လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, March 4, 2014

တရားမဝင် ကျည်ကာ အင်္ကျီများ ထုတ်လုပ် ရောင်းချသူ ဖမ်းဆီး ရမိ

မန္တလေးတိုင်း ဒေသကြီး ချမ်းအေး သာဇံမြို့နယ် အောင်နန်းရိပ်သာ အရှေ့ အကွက် (၅၅၂) ၃၄လမ်းနှင့် ၃၅လမ်းကြား၊ ၈၃လမ်းနှင့် ၈၄လမ်းကြားရှိ အနောက်အပ်ချုပ် ဗလီဝင်း အတွင်း၌ ရဲနဒီ ကူရှင်ချုပ်ဆိုင်မှ ဦးဇော်ဝင်းနှင့် ဦးခင်မောင်ဌေး(ခ)ရာရာတို့သည် ကျည်ကာ အင်္ကျီများ ချုပ်လုပ် ဖြန့်ဖြူးနေကြောင်း သတင်း ရရှိသဖြင့် ယမန်နေ့ ညနေ ၃နာရီက ချမ်းအေးသာဇံ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အုန်းခင် ဦးစီးသော ပူးပေါင်း တပ်ဖွဲ့ဝင်များသည် ဦးဇော်ဝင်းနှင့် ဦးခင်မောင်ဌေး(ခ) ရာရာ(ဘ) ဦးဘမောင်တို့၏ နေအိမ်များသို့ ဝင်ရောက် ရှာဖွေခဲ့သည်။
ထိုသို့ရှာဖွေရာ ဓား၊ လှံနှင့် ကျည်ကာကွယ်နိုင်သော ဝတ်စကုတ် အင်္ကျီနှစ်ထည်၊ မိုးကာဖျင်ဖြင့် ချုပ်ထားသော ကျည်ကာ ပျောက်ကျားဝတ်စကုတ် အင်္ကျီတစ်ထည်၊ ကျည်ကာအင်္ကျီအတွင်း ထည့်သွင်း အသုံးပြုရန်

သံမဏိပြား အကျယ် တစ်လက်မ စီရှိ အရှည် လေးပေ တစ်ချောင်း၊ အရှည် သုံးပေ တစ်ချောင်း၊ အရှည် တစ်ပေ ခုနစ်ချောင်း၊ ဖြတ်တောက်ပြီးစ သံမဏိပြား ၁၁ ချောင်းနှင့် ဓား၊လှံများကို သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ကျည်ကာအင်္ကျီများ အတွင်းတွင် သံမဏိပြား ရှေ့ကာ ၁၆ ပြား၊ နောက်ကာ ၁၆ ပြား စုစုပေါင်း ၃၂ ပြားဖြင့် ချုပ်လုပ် ထားရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ တရားမဝင် ကျည်ကာအင်္ကျီများနှင့်လက်နက်များ လက်ဝယ်ထား ပြုလုပ်ဖြန့်ဖြူး ရောင်းချသော ခင်မောင်ဌေး(ခ)ရာရာ(ဘ) ဦးဘမောင်အား အမှတ်(၈)ရဲစခန်းမှ အမှုဖွင့် တရားစွဲဆို တင်ပို့နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..