လူစီးယားနားပြည်နယ် Jefferson Davis ခရိုင် (parish) မှာ ဘောင်းင်္ကျီအား အလွန်အောက်ချဝတ်သူများကို တားမြစ် လိုက်တယ်လို့ ဆိုပါတယ်။
အများပြည်သူရှိရာ နေရာများတွင် ဘောင်းင်္ကျီအား ခါးအောက်ချကာ ဝတ်ခြင်း၊ အသားပေါ်ခြင်း သို့မဟုတ် အောက်ခံဘောင်းင်္ကျီပေါ်သော လူများအား ပထမအဆင့် အနေဖြင့် ဒေါ်လာ ၅၀ ဒဏ်ရိုက်သွားမှာဖြစ်ပြီး ထပ်မံကျူးလွန်ကြောင်း တွေ့ရှိပါက ဒေါ်လာ ၁၀၀ ထပ်မံဒဏ်ရိုက်သွားမှာ ဖြစ်တယ်လို့ American Press က ဖော်ပြခဲ့ပါတယ်။
ဒီခရိုင်ဥပဒေကို ဒေသဆိုင်ရာ အစိုးရက ဗုဒ္ဓဟူးနေ့က ပြဌာန်းခဲ့တာဖြစ်ပြီး ဒီလိုဘောင်းင်္ကျီ လျော့တိလျော့ရဲဝတ်တာဟာ ဒေသတွင်းမှာ ပြဿ နာဖြစ်နေတာ တော်တော်ကြာပြီလို့ ဒေသဆိုင်ရာ အစိုးရအဖွဲ့ဝင်တစ်ဦးဖြစ်သူ စတိဗ်အိစ်မန်း က ပြောကြားခဲ့ပါတယ်။
“တရားရုံးနယ်မြေနားက လုံခြုံရေးအရာရှိတွေဆီက မကျေနပ်သံတွေကို ရခဲ့တာ။ တရားရေးနယ်မြေမှာတောင် လေးလေးစားစား မဝတ်တဲ့ လူတွေရှိတယ်ဆိုတဲ့ ပြဿနာတွေပါ”လို့ သူက KPLC ကို ပြောကြားခဲ့ပါတယ်။
“ဒါကြောင့် ပထမတော့ တရားရုံးနယ်မြေတွေမှာပဲ လုပ်မလို့။ အခြားလူကြီးတွေကလည်း ခရိုင်ကြီး တစ်ခုလုံးလုပ်ဖို့ အရေးကြီးတယ်လို့ ထင်ကြတယ်လေ” လို့ ၄င်းက ပြောကြားခဲ့ပါတယ်။
ဒီလို ဘောင်းင်္ကျီချက်ပြုတ်ဝတ်တဲ့ အလေ့ဟာ ခါးပတ်ဝတ်ခွင့်မရတဲ့ ထောင်တွင်းအကျဉ်းသားများမှ စတင်ခဲ့တာဖြစ်ပြီး ဒီပုံစံကို ၁၉၉၀ခုနှစ်တွေမှာ ဟစ်ဟော့ပ် အနုပညာရှင်တွေက စတင်ကူးချခဲ့တာဖြစ်တယ်လို့ DailyMail ကဖော်ပြခဲ့ပါတယ်။
နိုင်ငံသားလွပ်ခွင့်ပိုင်းဆိုင်ရာ အဖွဲ့တွေကတော့ ပြင်ဆင် ဖြည့်စွက်ချက်ဥပဒေ ပုဒ်မ ၁၄အရ ဒီလိုတားမြစ်မှုတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်ဘူးလို့ ဆိုပါတယ်။

No comments:
Post a Comment