လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, March 30, 2014

ဂြိုလ်သားတွေရဲ့ လပေါ်က အခြေစိုက်စခန်းတစ်ခုလား

Photo: ဂြိုလ်သားတွေရဲ့ လပေါ်က အခြေစိုက်စခန်းတစ်ခုလား

WowForReel လို့ နာမည်ဝှက်ပေးထားတဲ့ အပျော်တမ်း နက္ခတ်တာရာလေ့လာသူ ၊ အဖြေထုတ်မရတဲ့ ထူးခြားဆန်းကြယ်တဲ့ အဖြစ်အပျက်တွေကို ရှာဖွေသူတစ်ဦးဟာ ဒီ ဗီဒီယိုကို YouTube မှာ တင်ခဲ့ပြီးနောက် သိပ္ပံပညာရှင်တွေ အကြားခေါင်းစားစရာ ဖြစ်သွားခဲ့ပါတယ်။ GoogleEarth ရဲ့ နောက်ဆက်တွဲ GoogleMoon  ကို အသုံးပြုပြီး လပေါ်ကို ရှာဖွေကြည့်ရာမှာ အလင်းရောင်တွေ ထိန်ထိန်လင်းနေတဲ့ အရာတစ်ခုကို မမျှော်လင့်ဘဲ တွေ့ ရှိခဲ့ရပါတယ်။

ယာဉ်တစ်စီးပုံစံလို့ ယူဆရပြီး ပုံရိပ်ရဲ့ အစွန်းတွေမှာ အလင်းရောင် ခုနှစ်စက်ကိုလည်း တွေ့ ရှိရပါတယ်။ လရဲ့ မျက်နှာပြင်ချိုင့်ဝှမ်းတွေထဲမှာ ဒီပုံရိပ်တစ်ခုကပဲ အလင်းရောင်တွေ ဖြာထွက်နေတာဖြစ်ပြီး အခြေစိုက်စခန်း တစ်ခု ဒါမှမဟုတ် အာကာသယာဉ်တစ်စီး လို့ ယူဆရတယ်လို့  လေ့လာသူက ပြောကြားပါတယ်။

“  Google Moon မှာ လျှောက်ကြည့်နေတုန်း ဒါကို တော်တော်ကြာအောင် တွေ့ လိုက်ရပါတယ်။ ကျွန်တော် ဒါကို အတုလုပ်ထားတာမဟုတ်ပါဘူး။ ဒီအရာဝတ္ထုဟာ လပေါ်မှာ တကယ်တမ်းရှိနေတာပါ။ ဒီ ပုံရိပ်ကို ကျွန်တော် နာမည်ဘယ်လိုတပ်မလဲ စဉ်းစားလိုက်တယ်။ လပေါ်က ဂြိုလ်သားတွေရဲ့ အခြေစိုက်စခန်းလား ဆိုတာက ကျွန်တော်ပထမဆုံး တွေးမိတာပါ။ လရဲ့ တခြားမျက်နှာပြင်နေရာတွေမှာ ကျွန်တော်ဒီလိုပုံစံမျိုး တစ်ခုမှ မတွေ့ ရပါဘူး”  လို့  ပြောကြားသွားပါတယ်။
WowForReel လို့ နာမည်ဝှက်ပေးထားတဲ့ အပျော်တမ်း နက္ခတ်တာရာလေ့လာသူ ၊ အဖြေထုတ်မရတဲ့ ထူးခြားဆန်းကြယ်တဲ့ အဖြစ်အပျက်တွေကို ရှာဖွေသူတစ်ဦးဟာ ဒီ ဗီဒီယိုကို YouTube မှာ တင်ခဲ့ပြီးနောက် သိပ္ပံပညာရှင်တွေ အကြားခေါင်းစားစရာ ဖြစ်သွားခဲ့ပါတယ်။ GoogleEarth ရဲ့ နောက်ဆက်တွဲ GoogleMoon ကို အသုံးပြုပြီး လပေါ်ကို ရှာဖွေကြည့်ရာမှာ အလင်းရောင်တွေ ထိန်ထိန်လင်းနေတဲ့ အရာတစ်ခုကို မမျှော်လင့်ဘဲ တွေ့ ရှိခဲ့ရပါတယ်။ယာဉ်တစ်စီးပုံစံလို့ ယူဆရပြီး ပုံရိပ်ရဲ့ အစွန်းတွေမှာ အလင်းရောင် ခုနှစ်စက်ကိုလည်း တွေ့ ရှိရပါတယ်။ လရဲ့ မျက်နှာပြင်ချိုင့်ဝှမ်းတွေထဲမှာ ဒီပုံရိပ်တစ်ခုကပဲ အလင်းရောင်တွေ ဖြာထွက်နေတာဖြစ်ပြီး အခြေစိုက်စခန်း တစ်ခု ဒါမှမဟုတ် အာကာသယာဉ်တစ်စီး လို့ ယူဆရတယ်လို့  လေ့လာသူက ပြောကြားပါတယ်။

“ Google Moon မှာ လျှောက်ကြည့်နေတုန်း ဒါကို တော်တော်ကြာအောင် တွေ့ လိုက်ရပါတယ်။ ကျွန်တော် ဒါကို အတုလုပ်ထားတာမဟုတ်ပါဘူး။ ဒီအရာဝတ္ထုဟာ လပေါ်မှာ တကယ်တမ်းရှိနေတာပါ။ ဒီ ပုံရိပ်ကို ကျွန်တော် နာမည်ဘယ်လိုတပ်မလဲ စဉ်းစားလိုက်တယ်။ လပေါ်က ဂြိုလ်သားတွေရဲ့ အခြေစိုက်စခန်းလား ဆိုတာက ကျွန်တော်ပထမဆုံး တွေးမိတာပါ။ လရဲ့ တခြားမျက်နှာပြင်နေရာတွေမှာ ကျွန်တော်ဒီလိုပုံစံမျိုး တစ်ခုမှ မတွေ့ ရပါဘူး” လို့  ပြောကြားသွားပါတယ်။

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..