လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, March 5, 2014

ထိုင်းတောင်ပိုင်းတွင် မြန်မာအလုပ်သမားများ ရိုက်နှက်ခံရ

Photo: ထိုင်းတောင်ပိုင်းတွင် မြန်မာအလုပ်သမားများ ရိုက်နှက်ခံရ
Tuesday, March 4, 2014 

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ခိုရတ်မြို့နယ်မှာ မြန်မာနိုင်ငံက လာရောက် အလုပ်လုပ်ကိုင်နေတဲ့ ဆောက်လုပ်ရေး အလုပ်သမားတွေ ရိုက်နှက်ခံရပြီး သူတို့ပိုင်ဆိုင်တဲ့  ပစ္စည်းတွေလည်း ဖျက်ဆီးခံခဲ့ရပါတယ်။

မြန်မာအလုပ်သမားတွေ နေထိုင်တဲ့ အလုပ်သမားတန်းလျားကို မတ် ၃ ရက်နေ့ ည ၉ နာရီလောက်က ထိုင်းအလုပ်ရှင်နဲ့ အပေါင်းပါ ၄ ဦး ရောက်လာပြီး အလုပ်သမားတွေကို  ရိုက်နှက်ခဲ့သလို ပစ္စည်းတွေကိုလည်း ရိုက်ခွဲခဲ့တယ်လို့ အဆိုပါ တန်းလျားမှာ နေထိုင်တဲ့ မြန်မာ အလုပ်သမားတဦး ဦးယုက ဒီဗွီဘီကို ပြောပါတယ်။

“ညဘက် ၉ နာရီခွဲလောက် ရှိပြီ လာလုပ်သွားတာ။ ထိုင်းလိုပြောတာ ကျနော်တို့လည်း နားမလည်ဘူး။ ဆဲဆိုကြိမ်းမောင်းသွားတယ်။  ၅ ယောက်၊ အဲမှာ ၀င်လာတာ။ ကျနော်တို့ရဲ့ သူငယ်ချင်း ၃ ယောက်က အရက်သောက်နေတယ်။ သူတို့က ဘာမပြောညာမပြောနဲ့ ပုလင်းတွေ ရိုက်ခွဲတယ်။ ဆောင်းဘောက်ကို ရိုက်တယ်၊ လူကိုလည်း ရိုက်တယ်၊ တယောက်က ၁ ချက် ထိတယ်။ နောက်တယောက်က ၂ ချက် ထိတယ်။ ပိုက်လုံးနဲ့ ရိုက်တယ်။ တယောက်က ဗိုက်မှာ ခြစ်ရာ ထင်တယ်။”

ရိုက်နှက်မှုကြောင့် အလုပ်သမား ၃ ဦး  ဒဏ်ရာအနည်းငယ်ဆီ ရရှိခဲ့ပြီး ဆောင်းဘောက် နဲ့ လျှပ်စစ်ထမင်းအိုးတွေ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဒီဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြန်မာအလုပ်သမား ၂၀ ကျော် နေထိုင် အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

အလုပ်ရှင်က ခုလို ပြုမူတဲ့အပေါ်မှာ အလုပ်သမားတွေကြား မလုံခြုံသလို ဖြစ်နေပြီး အလုပ်သမား ၁၅ ယောက်က ဒီကနေ့ အလုပ်မဆင်းရဲကြောင်းနဲ့ ဒီကိစ္စ မြန်မာသံရုံးက အလုပ်သမားသံအရာရှိဆီ ဖုန်းဆက်တိုင်ကြားထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့  ဒီကိစ္စ သိရှိပြီး ဖြစ်ပါကြောင်း၊ အလုပ်ရှင်က အလုပ်သမားတွေက အရက်သောက်ပြီး ဆူညံမှုအတွက် လုပ်ရတာလို့ ဖြေခဲ့ကြောင်း၊ ဒါပေမယ့် ရှေ့ဆက် အလုပ်အတူ တွဲလုပ်ဖို့ အဆင်ပြေမှာ မဟုတ်တဲ့အတွက် အလုပ်သမားတွေကို အလုပ်သစ်ပြောင်းပေးဖို့ စီစဉ်နေ တယ်လို့   ဖြေကြားသွားပါတယ်။

