ရခိုင်ပြည်နယ်အတွင်းကျေးရွာများတွင် တန်းဖိုးနည်း GSM မိုင်ဘိုင်းဖုန်း သုံစွဲသူများ ပိုမိုအဆင်ပြေစေရန်ရည်ရွယ်ပြီး GSM တာဝါတိုင်စခန်း ၄၁ ခု ကိုတိုးချဲ့  တည်ဆောက်လျက် ရှိကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်တွင် နည်းပညာဝန်ကြီးဌာနရန်ပုံငွေဖြင့် GSM တာဝါတိုင်စခန်း အခု ၄၁ ခုတည်ဆောက် သွားမည်ဖြစ်ပြီး စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊မင်းပြား၊ မြေပုံ၊ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း၊တောင်ကုတ်၊ သံတွဲ၊ ဂွနှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့ရှိ ကျေးလက်ဒေသများတွင် တိုးချဲ့တည်ဆောက်လျက်ရှိကြောင်း ပြည်နယ် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
GSM တာဝါတိုင်စခန်းများကိုတိုးချဲ့  အချို့နေရာများတွင် တည်ဆောက်ထားသော်လည်း ဖုန်းပြောဆိုရာများစွာ အဆင်ပြေမူမရှိသေးကြောင့်နှင့် ဖုန်းမေ့ဆစ် ပို့ ရာတွင်လည်း များစွာနှောင်းနှေးမူများကြုံတွေ့နေရသေးကြောင်း
မိုဘိုင်းဖုန်းသုံးစွဲနေသူပြည် သူများကဆိုသည်။
” တည်ဆောက်နေတယ်လို့  ပြောနေတာပေါ့လေ၊ ဒါပေမယ့် ဖုန်းတွေခေါ်ရတာသိပ်အဆင်မပြေဘူး။ မေ့ဆစ်ပို့ရင် ဆိုးသေးတယ်ဗျ။ မနက်ပို့ တာ ညကျမှ ရောက်တယ်။ ပိုတ်ဆံကတော့ အရင်ဖြတ်သွားတယ်” ဟု စစ်တွေမှ ကိုကျော်ကြီးက ပြောသည်။
“ သူငယ်ချင်းကိုဖုန်းဆက်ပြီး မေ့ဆစ်ရောက်လားလို့  မေးကြည့်တော့ ။ မရောက်ဘူးတဲ့။ ကျနော်ပို့  လိုက်တာ ညကျမှရောက်တယ်လို့  ပြောတယ်။ဖုန်းခေါ်ရတာလည်း လှိုင်းက ကျပ်တယ်။ ဘယ်လိုမှအဆင်မပြေဘူး ။ အခုလို တည်ဆောက်ဖို့  လုပ်နေတယ်ဆိုတော့ ကောင်းတာပေါ့’’ဟု သူက ဆက်ဆိုသည်။
အစိုးရရန်ပုံငွေဖြင့် ငပလီကမ်းခြေ ဖွံ့ဖြိုးရေးအတွက် ဂျိတ္တောရွာတွင် GSM တာဝါတိုင်စခန်း တစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။
ရခိုင်ပြည်မင်းပြားမြို့ ကျိန်းတောင်တွင် GSM နှင့် CDMA တာဝါတိုင်တစ်ခုရှိပြီးဖြစ်သော်လည်း ဖုန်းခေါ်ဆိုရာတွင် အဆင်ပြေမူမရှိသေးကြောင့် မင်းပြားဒေသခံ ကိုထွန်းနှိင်မှလည်း ပြောသည်။
’’ဖုန်းခေါ်ရတာအဆင်မပြေဘူး။ လှိုင်းကအရမ်းကျက်နေသေးတယ်” ဟု ဆိုသည်။
တစ်ရက်တစ်လေကျတော့လဲ အဆင်ပြေပါတယ်။ အရမ်းအရေးကြီးအခါကျတော့ ပြေးပြီးတော့ကုန်း မြင့်တဲ့နေရာ ဒါမှမဟုက် ဘုန်းကြီးကျောင်းကိုပြေးပြီ ဖုန်းခေါ်ရတယ်။ GSM နှင့် CDMA တာဝါတိုင်စခန်းတွေ တည်ဆောက်နေကြားတော့ဝမ်းသာတာပေါ့ဗျာ’’’ဟု သူက ပြောဆိုသည်။
Narinjara
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment