လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Thursday, February 6, 2014

ပိုင်ရှင်မဟုတ်လျှင် ပစ်၍မရနိုင်သည့် စမတ်သေနတ်

Photo
သေနတ်ထဲတွင် ရေဒီယိုလှိုင်း ထုတ်လွှင့်သည့် စနစ်တစ်ခု တပ်ဆင်ထားပြီး ကိုင်ဆောင်သူသည် မူလပိုင်ရှင် ဟုတ်မဟုတ် အဖြေရှာ ထောက်လှမ်းနိုင်မည် ဖြစ်သည်။
James Bond ဇာတ်ကားများထဲမှ စိတ်ကူးယဉ် ကိရိယာ တစ်ခုသဖွယ် ဖြစ်နေသော စမတ် ပစ္စတို သေနတ်တစ်မျိုးကို အမေရိကန် ကုမ္ပဏီ တစ်ခုက တီထွင်နေကြောင်း သိရသည်။ အဆိုပါ သေနတ်၏ အမည်ကို Smart System Gunဟု အမည်ပေးထားပြီး Armatixက တီထွင်နေခြင်း ဖြစ်သည်။ ထူးခြားမှုမှာ ယင်းသေနတ်ကို ပိုင်ရှင်မှလွဲ၍ မည်သူမျှ ပစ်ခတ်၍ မရနိုင်ခြင်း ဖြစ်သည်။ သေနတ်ထဲတွင် ရေဒီယိုလှိုင်း ထုတ်လွှင့်သည့် စနစ်တစ်ခု တပ်ဆင်ထားပြီး ကိုင်ဆောင်သူသည် မူလပိုင်ရှင် ဟုတ်မဟုတ် အဖြေရှာ ထောက်လှမ်းနိုင်မည် ဖြစ်သည်။

ထို့ကြောင့် သေနတ်ကို အခြားသူ တစ်ဦးဦးက ရရှိထားသည့်တိုင် ပစ်ခတ်နိုင်မည် မဟုတ်ချေ။ Smart Tech Challanges ဖောင်ဒေးရှင်း၏ ဒေါ်လာ(၁)သန်းတန် စိန်ခေါ်ပွဲ အစီအစဉ်အတွက် ယင်းသေနတ်ကို ကုမ္ပဏီက ဖန်တီး တီထွင်ခဲ့ခြင်း ဖြစ်သည်။ (၂၀၁၂)ခုနှစ်က Sandy Hook မူလတန်းကျောင်းတွင် ဖြစ်ပွားသည့် လူ(၂၈)ဦး သေဆုံးသော ပစ်ခတ်မှုဖြစ်စဉ် အပြီး၌ အဆိုပါ ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ယခုတီထွင်ထားသော သေနတ်ကို ကိုင်ဆောင်သူသည် လက်ပတ်နာရီ တစ်လုံးကို ပတ်ထားရန်မူ လိုအပ်မည် ဖြစ်သည်။ သေနတ်၏ အလုပ်လုပ်ပုံမှာ အလွန်ရိုးရှင်းပြီး အဆိုပါ လက်ပတ်နာရီကို ပတ်မထားပါက မည်သူမျှ သေနတ်မောင်းကို ဆွဲနိုင်မည် မဟုတ်ချေ။ "ပြောရရင်တော့ ဒီနေ့ခေတ် လူနေမှုဘဝမှာ အကြီးကျယ်ဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်လာတဲ့ ရမ်းကားပစ်ခတ်မှုတွေကို နည်းပညာနဲ့ အဖြေရှာ တုံ့ပြန်မှုပါပဲ"ဟု Armatixပိုင်ရှင် ဘီလျံနာသူဌေးကြီး ရွန်ကွန်ဝေးက ပြောကြားခဲ့သည်။

Armatix၏ သေနတ်သည် ၎င်းနှင့် သီးခြားတွယ်ဆက်မည့် လက်ပတ်နာရီ မရှိဘဲ လုံးဝ အလုပ်လုပ်နိုင်မည် မဟုတ်ချေ။ လတ်တလောတွင် ကိုယ်ပိုင်သေနတ်ကို လက်ဗွေဖတ်ပြီးမှ အသုံးပြုနိုင်မည့် စနစ်တစ်ခုကိုလည်း ကာမန်လိုဘစ် အမည်ရှိ ပညာရှင် တစ်ဦးက တီထွင်လျှက်ရှိသည်။ လိုဘစ်သည် Sandy Hook ပစ်ခတ်မှုတွင် သေဆုံးသွားသည့် ဘင်ဂျမင်ဝှီလာ၏ အဖိုးလည်းဖြစ်သည်။ ကွန်ဝေးကမူ မိမိသည် သေနတ်အသုံးပြုမှု လုံခြုံရေး စံသတ်မှတ်ချက်မှု နယ်ပယ်၏ မာ့ခ်ဇက်ကာဘာ့ဂ်နှင့် လယ်ရီပေ့ဂ်ျတို့ ဖြစ်လိုကြောင်း ပြောဆိုထားသည်။

Planet Myanmar Network
 
Photo

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..