲတော်တွင် မြန်မာ့အစားအစာပြခန်းတွင် လာ ရောက်လေ့လာ ကြည့်ရှုသူများအား မြန်မာ့အစားအစာများ ဖြစ်သည့် လက်ဖက်၊ မန်ကျည်းပလိတ်၊ မြေပဲယို စသည်တို့ကို အမြည်းစားသုံးနိုင် ရန်အခမဲ့စီစဉ်ပေးခဲ့ကြောင်း သိရ သည်။

''ကျွန်တော်တို့အဖွဲ့က စုစုပေါင်း ခြောက်ဦး ပါဝင်ပါတယ်။ စားဖိုမှူး ခေါင်းဆောင်တစ်ဦးနဲ့ စားဖိုမှူးသုံးဦး အပြင်ကြီးကြပ်သူနှစ်ဦး ပါဝင်ပါတယ်။ အဓိကဖြစ်တဲ့ ကြက်သားနဲ့အခြား ချက်ပြုတ်စရာတွေကို ဗီယက်နမ် နိုင်ငံရောက်မှ ဝယ်ယူပြီးချက်ပြုတ် ကြတာဖြစ်ပါတယ်။

အဓိကခင်းကျင်း ပြသခဲ့တာတော့ စစ်ကိုင်းထမင်း ဆီဆမ်းနဲ့ ကြက်သားကြော်၊ နန်းပြားသုပ်၊ ရွှေတောင်ခေါက်ဆွဲ တို့ဖြစ်ပါတယ်။ အဲဒီသုံးမျိုးစလုံး ကို ပွဲတော်လာပရိသတ်တွေ အလွန် ကြိုက်နှစ်သက်ကြပါတယ်။ အကြိုက် ဆုံးကတော့ နန်းပြားသုပ်ပါပဲ'' ဟု ၄င်းက ဆက်လက်ပြောကြား သည်။

အဆိုပါပွဲတော်သို့ မြန်မာ၊ လာအို၊ တောင်ကိုရီးယား၊ မလေးရှား၊ တရုတ် (တိုင်ပေ)၊ ကမ္ဘောဒီးယား၊ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့မှ လာရောက် ပါဝင်ဆင်နွှဲခဲ့ကြသည်။ ယင်းပွဲတော်တွင် ကမ္ဘောဒီးယား နိုင်ငံကလည်း အစားအစာဆိုင်ရာ ဆုတစ်ဆုရရှိခဲ့ပြီး ပြခန်းအကောင်း ဆုံးဆုကို မလေးရှားနိုင်ငံက ရရှိသွား ခဲ့သည်။

ယင်းပွဲတော်တွင် မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းမှ မြန်မာ့ရိုးရာချက်ပြုတ်နည်း များကိုပြသခဲ့ပြီး မြန်မာအစားအစာ များကို ရောင်းချခဲ့ရာတွင်လည်း လူကြိုက်များခဲ့သည်။ ယခုပွဲတော်၌ ပါဝင်ဆင်နွှဲကြခြင်းဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့များကို ဖော်ထုတ် ပြသနိုင်ခဲ့ပြီး ပါဝင်ဆင်နွှဲခဲ့ကြသည့် နိုင်ငံများနှင့်လည်း ချစ်ကြည်ရင်းနှီးမှုများပိုမိုရရှိခဲ့သည်။

အဆိုပါပွဲတော်ကို ဗီယက်နမ် နိုင်ငံ ယဉ်ကျေးမှု အားကစားနှင့် ခရီးသွား လုပ်ငန်း ဝန်ကြီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။

(မြန်မာ့အလင်း)

  မြန်မာတို့ နိုင်ငံတကာဆု ရရှိ ခဲ့ပြန်ပြီ၊ ဗီယက်နမ်နိုင်ငံ ဟွေးမြို့ တွင် ဧပြီ ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့သည့် ဗီယက်နမ်နိုင်ငံတကာ အစားအစာပွဲတော်တွင် မြန်မာအဖွဲ့ သွားရောက်ဆင်နွှဲခဲ့ရာ မြန်မာ အစားအစာဖြစ်သည့် နန်းပြားသုပ် အပါအဝင် အစားအစာအချို့၌ အစားအသောက် အကောင်းဆုံး ရရှိ ခဲ့သည်။  ရွေးချယ်ချီးမြှင့်
''ဒီပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုပြီး မြန်မာနိုင်ငံစားသောက် ဆိုင်လုပ်ငန်းရှင်အသင်းမှ ကိုယ်စား လှယ် အဖွဲ့တစ်ဖွဲ့ သွားရောက်ဆင်နွှဲ တာပါ။ ဒီပွဲတော်မှာ နိုင်ငံပေါင်းရှစ် နိုင်ငံက လာရောက်ဆင်နွှဲခဲ့ကြပြီး မြန်မာ့အစားအစာဖြစ်တဲ့ နန်းပြား သုပ်ကို အကဲဖြတ်ဒိုင်လူကြီးတွေက စနစ်တကျစစ်ဆေးပြီး အကောင်းဆုံး အစားအစာအဖြစ် ရွေးချယ်ပြီး ချီးမြှင့်ခဲ့ခြင်းဖြစ်ပါတယ်'' ဟု ဗီယက် နမ်နိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဧပြီ ၂၄ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂ဝ က လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာသော မြန်မာ နိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင် အသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးပြည့်ဝေဖြိုးက ခရီးရောက်မဆိုက် ပြောပြသည်။

