လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, February 8, 2014

ထိုင်းနိုင်ငံရေး မငြိမ်သက်မှု ဖြစ်စဉ်များကြောင့် ယာဉ်တန်းအဆင်းနေ့တိုင်း အလုပ်လက်မဲ့ မြန်မာလုပ်သား ၅၀၀၀ ကျော် ပြန်လာ

Photo: ထိုင်းနိုင်ငံရေး မငြိမ်သက်မှု ဖြစ်စဉ်များကြောင့် ယာဉ်တန်းအဆင်းနေ့တိုင်း အလုပ်လက်မဲ့ မြန်မာလုပ်သား ၅၀၀၀ ကျော် ပြန်လာ 
Saturday, February 8, 2014

ထိုင်းနိုင်ငံရေး မငြိမ်မသက်ဖြစ်မှုများကြောင့် ဘန်ကောက်ဝန်းကျင်ရှိ လုပ်ငန်းလည်ပတ်မှု မရှိသော စက်ရုံအလုပ်ရုံများမှ မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် ဗီဇာသက်တမ်း ကုန်ဆုံး၍ အလုပ်လက်မဲ့ ဖြစ်နေသူများမှာ ယခုရက်ပိုင်းအတွင်း နေရပ်သို့ ပြန်လာသူ အမြောက်အမြား ရှိကြောင်းသိရသည်။

အဆိုပါ မြန်မာရွှေ့ပြောင်း လုပ်သားများမှာ ခရီးလမ်း တိုတောင်းသည့် မဲဆောက်-မြဝတီ လမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လာကြရာ ယာဉ်တန်းအဆင်းနေ့တိုင်း မြန်မာလုပ်သား ၅ဝဝဝ ခန့် ပြန်လည်ဝင် ရောက်လာကြောင်း သိရသည်။

“ချစ်ကြည်ရေး တံတားက ပြန်လာတာ နှစ်ထောင်ကျော်ပါတယ်။ လူအုပ်ကြီးကတော့ မြင်တဲ့အတိုင်းပါပဲ။ လှေဂိတ်တွေက ပြန်တာဟာ တံတားပေါ်ကထက် နှစ်ဆကျော် သုံးဆနီးပါး ရှိတဲ့အတွက် ဒီနေ့ပြန်လာတဲ့ မြန်မာလုပ်သားတွေဟာ ငါးထောင်ခန့် ရှိတယ်လို့ ခန့်မှန်းရပါတယ်” ဟု ချစ်ကြည်ရေး တံတားမှ တာဝန်ရှိသူ တစ်ဦးက ဇန်နဝါရီ ၅ ရက်က ပြောကြားသည်။

“ရွာပြန်လာတာပါ၊ ခွင့်နှစ်လပေးပါတယ်။ စက်ရုံမပိတ်ပါဘူး။ ဒါပေမဲ့ လုပ်ငန်းလည်ပတ်မှု မရှိတဲ့အတွက် နေစရိတ်၊ စားစရိတ်၊ ရေဖိုး၊ မီးဖိုးတွေ တက်နေမှာဆိုတော့ ကိုယ့်နိုင်ငံကိုယ် ပြန်လာခဲ့ကြတာပါ”ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးမှ ပြန်လာသည့် ဘီလူးကျွန်း ကညှော်ရွာသား တစ်ဦးက ပြောကြားသည်။

“ဆန္ဒပြတဲ့နေရာနဲ့ အနီးလေးပါ။ ထွက်သွားလို့ မရပါဘူး။ ဆန္ဒပြတဲ့အထဲ မပါဝင်ဘဲ အခန်းကနေ အပြင်ကိုထွက်သွားလို့ မြန်မာနိုင်ငံသားတွေ အဖမ်းအဆီးခံရတာလည်း ရှိပါတယ်။ သေတဲ့သူတွေလည်း ရှိပါတယ်။ အခုဆိုရင် လုပူရီ၊ ချွန်းပူရီနဲ့ ဘန်ကောက် ပတ်ဝန်းကျင်မှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေ တစ်သိန်းကျော်လောက် ရှိပါတယ်။ အများစုတော့ ပြန်လာကြမယ်လို့ ထင်ပါတယ်”ဟု လုပူရီမှ ပြန်လာသည့် ကိုကျော်ကျော်က ပြောကြားသည်။

ထိုင်းနိုင်ငံအတွင်း ဗီဇာသက်တမ်း ကုန်ဆုံးသူနှင့် လုပ်ငန်းခွင် လည်ပတ်မှုမရှိ၍ အလုပ်လက်မဲ့ဖြစ်ကာ သောင်တင်နေသူ မြန်မာရွှေ့ပြောင်းလုပ်သား သိန်းချီရှိနေသော်လည်း ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်ရှိရာ နေရာများသို့ ယာဉ်တန်းအတက်နေ့တိုင်း ထောင်နှင့်ချီ ပြန်လည်ထွက်ခွာ လျက်ရှိသည်။

