လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, April 29, 2014

ရာသီဥတုပူပြင်းလွန်း၍ ရာသီဥတုကောင်းလာစေရန် ဖား ၂ ကောင်အား မင်္ဂလာဆောင်ပေး

Photo: ရာသီဥတုပူပြင်းလွန်း၍ ရာသီဥတုကောင်းလာစေရန် ဖား ၂ ကောင်အား မင်္ဂလာဆောင်ပေး
Tuesday, April 29, 2014

အိန်္ဒိယနိုင်ငံ၊ အက်ဆန်ကျေးရွာ မှာ ပြုလုပ်ခဲ့တဲ့ ပွဲတော် တစ်ခုက ထူးခြား လို့ နေခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီပွဲတော်မှာ ဖားနှစ်ကောင် ကို မင်္ဂလာဆောင်ပေးခဲ့ခြင်း ကြောင့်ဖြစ်ပါတယ်။

အိန်္ဒိယနိုင်ငံမှာ ပူပြင်း လှတဲ့ ရာသီဥတုကို ကြုံတွေ့နေရတာမို့ လယ်သမား တွေဟာ လယ်ယာလုပ်ငန်း ကိုဝင်နိုင်ဖို့ အခက်တွေ့နေပါတယ်။ ဒါကြောင့်မို့ ရာသီဥတု သာယာစေဖို့ ရည်ရွယ်ချက်နဲ့ ရှေးရိုး အစဉ် အလာအတိုင်း ဖားနှစ်ကောင်ကို လက်ထပ် ပေးခဲ့ ခြင်း ဖြစ်ပါတယ်။

ဒီပွဲတော်ကို အမျိုး သမီးတွေက ဦးစီးကျင်းပခဲ့ခြင်းဖြစ်ပြီး တက် ရောက်လာတဲ့ ပရိသတ်က ရာနဲ့ချီ ရှိတယ်လို့ သိရပါတယ်။ အမျိုးသမီး တွေဟာ ဖားနှစ်ကောင် ကို ဟိန္ဒူရိုးရာအစဉ်အလာအတိုင်း လက်ထပ် ပေးခဲ့ခြင်း ဖြစ်ပါတယ်။

ဖားတွေကို တန်ဖိုးကြီး အ၀တ် အထည်တွေနဲ့ ထုပ်ပိုးပြီး ခေါင်းပေါ် မှာ အနီစက်ကလေးတွေကို တို့ပေး ခဲ့ပါတယ်။ ဒီနောက် ဖောင်ပုံစံပြုလုပ်ပြီး မြစ်ချောင်းထဲ မျှောပေး လိုက်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ ရာသီဥတုသာယာပြီး မိုးရွာစေမယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့် ဖြစ်ပါတယ်။

Credit To: The Messenger

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..