လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, February 5, 2014

အင်းတော်ကြီးရွှေမဉ္ဇူရေလယ်ဘုရားဂေါပကများပြောင်းလဲမှုဖြစ်

Photo: အင်းတော်ကြီးရွှေမဉ္ဇူရေလယ်ဘုရားဂေါပကများပြောင်းလဲမှုဖြစ်
Wednesday, February 5, 2014

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီး ဒေသ ရွှေမဉ္ဇူ ရေလယ်ဘုရားကြီးအား နှစ်စဉ်ဝေယာဝစ္စ ပြုလုပ်ကာ ဆောင်ရွက်နေခဲ့သော ရေလယ်ဘုရား

ဂေါပကအဖွဲ့များအားလုံး အပြီးသတ် အနားယူ၍ အင်းပတ်ပတ်လည် ၁၁အုပ်စုမှ ကိုယ်စားလှယ်များနှင့် အသစ်ပြန်လည် ဖွဲ့စည်းတော့မည်ဟု ရေလယ်ဘုရားဂေါပကများထံမှ သိရသည်။

လက်ရှိဂေါပကများမှာ ဥက္ကဋ္ဌ ဦးမောင်အောင်၊ ဒုဥက္ကဋ္ဌ ဦးမင်္ဂလာ၊ အတွင်းရေးမှူး ဦးစင်းမောင်၊ ဦးမင်းဇော်(အဖွဲ့ဝင်)၊ဦးစိုးမြင့်(အဖွဲ့ဝင်)၊ ဦးကျော်စိုး(အဖွဲ့ဝင်)တို့ဖြစ်ပြီး ဥက္ကဋ္ဌအသစ်နှင့် အဖွဲ့ဝင်များအား မသိရှိရသေးကြောင်း လက်ရှိဂေါပကအဖွဲ့မှထံမှ သိရသည်။

“မိမိတို့၆ဦးသာ ဆောင်ရွက်နေသည်မှာ နှစ်တွေကြာခဲ့ပြီ။ အချိန်းအပြောင်းတစ်ခါမှ မရှိခဲ့သေးပါဘူး။ ခေတ်ပြောင်းစနစ်ပြောင်းတဲ့ အချိန်မှာ အပြောင်းအလဲ လုပ်ပေးသင့်ပါတယ်။ အသက်လည်း ၇၀ကျော်လာပြီ။ အသက်တွေကြီးလာတော့ ဘုရားကနေ မိုးညှင်းမြို့နယ်မှာ အလှူငွေသွားအပ်ရတာ မလွယ်လှဘူး။ ခရီးဝေးလစာ သွားထုတ်ရတဲ့ဒုက္ခ။ တွေကမသက်သာဘူး။ လူငယ်တွေကို လွှတ်ရင်လည်း အဆင်မပြေတာတွေရှိတယ်”ဟု အင်းတော်ကြီးရွှေမဉ္ဇူရေလယ်ဘုရားဂေါပက ဒုဥက္ကဋ္ဌ ဦးမင်္ဂလာက ပြောခဲ့သည်။

“မြို့နယ်သံဃနာယက အဖွဲ့ဝင် ဘဒ္ဒန္တတေဇနိယမှ ယခုနှစ်အကြိမ်( ၁၄၅)မြောက် ဘုရားပွဲမှာ လူဟောင်းများသာ ဆောင်ရွက် စေချင်တယ်။ ဆက်လက်လုပ်ဆောင်ကြမဲ့ ဂေါပကအသစ်များက အနားယူတော့မယ်။ အတွေ့အကြုံ ရင့်ကျက်ပြီးသော လူဟောင်းများနှင့်ပူးတွဲပြီး ဆောင်ရွက်ပေးဖို့ လိုပါတယ်။ လူဟောင်းဂေါပကတွေကို ဧပြီလကုန်မှသာ စာရင်းချုပ်ပြီး အပြီးသတ် လွှဲပြောင်းပေးမှသာ ယခုဘုရားပွဲအတွက် အဆင်ပြေပါမယ်”ဟု ဇန်န၀ါရီလ၂၂နေ့ အင်းတော်ဓမ္မရုံတွင်ကျင်းပသည့် အစည်းဝေးတွင် ပြောခဲ့ကြောင်း သိရသည်။

အင်းတော်ကြီးဒေသသံဃနာယက ညောင်ပင်ဆရာတော်ဘဒ္ဒန္တဂုဏ၀ရ၊ မြို့နယ်သံဃနာယကအဖွဲ့ဝင် ဘဒ္ဒန္တတေဇနိယ၊ဒုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးဦးအောင်လင်း၊ လုံးတုံနယ်မြေခံတပ်ရင်းမှူး၊ မြို့နယ်အထောက်အကူပြု အဖွဲ့အတွင်းရေးမှူးဦးဝင်းမြင့်ဦး၊ အဖွဲ့ဝင်ဦးမင်းလွင်၊ သာသနာထွန်းကားပြန့်ပွားရေး ဦးစီးဌာနဦးစီးမှူးဦးအောင်ဇော်ဝင်း၊ အင်းပတ်လည်၁၁အုပ်စုမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

