လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Saturday, February 8, 2014

|ပြည်သူတင်မြှောက်သော ခေါင်းဆောင်အစိုးရပေါ်ပေါက်ရေး ပုဒ်မ-၅၉(ဃ)/(စ) ဖျက်သိမ်းရေး အလုံတွင်ဆန္ဒထုတ်ဖော်|

Photo: |ပြည်သူတင်မြှောက်သော ခေါင်းဆောင်အစိုးရပေါ်ပေါက်ရေး
ပုဒ်မ-၅၉(ဃ)/(စ) ဖျက်သိမ်းရေး အလုံတွင်ဆန္ဒထုတ်ဖော်|
Friday, February 7, 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအမြန်ဆုံး ပြန်လည်ပြင်ဆင်ရေးနှင့်
ပြည်သူလူထုက ရွေးချယ်တင်မြှောက်သော ခေါင်းဆောင်အစိုးရ
ပေါ်ပေါက်လာရေးကို ဟန့်တားနေ သည့် ပုဒ်မ-၅၉ (ဃ)နှင့် ပုဒ်မ-၅၉ (စ) ဖျက်သိမ်းပေးရေးအတွက် အလုံမြို့နယ်မှ ပြည်သူလူထုများနှင့် ဒီမိုကရေစီအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ စုပေါင်းကာ
ဖေဖော်ဝါရီ ၆ ရက် ညနေ ၃ နာရီက အလုံမြို့နယ်အတွင်း လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ပွဲတွင်အလုံမြို့နယ်မှ ပြည်သူများနှင့်အတူ Generation Youth၊ တောင်သူလယ်သမားကွန်ရက်၊ ဒီမိုကရေစီအင်အားစုစသည့် အဖွဲ့အစည်း အချို့ ပူးပေါင်းပါဝင်ခဲ့ပြီး လူဦးရေ ၂၀၀ ခန့်ပါဝင်သော ဆန္ဒထုတ်ဖော်သူများသည် ပြည်သူတင်မြှောက်သော အစိုးရပေါ်ပေါက်ရေး
၊ပြည်သူလူထုရွေးချယ်သော ခေါင်းဆောင်အစိုးရပေါ်ပေါက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပုဒ်မ-၅၉ (ဃ)၊ ပုဒ်မ-၅၉ (စ) အလိုမရှိစသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ကြွေးကြော်သံများ
ကြွေးကြော်ကာ အောက်ကြည့်မြင်တိုင်လမ်း၊ ကွင်းကျောင်းလမ်း၊ သိပ္ပံ လမ်း၊ ဆင်မင်းလမ်း၊ ငုဝါလမ်း၊ ကမ်းနားလမ်း၊ နှင်းဆီကုန်းလမ်း၊
ဝေဘာဂီလမ်း၊ အလုံကျောင်းလမ်းနှင့် နှင်းဆီလမ်းတစ်လျှောက် လမ်းလျှောက်ဆန္ဒထုတ်ဖော်ပြီး အလုံမြို့နယ် ခန်းမရှေ့၌ ဟောပြောမှု များပြုလုပ်ခဲ့ကြသည်။

' ဖွဲ့စည်းပုံကို ပြင်ဖို့တောင်းဆိုတာက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့
အတွက်သက်သက်ပြင်ဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ ဒီဖွဲ့စည်းပုံက
ပြည်သူတွေမပါဘဲ တစ်ဖက်သတ်ရေးဆွဲထားတဲ့ ဥပဒေဖြစ်လို့ ပြင်ဖို့
တောင်းဆိုနေတာပါ။ ဖွဲ့စည်းပုံကို ထောက်ခံနေတဲ့ သူတွေပြောနေကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ချက်နဲ့ ရေးဆွဲထားတယ်ဆိုတာ မဟုတ်ပါဘူး' ဟု Generation Youth မှ ဆန္ဒထုတ်ဖော်သူများက စံတော်ချိန်သို့
ပြောဆိုသည်။

အလားတူ ၂၀၀၈ ဖွဲ့စည်းပုံသည် စစ်အစိုးရက ရေးဆွဲထားသည့် ဖွဲ့စည်းပုံ ဖြစ်သောကြောင့် လွှတ်တော်အတွင်းသို့ တပ်မတော်သားကိုယ်စား လှယ်များ ရောက်ရှိနေရခြင်းဖြစ်ပြီး တပ်မတော်ဆိုသည်မှာ နိုင်ငံ၏လုံခြုံရေး အတွက်သာ တာဝန်ယူရမည်ဖြစ်သောကြောင့် လွှတ်တော်အတွင်းရှိနေရန် မလိုအပ်ကြောင်း၊ လူထုအတွက် အမှန်တကယ် အလုပ်အကျွေးပြုသည့် လွှတ်တော်ကိုယ်စားလှယ်များသာ လွှတ်တော်အတွင်း ရောက်ရှိနိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရမည်ဖြစ်ကြောင်း ဟောပြောခဲ့ကြသည်။

၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်သူများနှင့် ဒီမိုကရေစီ အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ ပူးပေါင်းဆန္ဒထုတ်ဖော်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်းကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်၌ ပထမအကြိမ်အဖြစ် ပူးပေါင်း
ဆန္ဒထုတ်ဖော်ခဲ့ပြီးဖြစ်သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအမြန်ဆုံး ပြန်လည်ပြင်ဆင်ရေးနှင့်
ပြည်သူလူထုက ရွေးချယ်တင်မြှောက်သော ခေါင်းဆောင်အစိုးရ
ပေါ်ပေါက်လာရေးကို ဟန့်တားနေ သည့် ပုဒ်မ-၅၉ (ဃ)နှင့် ပုဒ်မ-၅၉ (စ) ဖျက်သိမ်းပေးရေးအတွက် အလုံမြို့နယ်မှ ပြည်သူလူထုများနှင့် ဒီမိုကရေစီအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ စုပေါင်းကာ
ဖေဖော်ဝါရီ ၆ ရက် ညနေ ၃ နာရီက အလုံမြို့နယ်အတွင်း လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်ပွဲတွင်အလုံမြို့နယ်မှ ပြည်သူများနှင့်အတူ Generation Youth၊ တောင်သူလယ်သမားကွန်ရက်၊ ဒီမိုကရေစီအင်အားစုစသည့် အဖွဲ့အစည်း အချို့ ပူးပေါင်းပါဝင်ခဲ့ပြီး လူဦးရေ ၂၀၀ ခန့်ပါဝင်သော ဆန္ဒထုတ်ဖော်သူများသည် ပြည်သူတင်မြှောက်သော အစိုးရပေါ်ပေါက်ရေး
၊ပြည်သူလူထုရွေးချယ်သော ခေါင်းဆောင်အစိုးရပေါ်ပေါက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပုဒ်မ-၅၉ (ဃ)၊ ပုဒ်မ-၅၉ (စ) အလိုမရှိစသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ကြွေးကြော်သံများ
ကြွေးကြော်ကာ အောက်ကြည့်မြင်တိုင်လမ်း၊ ကွင်းကျောင်းလမ်း၊ သိပ္ပံ လမ်း၊ ဆင်မင်းလမ်း၊ ငုဝါလမ်း၊ ကမ်းနားလမ်း၊ နှင်းဆီကုန်းလမ်း၊
ဝေဘာဂီလမ်း၊ အလုံကျောင်းလမ်းနှင့် နှင်းဆီလမ်းတစ်လျှောက် လမ်းလျှောက်ဆန္ဒထုတ်ဖော်ပြီး အလုံမြို့နယ် ခန်းမရှေ့၌ ဟောပြောမှု များပြုလုပ်ခဲ့ကြသည်။

' ဖွဲ့စည်းပုံကို ပြင်ဖို့တောင်းဆိုတာက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့
အတွက်သက်သက်ပြင်ဖို့ တောင်းဆိုနေတာ မဟုတ်ပါဘူး။ ဒီဖွဲ့စည်းပုံက
ပြည်သူတွေမပါဘဲ တစ်ဖက်သတ်ရေးဆွဲထားတဲ့ ဥပဒေဖြစ်လို့ ပြင်ဖို့
တောင်းဆိုနေတာပါ။ ဖွဲ့စည်းပုံကို ထောက်ခံနေတဲ့ သူတွေပြောနေကြတဲ့ ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ချက်နဲ့ ရေးဆွဲထားတယ်ဆိုတာ မဟုတ်ပါဘူး' ဟု Generation Youth မှ ဆန္ဒထုတ်ဖော်သူများက စံတော်ချိန်သို့ပြောဆိုသည်။

အလားတူ ၂၀၀၈ ဖွဲ့စည်းပုံသည် စစ်အစိုးရက ရေးဆွဲထားသည့် ဖွဲ့စည်းပုံ ဖြစ်သောကြောင့် လွှတ်တော်အတွင်းသို့ တပ်မတော်သားကိုယ်စား လှယ်များ ရောက်ရှိနေရခြင်းဖြစ်ပြီး တပ်မတော်ဆိုသည်မှာ နိုင်ငံ၏လုံခြုံရေး အတွက်သာ တာဝန်ယူရမည်ဖြစ်သောကြောင့် လွှတ်တော်အတွင်းရှိနေရန် မလိုအပ်ကြောင်း၊ လူထုအတွက် အမှန်တကယ် အလုပ်အကျွေးပြုသည့် လွှတ်တော်ကိုယ်စားလှယ်များသာ လွှတ်တော်အတွင်း ရောက်ရှိနိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရမည်ဖြစ်ကြောင်း ဟောပြောခဲ့ကြသည်။

၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်သူများနှင့် ဒီမိုကရေစီ အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ ပူးပေါင်းဆန္ဒထုတ်ဖော်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်းကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်၌ ပထမအကြိမ်အဖြစ် ပူးပေါင်း
ဆန္ဒထုတ်ဖော်ခဲ့ပြီးဖြစ်သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..