Eleven Media Group

(မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသော မြန်မာရွှေ့ပြောင်း လုပ်သားများအား ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ်)
ထိုင်းနိုင်ငံရေး မငြိမ်မသက်ဖြစ်မှုများကြောင့် ဘန်ကောက်ဝန်းကျင်ရှိ လုပ်ငန်းလည်ပတ်မှု မရှိသော စက်ရုံအလုပ်ရုံများမှ မြန်မာရွှေ့ပြောင်း လုပ်သားများနှင့် ဗီဇာသက်တမ်း ကုန်ဆုံး၍ အလုပ်လက်မဲ့ ဖြစ်နေသူများမှာ ယခုရက်ပိုင်းအတွင်း နေရပ်သို့ ပြန်လာသူ အမြောက်အမြား ရှိကြောင်းသိရသည်။အဆိုပါ မြန်မာရွှေ့ပြောင်း လုပ်သားများမှာ ခရီးလမ်း တိုတောင်းသည့် မဲဆောက်-မြဝတီ လမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လာကြရာ ယာဉ်တန်းအဆင်းနေ့တိုင်း မြန်မာလုပ်သား ၅ဝဝဝ ခန့် ပြန်လည်ဝင် ရောက်လာကြောင်း သိရသည်။
“ချစ်ကြည်ရေး တံတားက ပြန်လာတာ နှစ်ထောင်ကျော်ပါတယ်။ လူအုပ်ကြီးကတော့ မြင်တဲ့အတိုင်းပါပဲ။ လှေဂိတ်တွေက ပြန်တာဟာ တံတားပေါ်ကထက် နှစ်ဆကျော် သုံးဆနီးပါး ရှိတဲ့အတွက် ဒီနေ့ပြန်လာတဲ့ မြန်မာလုပ်သားတွေဟာ ငါးထောင်ခန့် ရှိတယ်လို့ ခန့်မှန်းရပါတယ်” ဟု ချစ်ကြည်ရေး တံတားမှ တာဝန်ရှိသူ တစ်ဦးက ဇန်နဝါရီ ၅ ရက်က ပြောကြားသည်။

“ရွာပြန်လာတာပါ၊ ခွင့်နှစ်လပေးပါတယ်။ စက်ရုံမပိတ်ပါဘူး။ ဒါပေမဲ့ လုပ်ငန်းလည်ပတ်မှု မရှိတဲ့အတွက် နေစရိတ်၊ စားစရိတ်၊ ရေဖိုး၊ မီးဖိုးတွေ တက်နေမှာဆိုတော့ ကိုယ့်နိုင်ငံကိုယ် ပြန်လာခဲ့ကြတာပါ”ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးမှ ပြန်လာသည့် ဘီလူးကျွန်း ကညှော်ရွာသား တစ်ဦးက ပြောကြားသည်။

“ဆန္ဒပြတဲ့နေရာနဲ့ အနီးလေးပါ။ ထွက်သွားလို့ မရပါဘူး။ ဆန္ဒပြတဲ့အထဲ မပါဝင်ဘဲ အခန်းကနေ အပြင်ကိုထွက်သွားလို့ မြန်မာနိုင်ငံသားတွေ အဖမ်းအဆီးခံရတာလည်း ရှိပါတယ်။ သေတဲ့သူတွေလည်း ရှိပါတယ်။ အခုဆိုရင် လုပူရီ၊ ချွန်းပူရီနဲ့ ဘန်ကောက် ပတ်ဝန်းကျင်မှာ အလုပ်လက်မဲ့ဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေ တစ်သိန်းကျော်လောက် ရှိပါတယ်။ အများစုတော့ ပြန်လာကြမယ်လို့ ထင်ပါတယ်”ဟု လုပူရီမှ ပြန်လာသည့် ကိုကျော်ကျော်က ပြောကြားသည်။

ထိုင်းနိုင်ငံအတွင်း ဗီဇာသက်တမ်း ကုန်ဆုံးသူနှင့် လုပ်ငန်းခွင် လည်ပတ်မှုမရှိ၍ အလုပ်လက်မဲ့ဖြစ်ကာ သောင်တင်နေသူ မြန်မာရွှေ့ပြောင်းလုပ်သား သိန်းချီရှိနေသော်လည်း ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်ရှိရာ နေရာများသို့ ယာဉ်တန်းအတက်နေ့တိုင်း ထောင်နှင့်ချီ ပြန်လည်ထွက်ခွာ လျက်ရှိသည်။

Eleven Media Group

(မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသော မြန်မာရွှေ့ပြောင်း လုပ်သားများအား ဖေဖော်ဝါရီ ၆ ရက်က တွေ့ရစဉ်)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..