လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, April 27, 2014

ဖခင်အတွက် အလုပ်ရှာပေးရန် သမ္မတကတော်ကို အကူအညီတောင်းသည့် ကလေးမလေး

Photo: ဖခင်အတွက် အလုပ်ရှာပေးရန် သမ္မတကတော်ကို အကူအညီတောင်းသည့် ကလေးမလေး
Saturday, April 26, 2014

(၁၀)နှစ်သမီးလေးသည် ဖခင်၏ အလုပ်လျှောက်လွှာကို ကိုင်ဆောင်ကာ အမေရိကန်သမ္မတကတော် မစ်ချယ်လ်အိုဘားမား၏ လက်ထဲသို့ ထည့်ပေးခဲ့

ချာလော့တီဘဲလ် အနေဖြင့် သူမ၏ဖခင် အလုပ်လက်မဲ့ ဖြစ်နေပြီး စိတ်လက်မရွှင်လန်းသည်ကို သဘောပေါက်ခဲ့သည်။ ထို့ကြောင့်လည်း သူမအနေဖြင့် ဖခင်ကို ကူညီပေးနိုင်မည့်သူ တစ်ဦးကို ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။ ချာလော့တီ အနေဖြင့် သူမစိတ်ကူးထားသူကိုလည်း အမှန်တကယ် တွေ့ဆုံခွင့် ရခဲ့ပြီး လက်တွေ့လည်း အကူအညီ တောင်းခံခဲ့သည်။ (၁၀)နှစ်သမီးလေးသည် ဖခင်၏ အလုပ်လျှောက်လွှာကို ကိုင်ဆောင်ကာ အမေရိကန်သမ္မတကတော် မစ်ချယ်လ်အိုဘားမား၏ လက်ထဲသို့ ထည့်ပေးခဲ့လေသည်။

အိမ်ဖြူတော်တွင် ပြုလုပ်သည့် သားသမီးများကို အလုပ်ခွင်သို့ ခေါ်ယူလာရေးနေ့ အခမ်းအနားတွင် ချာလော့တီသည် မစ်ချယ်လ်နှင့် တွေ့ဆုံခွင့် ရခဲ့သည်။ ငယ်ငယ်ရွယ်ရွယ် ကလေးမလေးသည် ကြာသပတေးနေ့က အိမ်ဖြူတော်တွင် ကျင်းပသော အခမ်းအနား၌ သူမ၏ ဖခင်အတွက် အခွင့်အရေးကို မရွံ့မရဲဖြင့် ရှာဖွေခဲ့ခြင်း ဖြစ်သည်။ အမေးအဖြေ ကဏ္ဍအတွက် မစ်ချယ်လ်က ကလေးငယ်များကို ခွင့်ပြုချက် ပေးခဲ့သည့်အခါ ချာလော့တီက မေးခွန်းမမေးဘဲ သူမ၏ ဖခင်အတွက် အကူအညီ တောင်းခံခဲ့ခြင်းဟု သိရသည်။ “သမီးဖေဖေက အလုပ်မလုပ်ရတာ (၃)နှစ်လောက် ရှိပါပြီ။ သမီးက သူ့အလုပ်လျှောက်လွှာကို ဒေါ်ဒေါ့်ဆီ ပေးချင်တယ်”ဟု ချာလော့တီက ဆိုသည်။

မစ်ချယ်လ်သည် ကလေးမလေး၏ အပြုအမူကြောင့် အတန်ငယ် ထိခိုက်ခံစားသွားရဟန်ရှိသည်။ “ဘုရားရေ”ဟု ရေရွတ်ပြီး သမ္မတ ဘာရတ်အိုဘားမား၏ ဇနီးဖြစ်သူက ချာလော့တီကို ယုယကြင်နာစွာ ပွေ့ဖက်ခဲ့သည်။ ထို့နောက် သူမက “ကောင်းပြီ။ ဒါက နည်းနည်းတော့ ကိုယ်ရေးကိုယ်တာ ဆန်နေတယ်။ ဒါပေမဲ့ ဒီကလေးမလေး သူ့ဖေဖေအတွက် သူတစ်ခုခု လုပ်ပေးခဲ့တယ် မဟုတ်လား”ဟု မစ်ချယ်လ်က လျှောက်လွှာကို ပရိသတ်များဘက် ဝှေ့ယမ်းပြရင်း ပြောကြားခဲ့သည်။ ထို့နောက် သူမက လျှောက်လွှာကို လက်ခံယူထားမည်ဖြစ်ကြောင်း ချာလော့တီအား ကတိပြုခဲ့သည်။ ထို့အပြင် အခြားသော ကလေးငယ်များကိုလည်း မိမိတို့၏ ဖခင်များကို ချာလော့တီကဲ့သို့ အကူအညီပေးကြရန် တိုက်တွန်းခဲ့သေးသည်။ 

သမ္မတကတော်သည် အစီအစဉ်အပြီးတွင် ချာလော့တီ ပေးလိုက်သည့် လျှောက်လွှာကို အလေးထား ယူဆောင်သွားကြောင်းလည်း သိရသည်။ ချာလော့တီ၏ မိခင်က သူမသည် စီမံရေးရာ ဝန်ထမ်းတစ်ဦးဖြစ်ပြီး ခင်ပွန်းမှာမူ (၂၀၁၂)ခုနှစ်က အိုဘားမား၏ ရွေးကောက်ပွဲအတွက် စည်းရုံးလှုံ့ဆော်ပေးခဲ့ပြီးနောက်ပိုင်း အလုပ်လက်မဲ့ ဖြစ်နေကြောင်း APသို့ ပြောကြားခဲ့သည်။ အမည် ဖော်ပြရန် ငြင်းဆိုသော အဆိုပါ အမျိုးသမီးက “ကျွန်မရဲ့ ခင်ပွန်းက (၂၀၁၂)ခုနှစ်၊ ရွေးကောက်ပွဲ လှုပ်ရှားမဲဆွယ်မှုတွေ ပြီးကတည်းက အလုပ်ရှာမရဘဲ ဖြစ်နေခဲ့တာပါ။ အဲဒီကတည်းက သူက နိုင်ငံရေး အလုပ်တစ်ခုခု ရချင်လို့ လိုက်ရှာနေခဲ့ပါတယ်”ဟု ဖွင့်ဟခဲ့သည်။

ချာလော့တီတို့ မိသားစုသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က အလုပ်ရှာရန်အတွက် သမ္မတကတော်ကို အကူအညီတောင်းလျှင် ကောင်းလိမ့်မည်ဟု အရွှမ်းဖောက် ပြောဆိုဖြစ်ခဲ့ကြောင်း သိရသည်။ “အဲဒီတုန်းက ကျွန်မတို့ ပြောဖြစ်ခဲ့ကြတာ အမှန်ပါပဲ။ ဒါပေမဲ့ သမီးလေးက တကယ် အတည်ပေါက်ကြီး ကြိုးစားကြည့်လိမ့်မယ်လို့တော့ လုံးဝ မထင်ခဲ့မိဘူး”ဟု သူမက ဝန်ခံသွားခဲ့သည်။

Planet Myanmar Network

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..