DVB
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ခိုရတ်မြို့နယ်မှာ မြန်မာနိုင်ငံက လာရောက် အလုပ်လုပ်ကိုင်နေတဲ့ ဆောက်လုပ်ရေး အလုပ်သမားတွေ ရိုက်နှက်ခံရပြီး သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေလည်း ဖျက်ဆီးခံခဲ့ရပါတယ်။မြန်မာအလုပ်သမားတွေ နေထိုင်တဲ့ အလုပ်သမားတန်းလျားကို မတ် ၃ ရက်နေ့ ည ၉ နာရီလောက်က ထိုင်းအလုပ်ရှင်နဲ့ အပေါင်းပါ ၄ ဦး ရောက်လာပြီး အလုပ်သမားတွေကို ရိုက်နှက်ခဲ့သလို ပစ္စည်းတွေကိုလည်း ရိုက်ခွဲခဲ့တယ်လို့ အဆိုပါ တန်းလျားမှာ နေထိုင်တဲ့ မြန်မာ အလုပ်သမားတဦး ဦးယုက ဒီဗွီဘီကို ပြောပါတယ်။
“ညဘက် ၉ နာရီခွဲလောက် ရှိပြီ လာလုပ်သွားတာ။ ထိုင်းလိုပြောတာ ကျနော်တို့လည်း နားမလည်ဘူး။ ဆဲဆိုကြိမ်းမောင်းသွားတယ်။ ၅ ယောက်၊ အဲမှာ ၀င်လာတာ။ ကျနော်တို့ရဲ့ သူငယ်ချင်း ၃ ယောက်က အရက်သောက်နေတယ်။ သူတို့က ဘာမပြောညာမပြောနဲ့ ပုလင်းတွေ ရိုက်ခွဲတယ်။ ဆောင်းဘောက်ကို ရိုက်တယ်၊ လူကိုလည်း ရိုက်တယ်၊ တယောက်က ၁ ချက် ထိတယ်။ နောက်တယောက်က ၂ ချက် ထိတယ်။ ပိုက်လုံးနဲ့ ရိုက်တယ်။ တယောက်က ဗိုက်မှာ ခြစ်ရာ ထင်တယ်။”

ရိုက်နှက်မှုကြောင့် အလုပ်သမား ၃ ဦး ဒဏ်ရာအနည်းငယ်ဆီ ရရှိခဲ့ပြီး ဆောင်းဘောက် နဲ့ လျှပ်စစ်ထမင်းအိုးတွေ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဒီဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြန်မာအလုပ်သမား ၂၀ ကျော် နေထိုင် အလုပ်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

အလုပ်ရှင်က ခုလို ပြုမူတဲ့အပေါ်မှာ အလုပ်သမားတွေကြား မလုံခြုံသလို ဖြစ်နေပြီး အလုပ်သမား ၁၅ ယောက်က ဒီကနေ့ အလုပ်မဆင်းရဲကြောင်းနဲ့ ဒီကိစ္စ မြန်မာသံရုံးက အလုပ်သမားသံအရာရှိဆီ ဖုန်းဆက်တိုင်ကြားထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာမှာတော့ ဒီကိစ္စ သိရှိပြီး ဖြစ်ပါကြောင်း၊ အလုပ်ရှင်က အလုပ်သမားတွေက အရက်သောက်ပြီး ဆူညံမှုအတွက် လုပ်ရတာလို့ ဖြေခဲ့ကြောင်း၊ ဒါပေမယ့် ရှေ့ဆက် အလုပ်အတူ တွဲလုပ်ဖို့ အဆင်ပြေမှာ မဟုတ်တဲ့အတွက် အလုပ်သမားတွေကို အလုပ်သစ်ပြောင်းပေးဖို့ စီစဉ်နေ တယ်လို့ ဖြေကြားသွားပါတယ်။

DVB

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..