နှစ်နှစ်တစ်ကြိမ် ကျင်းပသည့် အဆိုပါ အစားအစာပွဲတော်တွင် မြန်မာနိုင်ငံမှ အကောင်းဆုံးအစား အစာဆု (Winning Price of Special Dish in the International Gastronomy Festival) ဆုကို ရရှိ ခဲ့ခြင်းဖြစ်သည်။

ယင်းပွဲတော်တွင် မြန်မာ့အစားအစာပြခန်းတွင် လာ ရောက်လေ့လာ ကြည့်ရှုသူများအား မြန်မာ့အစားအစာများ ဖြစ်သည့် လက်ဖက်၊ မန်ကျည်းပလိတ်၊ မြေပဲယို စသည်တို့ကို အမြည်းစားသုံးနိုင် ရန်အခမဲ့စီစဉ်ပေးခဲ့ကြောင်း သိရ သည်။

''ကျွန်တော်တို့အဖွဲ့က စုစုပေါင်း ခြောက်ဦး ပါဝင်ပါတယ်။ စားဖိုမှူး ခေါင်းဆောင်တစ်ဦးနဲ့ စားဖိုမှူးသုံးဦး အပြင်ကြီးကြပ်သူနှစ်ဦး ပါဝင်ပါတယ်။ အဓိကဖြစ်တဲ့ ကြက်သားနဲ့အခြား ချက်ပြုတ်စရာတွေကို ဗီယက်နမ် နိုင်ငံရောက်မှ ဝယ်ယူပြီးချက်ပြုတ် ကြတာဖြစ်ပါတယ်။

အဓိကခင်းကျင်း ပြသခဲ့တာတော့ စစ်ကိုင်းထမင်း ဆီဆမ်းနဲ့ ကြက်သားကြော်၊ နန်းပြားသုပ်၊ ရွှေတောင်ခေါက်ဆွဲ တို့ဖြစ်ပါတယ်။ အဲဒီသုံးမျိုးစလုံး ကို ပွဲတော်လာပရိသတ်တွေ အလွန် ကြိုက်နှစ်သက်ကြပါတယ်။ အကြိုက် ဆုံးကတော့ နန်းပြားသုပ်ပါပဲ'' ဟု ၄င်းက ဆက်လက်ပြောကြား သည်။

အဆိုပါပွဲတော်သို့ မြန်မာ၊ လာအို၊ တောင်ကိုရီးယား၊ မလေးရှား၊ တရုတ် (တိုင်ပေ)၊ ကမ္ဘောဒီးယား၊ စင်ကာပူနှင့် ဗီယက်နမ်နိုင်ငံတို့မှ လာရောက် ပါဝင်ဆင်နွှဲခဲ့ကြသည်။ ယင်းပွဲတော်တွင် ကမ္ဘောဒီးယား နိုင်ငံကလည်း အစားအစာဆိုင်ရာ ဆုတစ်ဆုရရှိခဲ့ပြီး ပြခန်းအကောင်း ဆုံးဆုကို မလေးရှားနိုင်ငံက ရရှိသွား ခဲ့သည်။

ယင်းပွဲတော်တွင် မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းမှ မြန်မာ့ရိုးရာချက်ပြုတ်နည်း များကိုပြသခဲ့ပြီး မြန်မာအစားအစာ များကို ရောင်းချခဲ့ရာတွင်လည်း လူကြိုက်များခဲ့သည်။ ယခုပွဲတော်၌ ပါဝင်ဆင်နွှဲကြခြင်းဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့များကို ဖော်ထုတ် ပြသနိုင်ခဲ့ပြီး ပါဝင်ဆင်နွှဲခဲ့ကြသည့် နိုင်ငံများနှင့်လည်း ချစ်ကြည်ရင်းနှီးမှုများပိုမိုရရှိခဲ့သည်။

အဆိုပါပွဲတော်ကို ဗီယက်နမ် နိုင်ငံ ယဉ်ကျေးမှု အားကစားနှင့် ခရီးသွား လုပ်ငန်း ဝန်ကြီးဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။

(မြန်မာ့အလင်း)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..