လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, February 23, 2014

တရုတ်ကြက်ခြေနီအသင်းရဲ့ ကူညီရေးပစ္စည်းတွေ ရောက်ရှိ

ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည် အိမ်ထောင်စုငါးထောင်အတွက် ထောက်ပံ့ရေးပစ္စည်းတွေကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကြက်ခြေနီအသင်းက တရုတ်မြန်မာနယ်စပ် ဝိုင်းမော်မြို့နယ် ကန်ပိုက်တီးမြို့မှာ ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက တာဝန်ရှိသူတွေကို ဒီနေ့မနက်ပိုင်းက လွှဲပြောင်းလှူဒါန်းလိုက်ပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကြက်ခြေနီအသင်းက လှူဒါန်းတဲ့ပစ္စည်းတွေကို ဒီနေ့မှာဘဲ ကန်ပိုက်တီ မြို့နယ်ခွဲအတွင်းက စင်ကြိုင်ကျေးရွာ ကယ်ဆယ်ရေးစခန်းမှာ လှူဒါန်းသွားမှာဖြစ်တယ်လို့ ကချင်ပြည်နယ် လူမှုရေရာဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အကျိုးတော်ဆောင်အတွင်းရေးမှူး

ဒေါက်တာလှဖေ အခုလိုလှူဒါန်းတဲ့အပြင် အခါအားလျော်စွာ သင်တန်းများဖိတ်ခေါ်ပေးတဲ့ တရုတ်ကြက်ခြေနီအသင်းကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

အလားတူ ကေအိုင်အိုထိန်းချုပ်နယ်မြေထဲက စစ်ဘေးရှောင်အိမ်ထောင်စု ၄၂၀၀ အတွက်လည်း အခြေခံစားကုန်နဲ့ ဆေးဝါးပစ္စည်းတွေကို တရုတ်ကြက်ခြေနီအသင်းက လိုင်ဇာမြို့မှာ မနေ့က လှူဒါန်းခဲ့ပါတယ်။

RFA Burmese

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..