ထိုင်းနိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်နေကြသော မိဘများထံသို့ တရားမဝင် နည်းလမ်းဖြင့် ပို့ဆောင်သည့် အထောက်အထားမဲ့မြန်မာနိုင်ငံသား ကလေးခုနစ်ဦးအား ထိုင်းနိုင်ငံ တာ့ခ်ခရိုင် တာဝန်ရှိသူမျာ က ဖမ်းဆီးရမိကာ ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁ဝ နာရီခန့်က မြဝတီမြို့ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးဆိုင်ရာ ဆက်ဆံရေးရုံးသို့ လာရောက်အပ်နှံခဲ့ကြောင်း သိ ရသည်။တာ့ခ်ခရိုင် လဝက ရဲနှင့် လူမှုဖူလုံရေး အဖွဲ့တို့မှ လာရောက်အပ်နှံသည့် အသက်ခြောက်နှစ် ကလေးငယ်အပါအဝင် ခုနစ်ဦးတို့အား မြဝတီမှခရိုင်၊ မြို့ နယ်ရဲတပ်ဖွဲ့မှူး၊ လူကုန်ကူး တားဆီးနှိမ်နင်းရေးအဖွဲ့၊ အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့တို့က လက်ခံခဲ့ပြီး မိဘဆွေမျိုး အုပ်ထိန်းသူရှိရာသို့ အရောက်ပို့ပေး သွားမည်ဟု ဆိုသည်။
“ဒီကလေးတွေကို
တရားမဝင်နည်းလမ်း နဲ့ ခေါ်သွားလို့ မရပါဘူး။ မြန်မာနိုင်ငံဘက် မှာရှိတဲ့ အုပ်ထိန်းသူလက်ထဲကို လူမှုဝန်ထမ်း ဌာနမှတဆင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြန်လည်အပ်နှံသွားမှာ ဖြစ်ပါတယ်”ဟု မြဝတီခရိုင် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။
ယင်းကဲ့သို့ တာ့ခ်ခရိုင် လဝကမှ လာရောက်အပ်နှံသည့် ကလေးငယ်များတွင်က ရင်ပြည်နယ် ရန်ကုတ်ကျေးရွာမှ မောင်စည် သူ (၆) နှစ်၊ ကော့ကရိတ်မြို့နယ်မှ မောင်မုရ၊ ဇာသပြင်မှ မောင်ဝင်းလွင်ဦး(၁၇)နှစ်၊ မောင်တင့်လွင်ဦး(၁၃)နှစ်၊ မွန်ပြည်နယ် မုပ်ပလင်မှ မောင်ဝေယံကျော်(၁၆)နှစ်၊ သထုံမြို့နယ် ဒုံရင်းကျေးရွာမှ မောင်စည်သူအောင် (၁၃)နှစ်၊ ပေါင်မြို့နယ် မိုးနိုင်းရွာမှ မောင်စိုးမိုးဦး(၁၄) နှစ်တို့ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ တရားမ၀င် ခေါ်ဆောင်သွားသော ကလေးငယ်များအား တာဝန်ရှိသူများထံသို့ ပြန်လည်အပ်နှံစဉ်
Eleven Media Group
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment