အသက် ၃၀ အရွယ် Anthony Delaney ဆိုသူဟာ အင်္ဂလန်နိုင်ငံ၊ ဂရိတ်မန်ချက်စတာကောင်တီ၊ Ashton-under-Lyne မြို့ လမ်းပေါ်မှာ ဒဏ်ရာနဲ့ လဲလျောင်းနေတဲ့ ကြောင်တစ်ကောင်ကို သေတဲ့အထိ ကန်ပစ်ခဲ့လို့  ထောင်ဒဏ် ၁၈ ပတ် ကျခံခဲ့ရပါတယ်။ အနက်နဲ့ အဖြူကြား ကြောင်ထီးတစ်ကောင်ဟာ ကားတစ်စင်နဲ့  တိုက်မိပြီး ဒဏ်ရာရကာ လမ်းမပေါ်မှာ လဲလျောင်းနေတာကို စစ်သားဟောင်းတစ်ယောက်ဖြစ်တဲ့ အန်တိုနီက လေထဲလွင့်သွားအောင် အားနဲ့ ကန်ပစ်ခဲ့တာပါ။
ဒီဖြစ်ရပ်ဖြစ်ပွားချိန်မှာ အန်တိုနီနဲ့ သူငယ်ချင်းတစ်စုဟာ အရက်သေစာသောက်စားမူးယစ်နေကြတယ်လို့  စစ်ဆေးသိရှိရပြီး အန်တိုနီကန်လိုက်ပြီး မကြာမီမှာပဲ ကြောင်ဟာ သေဆုံးသွားခဲ့တယ်လို့  ဆေးမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ CCTV မှတ်တမ်းတွေအရ အန်တိုနီဟာ ကြောင်ကို ပထမတစ်ခါ
လေထဲလွင့်အောင် ကန်ခဲ့ရုံမက ဒုတိယအကြိမ်ပါ နံရံဘက်ဆီလွင့်သွားအောင် ကန်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။
ပိုင်ရှင်မသိရတဲ့ ကြောင်ထီးလေးဟာ ကားနဲ့ တိုက်မိလို့ ရတဲ့ ဒဏ်ရာတွေအပြင် အန်တိုနီကန်လိုက်တဲ့ ဒဏ်ချက်တွေကြောင့် နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီသတင်းကို အကြောင်းကြားသူကတော့ မိန်းကလေးအုပ်စုတစ်စု ဖြစ်ပြီး အန်တိုနီတို့ သူငယ်ချင်းအုပ်စုကို မကန်ဖို့  တားမြစ်နေတဲ့ကြားထဲက သူတို့ ကိုအော်ငေါက်မောင်းထုတ်ပြီး ကြောင်ကို ကန်ထုတ်ပစ်ခဲ့တယ်လို့  ပြောကြားထားပါတယ်။
ကလေးနှစ်ယောက်ဖခင် အန်တိုနီကို တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှုနဲ့ စွဲချက်တင်ခဲ့ပြီး အမှုစစ်ဆေးခဲ့ကာ ထောင်ဒဏ် ၁၈ ပတ် ချမှတ်ခဲ့တာဖြစ်ပါတယ်။ ပထမတော့ အန်တိုနီဟာ ကြောင်ကို ခံစားနေရတဲ့ ဝေဒနာက လွတ်အောင် အဆုံးသတ်ပေးခဲ့တာဖြစ်တယ်လို့ ငြင်းဆိုခဲ့ပေမယ့် တရားရုံးမှာ ကြားနာတဲ့အချိန်မှာ သူ့ ရဲ့ အပြစ်ကို ၀န်ခံခဲ့ပါတယ်။
Ref: metro
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment