လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, April 10, 2014

ကလေးများအ၀လွန်မှုအပေါ်တွင် မိဘအုပ်ထိန်းမှုပုံစံက များစွာသက်ရောက်မှုရှိ

Photo: ကလေးများအ၀လွန်မှုအပေါ်တွင် မိဘအုပ်ထိန်းမှုပုံစံက များစွာသက်ရောက်မှုရှိ
----------------------------------------------------------------------------------

မိဘအမျိုးမျိုးမှာ မိမိတို့ရဲ့ ကလေးကို ဘယ်လိုစောင့်ရှောက်ရမယ်ဆိုတဲ့ အမြင်အမျိုးမျိုးရှိကြပါတယ်။ တချို့က ကလေးတွေကို အ ကျိုးအကြောင်းတွေရှင်းပြပြီး ဆုံးမတတ်သလို အချို့ကတော့လိုက်နာရမယ့် စည်းကမ်းလေးတွေ ချမှတ်ပြီး စောင့်ရှောက်လေ့ရှိပါတယ်။ Mont real’s McGill University မှ အဖွဲ့ ၏ လေ့လာမှုအရမိဘများရဲ့အုပ်ထိန်းစောင့်ရှောက်ပုံဟာ ကလေးတွေရဲ့ခန္ဓာကိုယ် အလေးချိန်အပေါ်ကို သက်ရောက်မှုရှိကြောင်း သိရပါ တယ်။ လေ့လာသူအဖွဲ့ဟာ ကနေဒါနိုင်ငံသားကလေးပေါင်း ၃၇၅၇၇ ဦးအား မွေးစမှ အသက် ၁၁ နှစ်အထိ အဆင့်အတန်းအမျိုးမျိုးမှကလေးများနှင့် ၎င်းတို့၏မိဘများ ကြားဆက်ဆံမှုကို စောင့်ကြည့်ခဲ့သည်။ထို့နောက် မိဘများအား သားသမီးအုပ်ထိန်းမှု နှင့်ပတ်သက်၍ မည်ကဲ့သို့သဘော ထားကြောင်း မေးခွန်းများမေးခဲ့ပြီး ကလေးများ၏ ခန္ဓာကိုယ်အလေးချိန် နှင့်အရပ်အချိုးအစား BMI အား တိုင်းခဲ့ကြသည်။ ရလဒ်များအရ အကျိုးအကြောင်းပြောဆိုရှင်းပြခြင်း မလုပ်ဘဲ စည်းမျဉ်းများချမှတ်ထားသော မိသားစုမှ ကလေးများသည် အသက် ၂ နှစ်မှ ၅ နှစ်အတွင်း အ၀လွန်နိုင်ချေ ၃၀%ပိုများပြီး အသက် ၆ နှစ်မှ ၁၁ နှစ်အတွင်းတွင် ၃၇% ထိပိုများလာကြောင်း တွေ့ရသည်။ မိသားစု၏၀င်ငွေအဆင့်အတန်း၊ ပတ်ဝန်းကျင်အသိုင်းအ၀န်းတို့ကလည်း BMI အပေါ် သက်ရောက်မှုရှိပေမယ့် မိဘအုပ်ထိန်းမှုပုံစံကသာ ကလေးများ၏ကိုယ်အလေးချိန် အပေါ်သက်ရောက်မှုအရှိဆုံးဖြစ်ကြောင်း တွေ့ခဲ့ရသည်။

အ၀င်း
ref:Netdoctor.co.uk

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..