ကမာရွတ်မြို့နယ်၊(၇)ရပ်ကွက်၊ပြည်လမ်းနှင့် ကျွန်တောလမ်းကြား
Junction Square စင်တာရှိ မန်နေဂျာ ဒေါ်မျိုးမမလွင်၏ Rose Mary
စိန်ရွှေရတနာဆိုင်၌ နိုင်ငံခြားသားဟုယူဆရသော ကုလားအမျိုးသား(၂)ဦးမှ စိန်ထည်ပစ္စည်းများကြည့်ရှုကာမ၀ယ်ဘဲထွက်သွားစဉ် အသဲပုံစိန်လော့ကတ်
(၁)ခု၊ ကာလတန်ဘိုးငွေကျပ်(၁၁၈၀၀၀၀၀)နှင့် မိုးစက်ပုံစိန်လေ့ကတ်(၁)ခု၊ ကာလတန်ဘိုးငွေကျပ် (၉၆၃၀၀၀၀)ခန့်တို့ခိုးယူသွားသဖြင့် ကမာရွတ်မြို့မရဲစခန်း(ပ)၁၄၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။
အမှုမှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်
ခဲ့ရာ ပြစ်မှုကျူးလွန်သူ (၂)ဦး၏ဓါတ်ပုံများကို ရှာဖွေရရှိခဲ့သဖြင့် ရန်ကုန်
အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပူးပေါင်းအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံး၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင် အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ၊ ကမာရွတ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များမှ လေဆိပ်တွင်စောင့်ဆိုင်း၍စိစစ်ရှာဖွေခဲ့ရာ ၁၀.၄.၂၀၁၄ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် ထိုင်းလေကြောင်းခရီးစဉ် TG-304၊
လေယာဉ်အမှတ် HS-TEK၊ လေယာဉ်အမျိုးအစား A-330 ဖြင့် လိုက်ပါမည့်
ခရီးသည်များအနက် ၎င်းတို့(၂)ဦးကိုတွေ့ရှိခဲ့သဖြင့် စစ်ဆေးရှာဖွေခဲ့
ပါသည်။
 
ထိုသို့စစ်ဆေးရှာဖွေခဲ့ရာ ၎င်းတို့မှာ ပါကစ္စတန်နိုင်ငံသားများဖြစ်ကြသည့် Mr.Ali Asifi နှင့် Mr. Hussain Baqir တို့ဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့၏
ခရီးဆောင်အိတ်အတွင်းမှ အမှုမှခိုးယူခံရသည့် အသဲပုံစိန်လော့ကတ်
(၁)ခုနှင့် မိုးစက်ပုံစိန်လေ့ကတ်(၁)ခုတို့ကို ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့
ပါသည်။
 
ယင်းကဲ့သို့ပြစ်မှုကျူးလွန်သူ ပါကစ္စတန်နိုင်ငံသားများဖြစ်ကြသည့် Mr.Ali Asif နှင့် Mr. Hussain Baqir တို့(၂)ဦးကို အမှုဖြင့်ဖမ်းဆီးစစ်ဆေးကာ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
 
Yangon Police

No comments:
Post a Comment