ကမ္ဘာ့အံဖွယ်စာရင်းဝင် ဆံတော် ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး အား
လာရောက်ဖူးမြော်သူတို့ဖြင့် နေ့စဉ်စည်ကားလျက်ရှိပြီး နိုင်ငံခြား
ခရီးသွားဧည့်သည်များလည်း လာ
ရောက်လေ့လာလျက်ရှိရာ ဆံတော်ရှင် ရင်ပြင်သို့တက်ရောက်ရာ မုခ်ဦးအဝင် ၌
အမြင်မတင့်တယ်စရာ အင်္ကျီများ၊ စောင်များ လှန်းထားသည့်အတွက်
သမိုင်းဝင်စေတီတော်မြတ်၏ ဂုဏ်ကို ထိန်းသိမ်းရန်နှင့် လာရောက်ဖူးမြော် သည့်
အိမ်နီးချင်းနိုင်ငံများမှ သံဃာ တော်၊ သီလရှင်များ စိတ်အနှောင့်
အယှက်မဖြစ်စေရန် ပြုပြင်ဆောင် ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း သိရ သည်။
ကျိုက်ထီးရိုးဆံတော်ရှင် ရင်ပြင် အနီးထိတိုင် ခရီးသည် ၄၂ ဦးတင် ဆောင်သောယာဉ်များဖြင့် တိုက်ရိုက် ပို့ဆောင်ပေးနေသည့်အတွက် ယခင် ထက် တောင်တက်လမ်းအဆင်ပြေ လာမှုကြောင့် ဘုရားဖူးဧည့်သည် များ နိုဝင်ဘာလမှစတင်၍ တဖွဲဖွဲ ဝင်ရောက်လာလျက်ရှိရာ နိုင်ငံခြား ခရီးသွားဧည့်သည်များ နေ့စဉ်ဝင် ရောက်လျက်ရှိ၍ အိမ်နီးချင်းဗုဒ္ဓ ဘာသာနိုင်ငံများမှ သံဃာတော်များ၊ သီလရှင်များ၊ ဘုရားဖူးများလည်း ဝင်ရောက်မှု ပိုများလာလျက်ရှိပြီး ဆံတော်ရှင် စေတီတော်မြတ်ဝန်းကျင် တွင် အမြင်မတင့်တယ်သောအရာများ ဖြစ်စေကာ လမ်းပေါ်ဈေးသည်များ၊ လမ်းညွှန်ကလေးငယ်များ၊ ရင်ပြင် တော်ပေါ်မှ ဈေးသည်များနှင့် အဝင် မုခ်ဦးအဝတွင် လှန်းထားသော အင်္ကျီ၊ စောင်များကို တားဆီးထိန်းသိမ်း ခြင်းဖြင့် သာသနာ့နယ်မြေ၏ ဂုဏ်ကို ထိန်းသိမ်းရာ ရောက်မည်ဖြစ်ပြီး ဘာသာတရား၏ ယဉ်ကျေးမှုကိုလည်း ကာကွယ်စောင့်ရှောက်ရာ ရောက်မည် ဖြစ်သောကြောင့် ဝိုင်းဝန်းထိန်းသိမ်း မှုနှင့်တာဝန်သိတတ်မှုဖြင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ် ကြောင်း ပြည်တွင်းမှ လာရောက် ဖူးမြော်သူများက ဝေဖန်ထောက်ပြ လျက်ရှိသည်။
The Mirror Daily

No comments:
Post a Comment