စိုးအောင်(ကချင်)

မြန်မာ့ခေတ်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီး ဒေသ ရွှေမဉ္ဇူ ရေလယ်ဘုရားကြီးအား နှစ်စဉ်ဝေယာဝစ္စ ပြုလုပ်ကာ ဆောင်ရွက်နေခဲ့သော
 ရေလယ်ဘုရားဂေါပကအဖွဲ့များအားလုံး အပြီးသတ် အနားယူ၍ အင်းပတ်ပတ်လည် ၁၁အုပ်စုမှ ကိုယ်စားလှယ်များနှင့် အသစ်ပြန်လည် ဖွဲ့စည်းတော့မည်ဟု ရေလယ်ဘုရားဂေါပကများထံမှ သိရသည်။
လက်ရှိဂေါပကများမှာ ဥက္ကဋ္ဌ ဦးမောင်အောင်၊ ဒုဥက္ကဋ္ဌ ဦးမင်္ဂလာ၊ အတွင်းရေးမှူး ဦးစင်းမောင်၊ ဦးမင်းဇော်(အဖွဲ့ဝင်)၊ဦးစိုးမြင့်(အဖွဲ့ဝင်)၊ ဦးကျော်စိုး(အဖွဲ့ဝင်)တို့ဖြစ်ပြီး ဥက္ကဋ္ဌအသစ်နှင့် အဖွဲ့ဝင်များအား မသိရှိရသေးကြောင်း လက်ရှိဂေါပကအဖွဲ့မှထံမှ သိရသည်။
“မိမိတို့၆ဦးသာ ဆောင်ရွက်နေသည်မှာ နှစ်တွေကြာခဲ့ပြီ။ အချိန်းအပြောင်းတစ်ခါမှ မရှိခဲ့သေးပါဘူး။ ခေတ်ပြောင်းစနစ်ပြောင်းတဲ့ အချိန်မှာ အပြောင်းအလဲ လုပ်ပေးသင့်ပါတယ်။ အသက်လည်း ၇၀ကျော်လာပြီ။ အသက်တွေကြီးလာတော့ ဘုရားကနေ မိုးညှင်းမြို့နယ်မှာ အလှူငွေသွားအပ်ရတာ မလွယ်လှဘူး။ ခရီးဝေးလစာ သွားထုတ်ရတဲ့ဒုက္ခ။ တွေကမသက်သာဘူး။ လူငယ်တွေကို လွှတ်ရင်လည်း အဆင်မပြေတာတွေရှိတယ်”ဟု အင်းတော်ကြီးရွှေမဉ္ဇူရေလယ်ဘုရားဂေါပက ဒုဥက္ကဋ္ဌ ဦးမင်္ဂလာက ပြောခဲ့သည်။

“မြို့နယ်သံဃနာယက အဖွဲ့ဝင် ဘဒ္ဒန္တတေဇနိယမှ ယခုနှစ်အကြိမ်( ၁၄၅)မြောက် ဘုရားပွဲမှာ လူဟောင်းများသာ ဆောင်ရွက် စေချင်တယ်။ ဆက်လက်လုပ်ဆောင်ကြမဲ့ ဂေါပကအသစ်များက အနားယူတော့မယ်။ အတွေ့အကြုံ ရင့်ကျက်ပြီးသော လူဟောင်းများနှင့်ပူးတွဲပြီး ဆောင်ရွက်ပေးဖို့ လိုပါတယ်။ လူဟောင်းဂေါပကတွေကို ဧပြီလကုန်မှသာ စာရင်းချုပ်ပြီး အပြီးသတ် လွှဲပြောင်းပေးမှသာ ယခုဘုရားပွဲအတွက် အဆင်ပြေပါမယ်”ဟု ဇန်န၀ါရီလ၂၂နေ့ အင်းတော်ဓမ္မရုံတွင်ကျင်းပသည့် အစည်းဝေးတွင် ပြောခဲ့ကြောင်း သိရသည်။

အင်းတော်ကြီးဒေသသံဃနာယက ညောင်ပင်ဆရာတော်ဘဒ္ဒန္တဂုဏ၀ရ၊ မြို့နယ်သံဃနာယကအဖွဲ့ဝင် ဘဒ္ဒန္တတေဇနိယ၊ဒုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးဦးအောင်လင်း၊ လုံးတုံနယ်မြေခံတပ်ရင်းမှူး၊ မြို့နယ်အထောက်အကူပြု အဖွဲ့အတွင်းရေးမှူးဦးဝင်းမြင့်ဦး၊ အဖွဲ့ဝင်ဦးမင်းလွင်၊ သာသနာထွန်းကားပြန့်ပွားရေး ဦးစီးဌာနဦးစီးမှူးဦးအောင်ဇော်ဝင်း၊ အင်းပတ်လည်၁၁အုပ်စုမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

စိုးအောင်(ကချင်)

မြန်မာ့ခေတ်

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..