လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, March 5, 2014

တရုတ်နိုင်ငံမှ နာမည်ကြီးဆိုင်ကယ် ကုမ္ပဏီများစုပေါင်းကာ မန်းတွင် MOTOEXPO ပြပွဲပြုလုပ်သွားမည်

Photo: တရုတ်နိုင်ငံမှ နာမည်ကြီးဆိုင်ကယ် ကုမ္ပဏီများစုပေါင်းကာ မန်းတွင် MOTOEXPO ပြပွဲပြုလုပ်သွားမည်

တရုတ်နိုင်ငံမှ နာမည်ကြီးဆိုင်ကယ်ကုမ္ပဏီများ စုပေါင်းကာ MOTOEXPO  ပြပွဲကို ၂၀၁၄ ခုနှစ် မတ်လ ၄၊ ၅၊ ၆ ရက်နေ့များတွင် မန္တလေးမြို့ Mandalay Hill Resort ဟိုတယ်တွင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

ပြပွဲကို တရုတ်နိုင်ငံကုန်သွယ်ရေး အဖွဲ့အစည်း၊ တရုတ်နိုင်ငံ အပြည်ပြည် ဆိုင်ရာ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အကြံပေးကုမ္ပဏီနှင့် မန္တလေးတိုင်းဒေသကြီး စက်မှုနှင့် ကုန်သည်ကြီးများအသင်း (MRCCI) က တာဝန်ယူကာ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ အကြီးဆုံး မော်တော်ဆိုင်ကယ်ထုတ်လုပ်သည့် ကုမ္ပဏီကြီး ၁၃ ခုမှ ပြခန်း ၈၀ ကျော်ခန်းဖြင့် နောက်ဆုံးပေါ်ဆိုင်ကယ်များကို ဦးစားပေး ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 

သုံးဘီးမော်တော်ဆိုင်ကယ်များကိုလည်း ထည့်သွင်းပြသသွားမည်ဖြစ်သလို မြန်မာနိုင်ငံဈေးကွက်အတွင်း လူကြိုက်များသည့် အင်ဂျင်ပါဝါ ၂၀၀ စီစီနှင့် ၂၀၀ စီစီအောက် တရုတ်နိုင်ငံထုတ် မော်တော်ဆိုင်ကယ်များ အများဆုံး ပါဝင်မည်ဟု သိရသည်။ 

မြန်မာနိုင်ငံသို့ နှစ်စဉ်တရုတ်မော်တော်ဆိုင်ကယ် ၇ သိန်းဝန်းကျင် တင်ပို့ လျက်ရှိပြီး ယခုနှစ်လည်း စီးရေ ၈ သိန်းခန့် တင်ပို့ရောင်းချမည်ဖြစ်ကြောင်း တရုတ်နိုင်ငံကုန်သည်ကြီးများအသင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံမှ မော်တော်ဆိုင်ကယ် ထုတ်လုပ်တပ်ဆင်ခြင်း လုပ်ငန်းများ လာရောက်ရန် မန္တလေးတိုင်းဒေသကြီး စက်မှုနှင့် ကုန်သည်ကြီး များအသင်း (MRCCI) မှလည်း ဖိတ်ခေါ်ထားကြောင်း သိရသည်။ 

မြန်မာနိုင်ငံတွင် အကြီးမားဆုံး MOTO EXPO ပြပွဲတစ်ပွဲဖြစ်ပြီး ယမန်နှစ် ကလည်း မန္တလေးမြို့တွင် အိန္ဒိယနိုင်ငံမှ မော်တော်ဆိုင်ကယ်ပြပွဲ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် မော်တော်ဆိုင်ကယ်များကို အင်ဂျင်ပါဝါ ၆၀၀ စီစီအထိ ထုတ်လုပ်ခွင့်ရရှိပြီး တရုတ်မော်တော်ဆိုင်ကယ် ထုတ်လုပ်သည့် ကုမ္ပဏီများမှ ကမ္ဘာ့နိုင်ငံပေါင်း (၁၉၀) ကျော်သို့ မော်တော် ဆိုင်ကယ်များ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

Internet Journal

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..