လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Wednesday, February 26, 2014

မတည်ငြိမ်တဲ့ ဘန်ကောက်မြို့မှာ နေရတဲ့ မြန်မာ အလုပ်သမားတွေ စိုးရိမ်

ဘန်ကောက်မြို့က ဆန္ဒပြ သပိတ်စခန်းမှာ ဗုံးပေါက်တာ သေနတ်နဲ့ ပစ်တာတွေကြောင့် မြန်မာ အလုပ်သမား တချို့ စိုးရိမ်စိတ်နဲ့ အလုပ်လုပ် နေရသလို အလုပ်ပိတ်လို့ ဝင်ငွေ ထိခိုက်သူတွေလည်း ရှိလာနေပြီ ဖြစ်ပါတယ်။
ဘန်ကောက်မြို့က မာဘွန်းခရောင်း ကုန်တိုက် တို့ စဲန်ထရယ်ဝေါလ် နဲ့ ဘစ်စီ ကုန်တိုက်၊ စီယမ် ပါရကောန် ကုန်တိုက်တို့ဟာ ဈေးဝယ်သူတွေ အသွား အလာများတဲ့ ကုန်တိုက်ကြီးတွေ ဖြစ်ပါတယ်။
အနီးအနားမှာလည်း စားသောက်ဆိုင်ကြီးတွေ ဟိုတည်တွေ အများအပြားရှိတဲ့ နေရာတွေလည်း ဖြစ်ပါတယ်။
မြန်မာ အလုပ်သမား အတော်များများကလည်း ကုန်တိုက်တွေမှာ အလုပ်လုပ်ကြတာ ဖြစ်ပါတယ်။
အဲဒီလို လူစည်ကားတဲ့ နေရာတွေမှာ သပိတ် စခန်းဖွင့်ပြီး ဆန္ဒပြနေလို့ လူသွားလူလာ နည်းသလို ဗုံးပေါက်တာ သေနတ်နဲ့ ပစ်တာကြောင့် ရတ်ခ်ျပစုမ်က ဘစ်စီ ကုန်တိုက်ကြီး ကလည်း

ပိတ်ထား လိုက်ပြီပါတယ်။

မြန်မာ အလုပ်သမား တချို့လည်း ဝင်ငွေ ရိုက်ခတ်မှုတွေ ဖြစ်လာနေပြီလို့ ရတ်ခ်ျပစုံ အရပ်က ဒရာကောန် ပင်လယ်အစားအစာ အရောင်းဆိုင်က မန်နေဂျာ အကြည်က ရှင်းပြခဲ့ပါတယ်။

ဘန်ကောက် ဆန္ဒပြပွဲပစ်ခတ်မှုကြောင့် သပိတ်စခန်း အနီးအနားမှာ ကုန်ပစ္စည်းပို့နေတဲ့ မြန်မာ အလုပ်သမားတစ်ယောက် ဒဏ်ရာရခဲ့ဘူးပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..