လူတိုင်းသည်သတင်းစာဖတ်သင့် သည်သတင်းစာဖတ်မှနိုင်ငံရေး-ဘာသာရေး-စီးပွားရေး-လူမူ့ ရေး-ကျန်းမာရေး-အသိပညာ-အတတ်ပညာတိုးပွားလာမည်--mailလိပ်စာ exitzone1@gmail.com ဖြင့် လာရောက်အဆွေခင်ပွန်းဖွဲ့ နိုင်ပါသည်..ကနောင်သားလေးဘာမထီဇင်အောင်မှ လာရောက် လေ့လာသော သူငယ်ချင်း မိတ်ဆွေများကို အစဉ် ရိုသေလေးစားနေရင်း အားလုံးကို မင်္ဂလာပါခင်ဗျာ .

Friday, February 21, 2014

ဆန္ဒပြရန် ထိုင်းလယ်သမား ၂၀၀၀ ကျော် ဘန်ကောက်ကို ချီတက်


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ တကျော့ပြန် အရှိန်မြင့်တက်နေတဲ့ အချိန်မှာပဲ ရာနဲ့ချီတဲ့ လယ်သမားတွေဟာ အစိုးရကို ဆန္ဒပြဖို့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ မြို့တော်ဆီကို ချီတက်နေကြပါတယ်။

အစိုးရက စပါးဖိုးငွေကို ပေးချေဖို့ လနဲ့ချီ ပျက်ကွက်နေတာကို ဆန္ဒပြဖို့အတွက် ထိုင်းနိုင်ငံ အလယ်ပိုင်းဒေသကနေ လယ်သမား ၂ ထောင်ကျော်ဟာ လယ်ယာသုံးယာဉ်တွေနဲ့ ချီတက်နေတာပါ။
လယ်သမားတွေဟာ စားစရာတွေနဲ့ တခြားလိုအပ်တာတွေကို လယ်ထွန်စက်တွေပေါ်မှာ တင်ပြီး ချီတက်လာကြတာ ဖြစ်ပါတယ်။
ဒီနေ့ညနေပိုင်း၊ ဒါမှမဟုတ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ မနက်စောစောပိုင်းမှာ ဘန်ကောက်မြို့ကို ရောက်ဖို့ ရှိပါတယ်။
ဈေးကွက်ပေါက်ဈေးထက် ပိုပေးတဲ့ အစိုးရ စပါးဝယ်ယူရေးအစီအစဉ်ဟာ ပြည်သူ့ အခွန်ငွေ သုံးပြီး လယ်သမားတွေကို နိုင်ငံရေးအရ မဲဆွယ်စည်းရုံးတဲ့ အစီအစဉ်လို့ စွပ်စွဲမှုတွေ တဖက်မှာ ရှိနေပမယ့် ၀န်ကြီးချုပ် ယင်းလပ်ကတော့ လယ်သမားတွေ ၀င်ငွေတိုးဖို့ အစီအစဉ်ဟာ အောင်မြင်မှု ရခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ည မိန့်ခွန်းမှာ ချေပခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ရှေ့တပတ်ကျရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ထိုင်းဝန်ကြီးချုပ် ယင်းလပ်က ဖြေရှင်းချက်ပေးရဖို့ ရှိပါတယ်။

လယ်သမားတွေဟာ မနှစ် နိုဝင်ဘာလကတည်းက စပါးဖိုးငွေကို စောင့်ဆိုင်းနေကြတာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့တုန်းကလည်း လယ်သမားအဖွဲ့တဖွဲ့ဟာ အစိုးရ ယာယီရုံးနားမှာ ၀ိုင်းရံပြီး ၀န်ကြီးချုပ်နဲ့ တွေ့ဆုံခွင့် တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

By ဒီဗွီဘီ

No comments:

Post a Comment

1.9.2012 မှ စ၍မှတ်တမ်းတင်ထားပါသည်။

free counters..