ပုံမှာ မြင်တွေ့နေရတဲ့ ဂျစ်ကားကို ဂျပန် တိုယိုတာက ထုတ်တဲ့ Land Cruiser
ကားဆိုရင် ဘယ်သူ ယုံမှာလဲ။ အဲဒါ တကယ် Land Cruiser ကား စစ်စစ်ပါ။
ဂျပန်နိုင်ငံမှ ပထမဆုံး ထုတ်လုပ်ခဲ့တဲ့ ကနဦးမျိုးဆက် Land Cruiser ဖြစ်ပါတယ်။၁၉၅၁ ခုနှစ်မှ ၁၉၅၅ ခုနှစ်အတွင်း ထုတ်လုပ်တဲ့ ကားတွေပါ။ သူ့ကို
ပထမမျိုးဆက်လို့ သတ်မှတ်ပြီး စစ်ပွဲမှာ အသုံးပြုဖို့အတွက် ထုတ်လုပ်ဖြစ်ခဲ့
တာပါ။ BJ နဲ့ FJ ဆိုပြီး အင်ဂျင်အလိုက် ၂ မျိုးခွဲထုတ်ခဲ့ပါတယ်။ ကိုးရီးယား
ကျွန်းဆွယ်စစ်ပွဲမှာ အသုံးပြုဖို့အတွက် အမေရိကန်မှ တိုက်ရိုက် အော်ဒါ
မှာယူမှုအတွက် စတင် ထုတ်လုပ်ပေးခဲ့ပါတယ်။ အစီးရေ ၁၀၀ ကျော် ပါ။ နောက်တော့
စစ်ပွဲ အတွက်သာ မကတော့ပဲ နယ်ပယ်စုံမှာ အသုံးပြုရန် အတွက်
ထုတ်လုပ်လာခဲ့ပါတယ်။ ပထမမျိုးဆက်မှာတင် အောင်မြင်မှု ရရှိခဲ့ပါတယ်။ ဂျပန်
ပြည်တွင်းမှာသာမက အမေရိကန် အထိတောင် ရောက်ရှိတဲ့ ကား ဖြစ်ခဲ့ရပြီး
လူကြိုက်များခဲ့ပါတယ်။
အင်ဂျင်အရွယ် ၃.၄ လီတာ နဲ့ ၃.၉ လီတာ L ပုံစံ ဆလင်ဒါ ၆ လုံးပူး အမျိုးအစားကို အသုံးပြုပါတယ်။ ဓာတ်ဆီ အင်ဂျင်တွေပါ။ ပုံစံအရကော အကြမ်းခံသလို၊ အင်ဂျင်စွမ်းဆောင်ရည်ကလည်း မြင့်ပါတယ်။
ဒါကြောင့်လည်း စစ်ပွဲသုံး ကား ဖြစ်ခဲ့တာပါ။ နောက်တော့ သူ့ရဲ့  အောင်မြင်မှုကြောင့် ဒုတိယ မျိုးဆက်ထုတ်လုပ်ဖို့ အကြောင်းဖန်ခဲ့ပြီး 20 Series လို့ အမည်ခွဲပေးတဲ့ Land Cruiser ကားများကို ၁၉၅၅ နောက်ပိုင်း ဆက်ထုတ် ပါတယ်။ ယနေ့ချိန်မှာတော့ Land Cruiser ကားဟာ ကမ္ဘာ့ ရောင်းအား အကောင်းဆုံး SUV ကား Brand ထဲမှာ ပါဝင်လာပြီး ဂျပန်တိုယိုတာရဲ့  ဝင်ငွေ အရှာပေးနိုင်ဆုံး ကားတစ်မျိုး ဖြစ်လာစေခဲ့ ပါတယ်။
.
Ref: autoblog
အောင်ခမ်း ( www.innewsmyanmar.com )

No comments:
Post a Comment