စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီဓာတ်သတ္ထုတူးဖော်ရေး လုပ်ငန်းခွင်ဧရိယာအတွင်းတွင် ပါရှိသော လယ်တီဆရာတော်ဘုရားကြီး သိမ်ကျောင်းနှင့် စေတီတော်တို့အား ညောင်ပင်ကြီး-ယင်းမာပင် ကားလမ်းဘေးသို့ ပြောင်းရွှေ့တည်ထားကိုးကွယ်ရန် နိုင်ငံတော်သံဃနာယက ဆရာတော်ကြီးများထံမှ ဖေဖော်ဝါရီ ၂၅ ရက်က သြ၀ါဒခံယူခဲ့ရာ ဆရာတော်များ၏ သဘောတူလက်ခံချက်အရ ပြောင်းရွှေ့ရေးကော်မတီမှ မကြာမီပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း သိရသည်။
“အစီရင်ခံစာမှာ ပါတဲ့အတိုင်း လက်ရှိ သိမ်ကျောင်းနှင့် စေတီတော်ကို မူလအနေအထားမပျက် ပြောင်းရွှေ့မှာတော့ မဟုတ်ပါဘူး။ ဒီနေ့ သြ၀ါဒခံယူတဲ့ ဆရာတော်ဘုရားကြီးတွေရဲ့ အမိန့်ရှိတဲ့အတိုင်း ဖျက်ပြီးတော့ ရရှိလာတဲ့ ဌာပနာတွေကအစ မြေမှုန်ပါမကျန်ရအောင် အကုန်ယူပြီး ရွှေ့ပြောင်းတည်ထားမယ့် စေတီတော်အသစ်မှာ ဌာပနာတွေအဖြစ် ထည့်သွင်းသွားမှာပါ။ ပြောင်းရွှေ့မယ့်ရက်ကတော့ အတိအကျ မသတ်မှတ်ရသေးပါဘူး။သာသနိကအဆောက်အအုံများ
ပြောင်းရွှေ့ခြင်းနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ ဖွဲ့စည်းပြီး မကြာမီ ပြောင်းရွှေ့သွားမှာပါ။ ယခုစေတီတော်နဲ့ သိမ်ကျောင်းတို့ထက် ဥာဏ်တော်မြင့်ပြီး တည်ဆောက်သွားမှာပါ”သာသနာရေးဒုဝန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။
ရွှေ့ပြောင်းရမည့် သာသနိကအဆောက်အအုံများစာရင်းမှာ ဥာဏ်တော် ၂၇ ပေရှိ စေတီတော်တစ်ဆူ၊ အလျား ၂၃ ပေ၊ အနံ ၁၈ ပေ၊ အမြင့် ၁၅ ပေရှိ သိမ်ကျောင်းဆောင် တစ်ဆောင်၊ အလျား ၂၀ ပေ အနံ ၁၆ ပေ၊ အမြင့် ၁၅ ပေရှိ ဂန္ဓကုဋိကျောင်းဆောင် တစ်ဆောင်၊ ၇၂ ပေပတ်လည်ရှိ မဟာရံအုတ်တံတိုင်းနှင့် အ၀င်မုခ်ဦးတို့ ပါရှိကြောင်း သိရသည်။
ယခုရွှေ့ပြောင်းမည့်နေရာနှင့် မူလနေရာတို့မှာ ကိုက် ၁၅၀၀ ခန့် ကွာဝေးပြီး ကျော်ရွာ၏တောင်ဘက် ပေ ၃၀၀ ခန့်အကွာ ညောင်ပင်ကြီး-ယင်းမာပင် ကားလမ်းဘေး အလျား ၄၀၀ ပေ၊ အနံ ၂၀၀ ပေရှိ မြေနေရာသို့ ပြောင်းရွှေ့မည်ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ၁၃-၁၂-၂၀၁၃ ရက်စွဲပါ အမိန့်ဖြင့် အခွန်လွတ်သာသနာ့မြေဂရမ် ခွင့်ပြုမိန့်ရရှိပြီးဖြစ်ကြောင်းနှင့် ရွှေ့ပြောင်းပြီးပါက သာသနိက အဆောက်အအုံများတွင် မူလအလှူရှင်နှင့် ပြုပြင်မွမ်းမံခဲ့သည် အလှူရှင်များ၏ အမည်ကို ကမ္ပည်းထိုးပြီး ကမ္ဘာတည်နေရာပြစနစ် (GPS) ဖြင့်တိုင်းတာထားပြီး မူလတည်ရှိနေရာ သာသနိကအဆောက်အအုံများ ၏နေရာအမှန်ကိုလည်း ကျောက်စာတွင် ထည့်သွင်းထားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးတစ်ဦးထံမှ သိရသည်။
Eleven Media Group
(လယ်တီဆရာတော်ဘုရားကြီး၏ သိမ်ကျောင်းနှင့် စေတီတော်တို့အား ၂၀၁၃ ခုနှစ်အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ))
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment