၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ မတ်လ ၁ ရက်နေ့ကစပြီး ဝေးလံခေါင်းပါးပြီး ဘာသာစကား အခက်အခဲရှိတဲ့ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရှမ်းပြည်မြောက်ပိုင်း၊ ရှမ်းပြည်အရှေ့ပိုင်းဒေသတွေမှာ သတ်မှတ်ထားတဲ့ရက်ထက် ကြိုတင်ကောက်ယူသွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန၀န်ကြီး ဦးခင်ရီက ဒီနေ့ ပြောပါတယ်။နေပြည်တော်မှာရှိတဲ့ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာမှာ ဒီညနေ့ည ၆ နာရီခွဲမှာ စတင်ကျင်းပမယ့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူပွဲ ဖွင့်လှစ်တဲ့ အခမ်းအနားကို တက်ရောက်လာစဉ် သတင်းထောက်တွေကို ၀န်ကြီး ဦးခင်ရီက ရှင်းပြခဲ့တာပါ။
ဒီနေ့ဖွင့်လှစ်ပွဲကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က
အဖွင့်မိန့်ခွန်းပြောကြားပြီး ဒုတိယသမ္မတတွေက ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက တာဝန်ရှိသူတွေကို ခန့်အပ်လွှာတွေ ပေးအပ်မှာ ဖြစ်ပါတယ်။
ဒီနေ့ဖွင့်လှစ်ပွဲကို ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA၊ ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုနဲ့ အပစ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးအပြင် နိုင်ငံတကာက သံတမန်တွေ၊ နိုင်ငံခြားရောက် မြန်မာနိုင်ငံသံအမတ်ကြီးတွေ အပြင် နိုင်ငံရေးပါတီက ခေါင်းဆောင်တွေလည်း တက်ရောက်ကြပါတယ်။
RFA
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment