လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Sunday, February 2, 2014

ကောင်းကင်ကျွမ်းဘား ပြုလုပ်ရာမှာ လေထီးမပွင့်ဘဲ အမြင့်ပေ ၃၀၀၀ ကျော်က ပြုတ်ကျခဲ့သူ မိန်းကလေး

Photo: ကောင်းကင်ကျွမ်းဘား ပြုလုပ်ရာမှာ လေထီးမပွင့်ဘဲ အမြင့်ပေ ၃၀၀၀ ကျော်က ပြုတ်ကျခဲ့သူ မိန်းကလေး
Sunday, Frbruary 2, 2014

ကောင်းကင်ကျွမ်းဘားဝါသနာပါသူ အသက် ၁၆ နှစ်အရွယ် မိန်းကလေးဟာ အုတ်ကလာဟိုးမားပြည်နယ် မှာ Skydiving (လေယာဉ်ပေါ်ကခုန်ချ၍
လေထီးမပွင့်ခင် လေထဲတွင် ကျွမ်းဘားအတတ်ပြသမှု ) ပြုလုပ်ရာမှာ မတော်တဆမှုဖြစ်ပွားပြီး အမြင့်ပေ ၃၀၀၀ ကျော်ကပြုတ်ကျခဲ့ပါတယ်။

Makenzie Wethington ဟာ အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ပေမယ့် များပြားလှတဲ့ ဒဏ်ရာဒဏ်ချက်တွေ ၊ အသည်းထိခိုက်မှု အပြင် နံရိုးတွေ၊တင်ပဆုံရိုး၊ ပခုံးရိုးတွေ ကျိုးသွားခဲ့တယ်လို့  ခွဲစိတ်ဆရာဝန် Jeffery Bender က ပြောကြားခဲ့ပါတယ်။

“ကျွန်တော်လည်း အဲ့ဒီနေရာမှာ ရှိမနေတဲ့အတွက် ဒီမတော်တဆမှု ဘယ်လိုဖြစ်သွားတယ်ဆိုတဲ့ အသေးစိတ်ကို ကျွန်တော်မသိရပါဘူး။ ဒါပေမယ့် သူမသာ ဒီလောက်မြင့်တဲ့ ပေ ၃၀၀၀ ကျော်က ပြုတ်ကျခဲ့တာ မှန်ရင် သူမဘယ်လို အသက်ရှင်ခဲ့လဲ ဆိုတာ ကျွန်တော် မစဉ်းစား
တတ်သလောက်ပါပဲ” လို့  ခွဲစိတ်ဆရာဝန်က ပြောကြားသွားပါတယ်။

သူမ ဒီလို ကောင်းကင်ကျွမ်းဘားအတတ် ပြုလုပ်ဖို့ သူမမိဘတွေ
ကိုယ်တိုင်က ခွင့်ပြုခဲ့ပေမယ့် အခုအခါမှာတော့ ကောင်းကင်ကျွမ်းဘားပြု
လုပ်ပေးတဲ့ ကုမ္ပဏီဟာ ခွင့်မပြုသင့်ခဲ့ဘူးလို့ ပြောကြားလာပါတယ်။

အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးတစ်ယောက်ကို ကောင်းကင်
ကျွမ်းဘားပြုလုပ်ဖို့ ခွင့်ပြုခဲ့တဲ့ ကုမ္ပဏီ အနေနဲ့ တရားရင်ဆိုင်သွားရဖို့ ရှိပြီး ကုမ္ပဏီဒါရိုက်တာ Robert Swainson ကတော့ သူမခုန်ဆင်းပြီးခဲ့တဲ့ အချိန်မှာ လေထီးပွင့်ခဲ့ပါတယ်လို့  ထွက်ဆိုထားပါတယ်။

