
“ ဆရာစံဂဠုန် ”ကို သူပုန်လို့ ဆုံးဖြတ် “ကြိုး” ပေးလို့ သတ်လိုက်ရဲ့ အင်္ဂလိပ်နယ်ချဲ့က “ဆရာစံဂဠုန်ကြီး” မြေတုန်ဟည်းတဲ့ သတ္တိ တို့အသိတော့ “ နယ်ချဲ့ဆန့်ကျင်ရေး” မွေးဖွားပေးတဲ့ ခေါင်းဆောင် တော်လှန်ရေးရဲ့ “ ဦးသျှောင်”။ “ နန်းတွင်းအရေးတော်ပုံက အစ” အမှောင်ကျခဲ့တဲ့ ရာဇဝင်မှာ သမိုင်းတွင်မည့် တော်လှန်ရေးသမားများ မွေးဖွားခဲ့တဲ့စာရင်း ပြန်ကြည့်ကြ “ ပုဂံက ဗိုလ်ချို” “ ဝန်းသိုမှာ ဦးအောင်မြတ်” “ကချင်တပ်က ဗိုလ်ဖိုးစော” “ ကယား တစ်ကြောမှာ စောလဖော်” “ တောင်တွင်းမှာနော် ဗိုလ်မင်းရောင်” “ချင်းတောင်က
ဗိုလ်ဆွန်ပတ်” “ရဟန်းများ” ဘက်က “ ဦးဥတ္တမ”နဲ့ “ဦးဝိစာရ”အရှင် “သခင်ဖိုးလှကြီး” က အလုပ်သမား ကျောင်းသားများက “ အောင်ကျော်” နဲ့ “ဗဟိန်း”၊“ဗဆွေ” တို့အလယ် “ အောင်ဆန်း”က ငယ်ပေမယ့် ထိပ်ဆုံး “ နယ်ချဲ့” ကိုသိမ်းကျုံးလို့ တော်လှန်ရေး မိုးသို့ချုန်းခဲ့တာ ကမ္ဘာက အသိ။ “ မြင်းခွာတစ်ချက်ပေါက်ရင်” “မီးဟုန်းဟုန်းတောက်ရမယ်” “သပိတ်-သပိတ်-မှောက်-မှောက်” “မီးတုတ် မီးတုတ်၊ ရှို့. ရှို့” “ သခင်မျိုးဟေ့ ဒို့ဗမာ ” “ ဖိရင်ကြွ၊ ထိရင်ချ ” “ ဘယ်အသင်းမှ မမှုဘူး ” နယ်ချဲ့ကျော်ကျူး “စစ်ဦးကိုလိုနီက” သိက္ခာချ ကမ္ဗည်းထိုးတယ် ဂျပိုး သူခိုးတွေတဲ့ လူဆိုး ဓားပြတွေတဲ့ သူပုန် သူကန်တွေတဲ့ မှန်ရဲ့လား အရပ်ကတို့ ပြည်သူတို့ ဆုံးဖြတ်တက်ဖို့လိုတယ်။ ကမ္ဘာတစ်လွှား မြန်မာများအပါအဝင် စာအုပ်စင်ထဲပြန်ရှာ စာမျက်နှာများစွာမှာ ကာလတစ်ခုက သူပုန်အဖြစ် သတ်မှတ်အပြစ်ပေးခံရသူတွေ ဘယ်လူနဲ့မှမတူတဲ့ တစ်မူထူးခြား “မဟာသူရဲကောင်း”များအဖြစ် ဒီကနေ့ခေတ်မှာ ပြည်သူတွေ ချစ်နေတယ်။ ဒီကနေ့ “ဆရာစံ ဂဠုန်” သူပုန်မဟုတ်တော့ ကျုပ်တို့၊ ခင်ဗျားတို့ချစ်တဲ့ သူရဲကောင်းစစ်စစ်ဖြစ်သွားပြီ။ “အမှန်တရား” “ဓား” မိုယုံနဲ့ မဖြတ်ဘူး “သွား” ကျိုးရုံနဲ့ မဖျက်ဘူး “ညစ်ဖူး” တဲ့ သူတွေ သိလိမ့်မယ် “စစ်ရူး” ဖက်ဆစ်တွေ သိလိမ့်မယ်။ “ဆရာစံ” ဆိုတာ၊ အခု အင်္ဂလိပ်နယ်ချဲ့၊ “လူတစ်စု”အတွက်“သူပုန်” မြန်မာပြည်“လူထု”အတွက် “ဂဠုန်သူရဲကောင်း” သမိုင်းကြောင်းက ပြောနေတယ်။။ ။ အဖိနှိပ်ခံ၊ မတရားအသိမ်းခံ၊ အိမ်ခြံမြေနှင့် လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် နည်းမျိုးစုံနှင့် တိုက်ပွဲဝင်နေဆဲဖြစ်သော ပြည်သူပြည်သား၊ လယ်သမားများနှင့် သမိုင်းအဆက်ဆက် ပြည်သူ့တော်လှန်ရေးများတွင် တိုက်ပွဲဝင်ခဲ့ကြသော “ အာဇာနည်အပေါင်း” အား “ အလံနီ” ပြုလျှက်................
တောင်ငူလူမော်
သူရိယနေဝန်း မှ
No comments:
Post a Comment