ကွန်ပြူတာဝယ်မယ်။
အင်း… အသစ်လည်း ကိုင်ချင်တယ်၊ အသိတယောက် လျှော့ဈေးနဲ့ ရောင်းထုတ်မယ့် အဟောင်းလေးကိုပဲ ၀ယ်လိုက်ရမလား ဆိုတဲ့ မေးခွန်းမျိုး တချို့က မေးတတ်တယ်။ အဟောင်းဝယ်ကြတာက ငွေမလုံလောက်လို့ မဟုတ်လား။
ပြီးတော့ ရောင်းသူကို ယုံကြည်လို့။ ကိုယ်ကလည်း ကွန်ပြူတာအကြောင်း ဘာမှ မသိဘူးဆိုတဲ့ အဆင့်နားမှာ ရှိလို့။
ကွန်ပြူတာအဟောင်းက တလက်ကိုင်ဆို အိုကေဖွယ် ရှိတယ်။ အဲဒီ တလက် ကလည်း သိမ်သိမ်မွေ့မွေ့သုံးခဲ့မယ် ဆိုရင်ပေါ့။ ၀ယ်မယ်ဆိုရင်တော့ တတ်ကျွမ်းသူတယောက်ရဲ့ အကူအညီနဲ့ စစ်ဆေးကြည့်တာ မမှားပါဘူး။
ပိုက်ဆံ တတ်နိုင်မယ်၊ ဘတ်ဂျက် လုံလောက်တယ် ဆိုရင် အသစ်ဝယ်သုံး တာ အကောင်းဆုံးပါပဲ။ ၀ယ်မယ်ဆိုတော့ ဘာတံဆိပ် ၀ယ်မလဲ။ လီနိုဗို၊ ဆမ်ဆောင်း၊ အေစာ၊
ဆိုနီ၊ စည်သူလင်း… အဲ … စည်သူလင်း မပါဘူး…
တံဆိပ်တွေက အကုန်ကောင်းတာတွေချည်းပါပဲ။ ကောင်းလို့ ဈေးကွက်ထဲမှာ ရပ်တည်နေနိုင်တာပဲမဟုတ်လား။ ဘယ်သူကမှ ငါတို့ မကောင်းအောင် လုပ်လိုက်မယ်ဆိုပြီး အရူးမထပါဘူး။
အလေးချိန် နည်းနည်းစီးမယ်၊ RAM နည်းမယ်၊ ဘက်ထရီအား ရေရှည် မခံဘူးဆိုရင် ဈေးသက်သာမယ်။ ပေါ့မယ် ပါးမယ်၊ RAM များမယ်၊ ဘက်ထရီ ကြာကြာခံမယ် ဆိုရင် ဈေးမသက်သာဘူး။ ဒါက အကြမ်း ပြောလိုက်တာ။
ကိုယ်က ဒီဇိုင်းကိစ္စအတွက်သုံးမယ်၊ ဗီဒီယိုဖိုင်တွေ အသံဖိုင်တွေ အများကြီး ထည့်သိမ်း တည်းဖြတ်မယ် ဆိုရင်တော့ RAM များများရှိတာ ၀ယ်သင့်တယ်။
အဲသလိုကွန်ပြူတာက အနည်းဆုံး ကျပ်လေးသိန်း ကုန်မယ်။
စာစီစာရိုက်လုပ် အင်တာနက်သုံး ဓာတ်ပုံတွေ သိမ်းတာလောက်ပဲ ဆိုရင် တော့ RAM နည်းလည်း ရပါတယ်။ ကျပ် သုံးသိန်းခွဲ လေးသိန်းလောက်တော့ ပေးရမယ်။
ကွန်ပြူတာဝယ်တာလည်း ကားဝယ်သလိုပါပဲ .... အပိုပစ္စည်း အလွယ်တကူ ၀ယ်လို့ရတဲ့ အမျိုးအစားကို ၀ယ်သင့်ပါတယ်။ မြန်မာပြည်မှာ ဘယ်တံဆိပ်က အပိုပစ္စည်း ၀ယ်ရလွယ်သလဲ ဆိုတာ ကွန်ပြူတာအရောင်းဆိုင်တွေက ကောင်းကောင်းသိတာမို့ သူတို့ကို မေးတာ မမှားပါဘူး။
ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်း အလယ်ဘလောက်၊ အောက်ဘလောက်တို့မှာ လက်ပ်တော့ ရောင်းတဲ့ဆိုင် အများအပြားပါပဲ။
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ

No comments:
Post a Comment