အရှေ့တောင်အာရှ အကြမ်းဖက် အဖွဲ့တစ်ဖွဲ့ဖြစ်သော Jemaah Islamiyah (JI) အဖွဲ့နှင့် ပတ်သက်နေသော အင်ဒိုနီးရှား နိုင်ငံသားတစ်ဦးကို ဘရူနိုင်းအစိုးရက ဖမ်းဆီးလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဖမ်းဆီးလိုက်သော အင်ဒိုနီးရှား နိုင်ငံသား ဒန်နီယယ်ခေါ် Awaluddin Sitorus သည် အင်ဒိုနီးရှား အခြေစိုက် အကြမ်းဖက် အဖွဲ့ဝင်တစ်ဦးဟု ယူဆရကြောင်း ဘရူနိုင်းတိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။
Awaluddin သည် ဘရူနိုင်း နိုင်ငံတွင်းသို့ အကြမ်းဖက်သမားများ ဝင်ရောက် ပုန်းခိုနိုင်စေရန်နှင့် ပြည်ပရှိ အကြမ်းဖက် အဖွဲ့များကို ငွေကြေး ထောက်ပံ့ရေး လမ်းကြောင်းအဖြစ် ဘရူနိုင်းနိုင်ငံကို အသုံးချနိုင်စေရန် ကြံစည်သည်ဟု သံသယ ရှိကြောင်း ဘရူနိုင်း လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပြောကြားချက်ကို ကိုကား၍ ဘရူနိုင်းတိုင်းမ် သတင်းစာတွင် ဖော်ပြထားသည်။
အသက် ၄၀ အရွယ်ရ Awaluddin သည် ၂၀၀၀ ပြည့်နှစ်မေလက အင်ဒိုနီးရှားနိုင်ငံ
မေဒန်မြို့တော်ရှိ ခရစ်ယာန် ဘုရားကျောင်း သုံးကျောင်းကို ဗုံးခွဲတိုက်ခိုက်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့် အင်ဒိုနီးရှား အစိုးရက ဖမ်းဆီး၍ တရားရုံးတင် စစ်ဆေးခဲ့သည်။
အဆိုပါအမှုနှင့် ပတ်သက်၍ သံသယရှိသူမှာ လွတ်မြောက်သွားခဲ့ပြီး ခရစ်ယာန် ဘုရားကျောင်း သုံးကျောင်းတွင် ထောင်ထားသော ဗုံးသုံးလုံးအနက် နှစ်လုံးကို ရှာဖွေ ဖျက်ဆီးနိုင်ခဲ့သော်လည်း ကျန်ဗုံးတစ်လုံး ပေါက်ကွဲ ခဲ့ခြင်းကြောင့် လူ ၂၃ ဦးဒဏ်ရာ ရရှိခဲ့သည်။
ယခုဖမ်းဆီးခံခဲ့ရသော သူသည် အင်ဒိုနီးရှားရှိ အကြမ်းဖက် အဖွဲ့တစ်ဖွဲ့ဖြစ်သော ကွာလာလမ်ပူ မူဂျာဟစ်ဒင် အဖွဲ့ခေါင်းဆောင်နှင့် အဆက်အသွယ်ရှိပြီး၊ ယမန်နှစ်က အကြမ်းဖက်သမားဟု သံသယရှိသူ တစ်ဦးကို ဘရူနိုင်းနိုင်ငံသို့ ဝင်ခွင့်ရစေရန် ကူညီခဲ့သည်ကို စုံစမ်းတွေ့ရှိရကြောင်း ဘရူနိုင်းရဲတပ်ဖွဲ့က ပြောကြားသည်။
ဘရူနိုင်းနိုင်ငံသည် တင်းကျပ်စွာ ထိန်းချုပ်လေ့ရှိသော မွတ်ဆလင် ပဒေသရာဇ်နိုင်ငံ ဖြစ်သော်လည်း အကြမ်းဖက် အဖွဲ့များကိုမူ ပြင်းပြင်းထန်ထန် နှိမ်နင်းလေ့ ရှိသည်။
The Voice Weekly
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment