လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, April 27, 2014

တယ်လီနော တာဝါတိုင် ၂၄၀၀ ဆောက်မည်

Photo: တယ်လီနော တာဝါတိုင် ၂၄၀၀ ဆောက်မည်

လုပ်ငန်း စတင်ပြီး ၁ နှစ်တာ ကာလအတွင်း ဆက်သွယ်ရေး အော်ပရေတာ လိုင်စင် ရထားတဲ့ နော်ဝေပိုင် တယ်လီနောကုမ္ပဏီဟာ လက်ရှိ မြန်မာ့ဆက်သွယ်ရေးက စိုက်ထူထားတဲ့ တာဝါတိုင်အရေအတွက်ကို ကျော်လွန်ပြီး အခြေခံ အဆောက်အဦနဲ့ တာဝါတိုင် စုစုပေါင်း ၂၄၀၀ စိုက်ထူသွားမယ်လို့ ကုမ္ပဏီက ထုတ်ပြန်ကြေညာပါတယ်။

တာဝါတိုင် စိုက်ထူရေးအတွက် စင်ကာပူအခြေစိုက် စိမ်းလမ်းသော ဧရာဝတီ နည်းပညာ ကုမ္ပဏီနဲ့ အိန္ဒိယအခြေစိုက် အပိုလိုတာဝါ ကုမ္ပဏီတွေကို ဆပ်ကန်ထရိုက် ပေးထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိအချိန်ထိ မြန်မာ့ဆက်သွယ်ရေးဟာ တာဝါတိုင် ၂၀၀၀ ကျော် စိုက်ထူထားပြီး အော်ရီဒူးကုမ္ပဏီကလည်း တာဝါတိုင်တွေ စိုက်ထူနေပါတယ်။
နောက်ပိုင်း အော်ပရေတာတွေအားလုံး တာဝါတိုင်တွေကို မျှဝေသုံးစွဲကြမယ်လို့ မြန်မာ့ ဆက်သွယ်ရေး တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

DVB Burmese

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..