ဒီလို ကောင်းကင်ကျွမ်းဘားအတတ် စမ်းချင်တဲ့လူတွေဟာ ဒီလိုလေယာဉ်ပေါ်ကခုန်ချပြီး အမှန်တကယ် မပြုလုပ်ရခင် အစမ်းလေ့ကျင့်သင်ကြားမှုတွေကို ခြောက်နာရီ ကနေ ခုနှစ်နာရီ လောက်ထိ သင်ကြားရတယ်လို့ သိရပါတယ်။

Ref: express.co.uk
Trend Myanmar
ကောင်းကင်ကျွမ်းဘားဝါသနာပါသူ အသက် ၁၆ နှစ်အရွယ် မိန်းကလေးဟာ အုတ်ကလာဟိုးမားပြည်နယ် မှာ Skydiving (လေယာဉ်ပေါ်ကခုန်ချ၍လေထီးမပွင့်ခင် လေထဲတွင် ကျွမ်းဘားအတတ်ပြသမှု ) ပြုလုပ်ရာမှာ မတော်တဆမှုဖြစ်ပွားပြီး အမြင့်ပေ ၃၀၀၀ ကျော်ကပြုတ်ကျခဲ့ပါတယ်။
Makenzie Wethington ဟာ အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ပေမယ့် များပြားလှတဲ့ ဒဏ်ရာဒဏ်ချက်တွေ ၊ အသည်းထိခိုက်မှု အပြင် နံရိုးတွေ၊တင်ပဆုံရိုး၊ ပခုံးရိုးတွေ ကျိုးသွားခဲ့တယ်လို့  ခွဲစိတ်ဆရာဝန် Jeffery Bender က ပြောကြားခဲ့ပါတယ်။
“ကျွန်တော်လည်း အဲ့ဒီနေရာမှာ ရှိမနေတဲ့အတွက် ဒီမတော်တဆမှု ဘယ်လိုဖြစ်သွားတယ်ဆိုတဲ့ အသေးစိတ်ကို ကျွန်တော်မသိရပါဘူး။ ဒါပေမယ့် သူမသာ ဒီလောက်မြင့်တဲ့ ပေ ၃၀၀၀ ကျော်က ပြုတ်ကျခဲ့တာ မှန်ရင် သူမဘယ်လို အသက်ရှင်ခဲ့လဲ ဆိုတာ ကျွန်တော် မစဉ်းစား
တတ်သလောက်ပါပဲ” လို့  ခွဲစိတ်ဆရာဝန်က ပြောကြားသွားပါတယ်။

သူမ ဒီလို ကောင်းကင်ကျွမ်းဘားအတတ် ပြုလုပ်ဖို့ သူမမိဘတွေ
ကိုယ်တိုင်က ခွင့်ပြုခဲ့ပေမယ့် အခုအခါမှာတော့ ကောင်းကင်ကျွမ်းဘားပြု
လုပ်ပေးတဲ့ ကုမ္ပဏီဟာ ခွင့်မပြုသင့်ခဲ့ဘူးလို့ ပြောကြားလာပါတယ်။

အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးတစ်ယောက်ကို ကောင်းကင်
ကျွမ်းဘားပြုလုပ်ဖို့ ခွင့်ပြုခဲ့တဲ့ ကုမ္ပဏီ အနေနဲ့ တရားရင်ဆိုင်သွားရဖို့ ရှိပြီး ကုမ္ပဏီဒါရိုက်တာ Robert Swainson ကတော့ သူမခုန်ဆင်းပြီးခဲ့တဲ့ အချိန်မှာ လေထီးပွင့်ခဲ့ပါတယ်လို့  ထွက်ဆိုထားပါတယ်။

ဒီလို ကောင်းကင်ကျွမ်းဘားအတတ် စမ်းချင်တဲ့လူတွေဟာ ဒီလိုလေယာဉ်ပေါ်ကခုန်ချပြီး အမှန်တကယ် မပြုလုပ်ရခင် အစမ်းလေ့ကျင့်သင်ကြားမှုတွေကို ခြောက်နာရီ ကနေ ခုနှစ်နာရီ လောက်ထိ သင်ကြားရတယ်လို့ သိရပါတယ်။

Ref: express.co.uk
Trend Myanmar

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..