၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်
ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၂၄/၁-၂)ကြားတွင်
ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ဘောနတ်ကြီး အမြန်လမ်းရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊
ဆပ်ချောင်းကျေးရွာနေ မောင်ချို(၃၂)နှစ်မောင်းနှင်ပြီးမင်းကုန်းကျေးရွာနေ
ဒေါ်ဌေး(၅၂)နှစ်လိုက်ပါလာသည့် ၃၀ယ/xxxxx ဟွန်ဒါနက်ပြာရောင်ဆိုင်ကယ်အား
မောင်းနှင်လာစဉ် ဒေါ်ဌေး၏ထမီစနှင့် ဆိုင်ကယ်ချိန်းကြိုးညပ်ပြီး ဒေါ်ဌေးမှာ
လမ်းပေါ်သို့ပြုတ်ကျသွားသည်။
ထိုသို့ပြုတ်ကျမှုကြောင့် ဒေါ်ဌေးတွင် ၀ဲ/ယာနားထင် ဖူးရောင်၊
ယာနား/နှာခေါင်းသွေးထွက်ဒဏ်ရာများရရှိပြီး သတိလစ်သွားသဖြင့်
ပဲခူးဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားရာ ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ
မောင်ချိုအား ဘောနတ်ကြီး အမြန်လမ်းရဲစခန်းယာဉ်(ပ)၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က
ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
Pages
Labels
- 18+
- Android ဖုန်းနည်ပညာများ
- Android ဖုန်းမြန်မာဖောင့်
- Movie များ
- NLD သတင်းများ
- ကာယဗလသမားများအတွက်
- ကျန်းမာရေး
- ထူးဆန်းထွေလာများ
- နည်းပညာအသစ်သတင်းများ
- ဖုန်းသုံးသူများအတွက်သတင်းကောင်းများ
- ဗဟုသုတ
- မိုးလေ၀သ
- သတင်းကောင်းများ
- ဟာသ
- အစားအသောက်ပြုလုပ်နည်းများ
- အားကစားသတင်းများ
- အနုပညာရှင်များသတင်း
- ဆောင်းပါးများ
- ဗေဒင်
- ပြည်တွင်းသတင်းများ
- ပြည်ပရောက်မြန်မာများသတင်း
- ဖြစ်ရပ်မှန်နှင့်ဟာသ VIDEO
- နိုင်ငံခြားသတင်းများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment