လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Tuesday, February 4, 2014

အပူပိုင်းဇုန် ထင်းစိုက်ခင်းဧက ၁၇၀၀ ကျော် ဒေသခံများထံ လွှဲပြောင်းမည်

Photo: အပူပိုင်းဇုန် ထင်းစိုက်ခင်းဧက ၁၇၀၀ ကျော် ဒေသခံများထံ လွှဲပြောင်းမည်
Tuesday, February 4, 2014

မြန်မာနိုင်ငံ အပူပိုင်းဇုန်ဒေသတွင် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့်သစ်တောဦးစီး ဌာနတို့ ပူးပေါင်း စိုက်ပျိုးထိန်းသိမ်းထားသည့် ထင်းစိုက်ခင်း ဧက ၁၇၀၀ ကျော်ကို ဒေသခံများအား ယခုလအတွင်း လွှဲပြောင်း ထိန်းသိမ်းစေမည်ဖြစ်ကြောင်း အပူပိုင်း ဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဘကောင်းက ပြောကြားသည်။

နေပြည်တော် ရေဆင်းသစ်တော သုတေသနဌာနတွင် ဖေဖော်ဝါရီလ ၃ ရက်နေ့က ကျင်းပသည့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောဆိုင်ရာ အမျိုးသားအဆင့် ဖိုရမ်တွင် ၄င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

"Dry Zone က တိုင်းဒေသကြီးသုံးခုမှာ အစုအဖွဲ့ပိုင် သစ်တောက ဧက ၆ ထောင်ကျော် ရှိတယ်။ ဒါက Dry Zone တစ်ခုလုံး ကို Covered (ဖုံးလွှမ်း) ဖြစ်တာတော့ မဟုတ်ဘူး။ မအောင်မြင်တာက ၅၀ ရာခိုင်နှုန်း လောက်ရှိတယ်" ဟု ဦးဘကောင်းက ပြောဆိုသည်။

အပူပိုင်းဇုန်ဒေသရှိ ထင်းစိုက်ခင်း များကို ဒေသခံများအား ဖြန့်ဝေပေးရာ၌ ၂၀၁၃ ခုနှစ်တွင် ၅၄ ဒသမ ၁၅ တန်နှင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် ၃၇ တန် ဖြန့်ဝေပေးပြီးနောက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ယခုကဲ့သို့ ထင်းစိုက်ခင်းများကို ဒေသခံ များထံ အလုံးစုံ လွှဲပြောင်းပေးအပ်ခြင်း ဖြစ်ကြောင်း ၄င်းက ရှင်းပြပြောဆိုသည်။

"ဒီမှာက ထန်းလျက်လုပ်ငန်း ရှိတော့ ထင်းသုံးစွဲရတာ များတယ်။ ဒါပေမဲ့ အခု ထင်းစိုက်ခင်းအနေနဲ့ သတ်မှတ် ထိန်းသိမ်းလိုက်တော့ ပြုန်းတီးမှု လျော့သွားတယ်။ ကိုယ်ကိုတိုင် ထိန်းသိမ်း တတ်လာကြတယ်" ဟု ညောင်ဦးမြို့ မြေသင်းတွင်း ကျေးရွာတွင် ဒေသခံအစုအဖွဲ့ပိုင် သစ်တော တည်ထောင် ထိန်းသိမ်းလျက်ရှိသူ ဦးသန်းကျော်က ဆိုသည်။

The Voice Weekly

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..